International News

တပ္မေတာ္အေနျဖင့္ အာဏာစြန႔္လႊတ္ရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေတာင္းဆို

တပ်မတော်အနေဖြင့် အာဏာစွန့်လွှတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတောင်းဆို

တပ်မတော်အနေနဲ့ အာဏာကိုစွန့်လွှတ်ပြီး ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို

အာဏာပြန်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးနဲ့ လူမှုကွန်ရက်မီဒီယာအပေါ်

ကန့်သတ်ထားမှုတွေကို ဖယ်ရှားပေးဖို့၊ ပြည်သူတွေအပေါ် အကြမ်းဖက်ခြင်းမှ ရှောင်ရှားဖို့လည်း

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါအဝင်

တပ်မတော်ထိပ်တန်းခေါင်းဆောင် ၁၀ ယောက်နဲ့ တပ်မတော်နဲ့ ဆက်နွှယ်တဲ့

ကုမ္ပဏီလုပ်ငန်းသုံးခုကိုလည်း အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။

ဒါဟာ လက်ရှိနဲ့ အရင်တပ်မတော်အရာရှိတွေကို ပစ်မှတ်ထားအရေးယူတာဖြစ်ပြီး မြန်မာပြည်သူလူထု

သို့မဟုတ် ပြည်သူလူထုရဲ့ စီပွားရေးကို ပစ်မှတ်ထားတာ မဟုတ်ကြောင်း မြန်မာပြည်သူလူထုရဲ့

လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲမဖြစ်ပေါ်စေဖို့ အသေအချာပြည်လည်

သုံးသပ်ဆောင်ရွက်ခဲ့ကြောင်းလည်း နိုငငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်စဉ်ဟာ အာဏာသိမ်းမှုတစ်ရပ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိပြီးဖြစ်လို့

အမေရိကန်အနေနဲ့ ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ကြောင်းနဲ့ အာဏာသိမ်းမှုဟာ နိုဝင်ဘာ

၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြသခဲ့ကြတဲ့ မြန်မာနိုင်ငံသားတို့ရဲ့ ဆန္ဒကိုငြင်းပယ်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်ရဲ့လုပ်ရပ်တွေကို ကမ္ဘာအနှံ့ရှိ မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်တွေနဲ့အတူ ကန့်ကွက်ရှုတ်ချပြီး

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေ၊ လုပ်ငန်းခွင်မသွားဘဲသပိတ်မှောက်နေတဲ့ ဝန်ထမ်းတွေနဲ့အတူ

အမေရိကန်ပြည်ထောင်စုက ရပ်တည်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံ တဝန်းမှာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထူဆနန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်

ဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်း စစ်အစိုးရက ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးမှုတွေလည်း ပိုမိုပြုလုပ်လာနေပါတယ်။

Photo-State Department

zawgyi

တပ္မေတာ္အေနျဖင့္ အာဏာစြန႔္လႊတ္ရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေတာင္းဆို

တပ္မေတာ္အေနနဲ႔ အာဏာကိုစြန႔္လႊတ္ၿပီး ျပည္သူလူထု ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရကို

အာဏာျပန္ေပးဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကင္က တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

မတရားဖမ္းဆီးထိန္းသိမ္းထားသူအားလုံးကို ျပန္လႊတ္ေပးဖို႔၊ ဆက္သြယ္ေရးနဲ႔ လူမႈကြန္ရက္မီဒီယာအေပၚ

ကန႔္သတ္ထားမႈေတြကို ဖယ္ရွားေပးဖို႔၊ ျပည္သူေတြအေပၚ အၾကမ္းဖက္ျခင္းမွ ေရွာင္ရွားဖို႔လည္း

ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ တိုက္တြန္းလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းမႈကိုဦးေဆာင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ပါအဝင္

တပ္မေတာ္ထိပ္တန္းေခါင္းေဆာင္ ၁၀ ေယာက္နဲ႔ တပ္မေတာ္နဲ႔ ဆက္ႏႊယ္တဲ့

ကုမၸဏီလုပ္ငန္းသုံးခုကိုလည္း အေမရိကန္အစိုးရက ဒဏ္ခတ္ပိတ္ဆို႔ အေရးယူထားပါတယ္။

ဒါဟာ လက္ရွိနဲ႔ အရင္တပ္မေတာ္အရာရွိေတြကို ပစ္မွတ္ထားအေရးယူတာျဖစ္ၿပီး ျမန္မာျပည္သူလူထု

သို႔မဟုတ္ ျပည္သူလူထုရဲ႕ စီပြားေရးကို ပစ္မွတ္ထားတာ မဟုတ္ေၾကာင္း ျမန္မာျပည္သူလူထုရဲ႕

လူသားခ်င္းစာနာမႈဆိုင္ရာ အခက္အခဲမျဖစ္ေပၚေစဖို႔ အေသအခ်ာျပည္လည္

သုံးသပ္ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း ႏိုငငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ျဖစ္စဥ္ဟာ အာဏာသိမ္းမႈတစ္ရပ္ျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္းသိၿပီးျဖစ္လို႔

အေမရိကန္အေနနဲ႔ ဒီအတိုင္းထိုင္ၾကည့္ေနမွာ မဟုတ္ေၾကာင္းနဲ႔ အာဏာသိမ္းမႈဟာ ႏိုဝင္ဘာ

၂၀၂၀ ေ႐ြးေကာက္ပြဲအတြင္း ျပသခဲ့ၾကတဲ့ ျမန္မာႏိုင္ငံသားတို႔ရဲ႕ ဆႏၵကိုျငင္းပယ္ဖို႔ ႀကိဳးပမ္းမႈျဖစ္တယ္လို႔ ဆိုပါတယ္။

တပ္မေတာ္ရဲ႕လုပ္ရပ္ေတြကို ကမာၻအႏွံ႔ရွိ မိတ္ဖက္ႏိုင္ငံေတြ၊ မဟာမိတ္ေတြနဲ႔အတူ ကန႔္ကြက္ရႈတ္ခ်ၿပီး

ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ျပည္သူေတြ၊ လုပ္ငန္းခြင္မသြားဘဲသပိတ္ေမွာက္ေနတဲ့ ဝန္ထမ္းေတြနဲ႔အတူ

အေမရိကန္ျပည္ေထာင္စုက ရပ္တည္တယ္လို႔လည္း ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံ တဝန္းမွာ စစ္အစိုးရကို ဆန႔္က်င္ကန႔္ကြက္တဲ့ လူထူဆနႏၵျပပြဲေတြ အရွိန္အဟုန္ျမင့္

ဆက္လက္ျဖစ္ပြားေနၿပီး အာဏာသိမ္း စစ္အစိုးရက ဆႏၵျပျပည္သူေတြကို ဖမ္းဆီးမႈေတြလည္း ပိုမိုျပဳလုပ္လာေနပါတယ္။

Photo-State Department