စစ်ဘက် အရာရှိကြီး ၁၀ ဦးနဲ့ လုပ်ငန်းကြီး ၃ ခုကို အမေရိကန် အရေးယူ ပိတ်ဆို့
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို အဓိက ဦးဆောင်ခဲ့တဲ့ စစ်ဘက် အရာရှိကြီး ၁၀ ဦးနဲ့
ဆက်စပ် လုပ်ငန်းကြီး ၃ ခုကို အရေးယူ ပိတ်ဆို့ကြောင်း အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တပ်မတော် ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ အရေးယူ
ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားပြီး တစ်ရက် အကြာမှာ ဘဏ္ဍာရေး ဝန်ကြီးဌာနက
လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ လုပ်ငန်းကြီး ၃ ခုရဲ့ နာမည်တွေကို စတင် ကြေညာလာတာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတရဲ့ အထူးအမိန့်အရ အရေးယူ ပိတ်ဆို့မှု ခံရသူတွေထဲမှာ
လက်ရှိနဲ့ အငြိမ်းစား စစ်ဘက် အရာရှိကြီးတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ
အာဏာသိမ်းယူလိုက်ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့
အပါအဝင် အစိုးရအဖွဲ့ ခေါင်းဆောင်တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။ လက်ရှိမှာတော့
အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အထိန်းသိမ်း ခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့
ဆန္ဒထုတ်ဖော် လှုပ်ရှားမှုတွေ နိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျနက် ယဲလန်က သမ္မတ ဘိုင်ဒန် ပြောထားသလိုပဲ ဖေဖော်ဝါရီ ၁ ရက်၊
အာဏာသိမ်းမှုဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို တိုက်ရိုက်
စော်ကားလိုက်တာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ မြန်မာ
ပြည်သူတွေနဲ့အတူ ရပ်တည်မှာဖြစ်ပြီး မြန်မာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အားထုတ်မှုတိုင်းကို
အတတ်နိုင်ဆုံး ကူညီဖို့ လုပ်ဆောင်သွားမယ်လို့လည်း ယဲလန်က ပြောကြားခဲ့ပါတယ်။
တကယ်လို့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ပိုပြီး ကြမ်းတမ်းတဲ့ ဖြိုခွင်းမှုတွေ ရှိလာဦးမယ်ဆိုရင်
အခု အရေးယူ ပိတ်ဆို့မှုတွေက အစပဲ ရှိသေးတယ် ဆိုတာကို တပ်မတော် အနေနဲ့
သဘောပေါက်သွားလိမ့်မယ်လို့လည်း ယဲလန်က သတိပေးခဲ့ပါတယ်။
အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး အမေရိကန်က ကနဦး ပိတ်ပင် အရေးယူလိုက်သူတွေ စာရင်းမှာ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ သမ္မတနဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၊
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဆက်သွယ်ရေးနှင့်
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နဲ့ တွဲဖက်အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး
ရဲအောင် တို့ ပါဝင်နေတာပါ။အမေရိကန်က ပစ်မှတ်ထား အရေးယူ ပိတ်ဆို့လိုက်တဲ့ စီးပွားရေ
း လုပ်ငန်းကြီးတွေကတော့ Myanmar Ruby Enterprise၊ Myanmar Imperial Jade Company Limited၊
Cancri (Gems and Jewellery) Company Limitedတို့ ဖြစ်ပါတယ်။
အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်း အသီးသီးရဲ့ ပိုင်ဆိုင်မှုတွေ
အမေရိကန်မှာ ရှိနေရင် ချုပ်ထိန်း ခံရမှာဖြစ်ပြီး အမေရိကန် နိုင်ငံသားတွေက တာဝန်ယူ
ထိန်းသိမ်းပေးထားရင်လည်း သက်ဆိုင်ရာကို အစီရင်ခံ အကြောင်းကြားရမှာ ဖြစ်ပါတယ်။
ပိတ်ဆို့ အရေးယူမှု စာရင်းမှာ ပါဝင်နေသူတွေ၊ လုပ်ငန်းတွေက ၅၀ ရာခိုင်နှုန်းနဲ့အထက် ရှယ်ယာ
ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းခွဲတွေ အပေါ်မှာလည်း အလားတူ သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန အထူးခွင့်ပြုချက် လိုင်စင် ပေးထားတာမျိုးကလွဲလို့
အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့
ငွေကြေး လွှဲပြောင်းမှုတွေကိုလည်း ဆိုင်းငံ့ထားစေမှာ ဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒန်က အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို မြှင့်တင်သွားမှာ ဖြစ်သလို နိုင်ငံတကာ
လက်တွဲဖော်တွေ၊ နိုင်ငံ အသီးသီးက အစိုးရတွေ အနေနဲ့လည်း မြန်မာနိုင်ငံက အာဏာသိမ်းမှုအပေါ်
ဆန့်ကျင် ဖိအားပေးတဲ့ ရည်ရွယ်ချက်မှာ ပါဝင် ပူးပေါင်းကြဖို့ ဆက်လက် ဆွေးနွေး လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။
ဓာတ်ပုံ-EPA
zawgyi
စစ္ဘက္ အရာရွိႀကီး ၁၀ ဦးနဲ႔ လုပ္ငန္းႀကီး ၃ ခုကို အေမရိကန္ အေရးယူ ပိတ္ဆို႔
ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈကို အဓိက ဦးေဆာင္ခဲ့တဲ့ စစ္ဘက္ အရာရွိႀကီး ၁၀ ဦးနဲ႔
ဆက္စပ္ လုပ္ငန္းႀကီး ၃ ခုကို အေရးယူ ပိတ္ဆို႔ေၾကာင္း အေမရိကန္ အစိုးရက ေၾကညာလိုက္ပါတယ္။
အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က တပ္မေတာ္ ေခါင္းေဆာင္ပိုင္းကို ပစ္မွတ္ထားတဲ့ အေရးယူ
ပိတ္ဆို႔မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားၿပီး တစ္ရက္ အၾကာမွာ ဘ႑ာေရး ဝန္ႀကီးဌာနက
လူပုဂၢိဳလ္ ၁၀ ဦးနဲ႔ လုပ္ငန္းႀကီး ၃ ခုရဲ႕ နာမည္ေတြကို စတင္ ေၾကညာလာတာ ျဖစ္ပါတယ္။
အေမရိကန္ သမၼတရဲ႕ အထူးအမိန႔္အရ အေရးယူ ပိတ္ဆို႔မႈ ခံရသူေတြထဲမွာ
လက္ရွိနဲ႔ အၿငိမ္းစား စစ္ဘက္ အရာရွိႀကီးေတြ ပါဝင္ေနတာကို ေတြ႕ရပါတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ တပ္မေတာ္ဟာ ေဖေဖာ္ဝါရီ ၁ ရက္မွာ
အာဏာသိမ္းယူလိုက္ၿပီး သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔
အပါအဝင္ အစိုးရအဖြဲ႕ ေခါင္းေဆာင္တခ်ိဳ႕ကို ဖမ္းဆီး ထိန္းသိမ္းထားခဲ့ပါတယ္။ လက္ရွိမွာေတာ့
အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး အထိန္းသိမ္း ခံထားရသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့
ဆႏၵထုတ္ေဖာ္ လႈပ္ရွားမႈေတြ ႏိုင္ငံအႏွံ႔မွာ က်ယ္က်ယ္ျပန႔္ျပန႔္ ေပၚေပါက္ေနပါတယ္။
အေမရိကန္ ဘ႑ာေရးဝန္ႀကီး ဂ်နက္ ယဲလန္က သမၼတ ဘိုင္ဒန္ ေျပာထားသလိုပဲ ေဖေဖာ္ဝါရီ ၁ ရက္၊
အာဏာသိမ္းမႈဟာ ျမန္မာ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈနဲ႔ တရားဥပေဒ စိုးမိုးေရးတို႔ကို တိုက္႐ိုက္
ေစာ္ကားလိုက္တာ ျဖစ္တယ္လို႔ ေဝဖန္သြားပါတယ္။ အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာနဟာ ျမန္မာ
ျပည္သူေတြနဲ႔အတူ ရပ္တည္မွာျဖစ္ၿပီး ျမန္မာ ျပည္သူေတြရဲ႕ လြတ္လပ္ခြင့္နဲ႔ ဒီမိုကေရစီ အားထုတ္မႈတိုင္းကို
အတတ္ႏိုင္ဆုံး ကူညီဖို႔ လုပ္ေဆာင္သြားမယ္လို႔လည္း ယဲလန္က ေျပာၾကားခဲ့ပါတယ္။
တကယ္လို႔ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပပြဲေတြကို ပိုၿပီး ၾကမ္းတမ္းတဲ့ ၿဖိဳခြင္းမႈေတြ ရွိလာဦးမယ္ဆိုရင္
အခု အေရးယူ ပိတ္ဆို႔မႈေတြက အစပဲ ရွိေသးတယ္ ဆိုတာကို တပ္မေတာ္ အေနနဲ႔
သေဘာေပါက္သြားလိမ့္မယ္လို႔လည္း ယဲလန္က သတိေပးခဲ့ပါတယ္။
အာဏာသိမ္းမႈနဲ႔ ဆက္စပ္ၿပီး အေမရိကန္က ကနဦး ပိတ္ပင္ အေရးယူလိုက္သူေတြ စာရင္းမွာ
တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး
ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ဒုတိယ သမၼတနဲ႔ အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ျမင့္ေဆြ၊
ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဆက္သြယ္ေရးႏွင့္
ပို႔ေဆာင္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္ဆန္း၊
ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး နဲ႔ တြဲဖက္အတြင္းေရးမႉး
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး
ရဲေအာင္ တို႔ ပါဝင္ေနတာပါ။အေမရိကန္က ပစ္မွတ္ထား အေရးယူ ပိတ္ဆို႔လိုက္တဲ့ စီးပြားေရ
း လုပ္ငန္းႀကီးေတြကေတာ့ Myanmar Ruby Enterprise၊ Myanmar Imperial Jade Company Limited၊
Cancri (Gems and Jewellery) Company Limitedတို႔ ျဖစ္ပါတယ္။
အေရးယူ ပိတ္ဆို႔မႈ စာရင္းမွာ ပါဝင္ေနတဲ့ လူပုဂၢိဳလ္နဲ႔ လုပ္ငန္း အသီးသီးရဲ႕ ပိုင္ဆိုင္မႈေတြ
အေမရိကန္မွာ ရွိေနရင္ ခ်ဳပ္ထိန္း ခံရမွာျဖစ္ၿပီး အေမရိကန္ ႏိုင္ငံသားေတြက တာဝန္ယူ
ထိန္းသိမ္းေပးထားရင္လည္း သက္ဆိုင္ရာကို အစီရင္ခံ အေၾကာင္းၾကားရမွာ ျဖစ္ပါတယ္။
ပိတ္ဆို႔ အေရးယူမႈ စာရင္းမွာ ပါဝင္ေနသူေတြ၊ လုပ္ငန္းေတြက ၅၀ ရာခိုင္ႏႈန္းနဲ႔အထက္ ရွယ္ယာ
ပိုင္ဆိုင္ထားတဲ့ လုပ္ငန္းခြဲေတြ အေပၚမွာလည္း အလားတူ သက္ေရာက္မႈ ရွိမွာ ျဖစ္ပါတယ္။
အေမရိကန္ အစိုးရရဲ႕ ႏိုင္ငံျခား ပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဌာန အထူးခြင့္ျပဳခ်က္ လိုင္စင္ ေပးထားတာမ်ိဳးကလြဲလို႔
အေရးယူ ပိတ္ဆို႔မႈ စာရင္းမွာ ပါဝင္တဲ့ လူပုဂၢိဳလ္ေတြ၊ စီးပြားေရး လုပ္ငန္းေတြနဲ႔
ေငြေၾကး လႊဲေျပာင္းမႈေတြကိုလည္း ဆိုင္းငံ့ထားေစမွာ ျဖစ္ပါတယ္။
သမၼတ ဘိုင္ဒန္က အေမရိကန္ရဲ႕ အေရးယူ ပိတ္ဆို႔မႈေတြကို ျမႇင့္တင္သြားမွာ ျဖစ္သလို ႏိုင္ငံတကာ
လက္တြဲေဖာ္ေတြ၊ ႏိုင္ငံ အသီးသီးက အစိုးရေတြ အေနနဲ႔လည္း ျမန္မာႏိုင္ငံက အာဏာသိမ္းမႈအေပၚ
ဆန႔္က်င္ ဖိအားေပးတဲ့ ရည္႐ြယ္ခ်က္မွာ ပါဝင္ ပူးေပါင္းၾကဖို႔ ဆက္လက္ ေဆြးေႏြး လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားထားပါတယ္။
ဓာတ္ပုံ-EPA