Knowledge
ပုဒ်မ ၁၄၄ အကြောင်း သိကောင်းစရာ”
“ပုဒ်မ ၁၄၄ ဆိုတာ”
ပုဒ်မ-၁၄၄-ရဲ့ အမိန့်အာဏာမှာ ထိထိရောက်ရောက် အရေးယူပိုင်ခွင့်တွေ ရှိနေတယ် ။ လူ( ၅ ) ဦး ထက်
မစုရဆိုတဲ့ အမိန့်ကို သာမန်ပြည်သူတွေ သိကြပါတယ်။ဒါပေမဲ့ ဒီ့ထက်ပို လို့မသိနိုင်ကြပါဘူး။
တစ်ကယ်လို့ လူစုဘာလုပ်ရမှာလဲဆိုတဲ့ ဥပဒေပြဋ္ဌန်းချက်တွေ ရှိနေတယ် ။ ပဋိပက္ခ
အဓိက ရုဏ်းနှိမ်နှင်းရေးလက်စွဲ ဥပဒေစာအုပ်ကို ရဲ အရာရှိတွေသာ သီးသန့်လျှို့ဝှက်သင်ယူဖတ်ထားရတယ် ။
ပုဒ်မ-၁၄၄-အမိန့်ကို ထုတ်ပြန်ပြီးတဲ့နောက် လူ( ၅ )ဦးထက် ပိုမိုပြီး စုလာဖြစ်ပြီဆိုရင် ဒါဟာနိုင်ငံတော်က
ပြဋ္ဌာန်းထားတဲ့ ဥပဒေအမိန့်ကိုချိုးဖေါက်လာတာဖြစ်တယ် ။ ဒါကြောင့် ပုဒ်မ-၁၄၄-ရဲ့အမိန့်အာဏာဒီဂရီကို
ဘယ်လိုဖေါ်ပြထားတယ်- ဘယ်လိုလုပ်ပိုင်ခွင့် ရှိတယ် ဆိုတာကို ရှင်းပြပေးလိုက်ပါတယ် ။
အဓိကကတော့ ပုဒ်မ-၁၄၄-ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်တာနဲ့ ပြည် သူတွေဟာ လူ( ၅ ) ဦးထက် မစုရတော့ ပါဘူး ။
လူစုပြီဆိုရင် သက်ဆိုင်ရာအဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့တွေကလက်နက်ကိုင်အင်အားအပြည့်နဲ့ဆန္ဒပြ
လူစုလူအုပ်ရှေ့မှာရှိနေရပါလိမ့်မယ်ဒီ့နောက်မှာသံဆူးကြိုးတားထားပေးရပါတယ် ။ အရေးပေါ်ဆေးရုံ
လူနာတင်ကားတွေကို သေသေချချာ ရှိနေရပါ လိမ့် မယ် ။ဆေးရုံမှာလဲ တာဝန်ကျဆရာဝန်တွေကို
ပြည့်ပြည့်စုံစုံ ရှိနေရပါတယ် ။ အဲဒီအချိန်မှာ လူအုပ်လူစု က ဆန္ဒပြနေရာက လူ ( ၅ ) ဦးထက်ကျော်ပြီးသား
ဖြစ်နေတဲ့အတွက် ပုဒ်မ -၁၄၄- အမိန့်ကို ချိုးဖေါက်ပြီးသားဖြစ်နေပြီမို့ သံဆူးကြိုးကို ကာထားရာကနေပြီး
မကျူးကျော်လာဖို့ကို လူအုပ် လူစု ကြားအောင် အသံချဲ့စက်နဲ့ အော်ပြောရပါတယ် ။
ဒါတွေကိုတောင်မှ လူအုပ်လူစုက လက်မခံဘဲနဲ့သံဆူး ကြိုးကာထားတာကို ကျော်ဖြတ်ပြီး
အတင်းဝင်ရောက်လာမယ်ဆိုရင် ဒါဟာ ဥပဒေကို ချိုးဖေါက်သွားပြီမို့ဥပဒေ ရဲ့ဒီဂရီအတိုင်း
ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သံဆူးကြိုးကာ ထားတာများ ကို ကျော်ဖြတ် တဲ့အတွက်
ဆန္ဒပြလူအုပ်ကိုပထမဦးစွာ မြင်းတပ်နဲ့နှိမ်နှင်း တားဆီးပေးရမယ်လို့ ဖေါ်ပြထား ပါတယ် ။
ဒါပေ မဲ့ မြင်းတပ်က နေရာတကာမှာ မရှိတဲ့အတွက် မျက်ရည်ယိုဗုံးကို အသုံးပြုရပါ တယ် ။
မျက်ရည်ယိုဗုံးကို အသုံးပြုသော်ငြားလဲ လူအုပ်လူစုကအတင်းရှေ့ဆက်ပြီး အကြမ်းဖက်လှုပ်ရှားလာလို့
ထိမ်းမနိုင် သိမ်းမရရုန်းရင်းဆန်ခတ်အဓိကရုဏ်းဖြစ်လာနိုင်တယ်လို့ သတ်မှတ်ရပြီဆိုရင် သေနတ်နဲ့ပစ်ဖို့
အမိန့်ပေး ရတော့မှာဖြစ်ပါတယ် ။ ဒါဟာ ဥပဒေပုဒ်မ-၁၄၄-ရဲ့အမိန့်ကိုဆောင်ရွက်ရတာဖြစ်တယ် ။
ဒီတော့ခါ သေနတ်နဲ့ပစ်တဲ့အခါ မိုးပေါ်ထောင်ပစ်လို့မရဘူးဆိုတာ ဥပဒေ ပုဒ်မ-၁၄၄- မှာဖွင့်ဆိုထားတာပါ ။
လူအုပ်လူစု ဟာသေနတ်နဲ့ပစ်တဲ့အခါ မိုးပေါ်ထောင်ပစ်လို့ရှိရင် သူတို့ကို တကယ်မပစ်ဘူးဆိုတဲ့
အသိဝင်သွားပြီးတဲ့နောက် အတင့်ရဲပြီးတော့ နဂိုရ်ထက်အကြမ်းဖက်မှုများကိုပိုလုပ်တတ်တဲ့ အကျင့်
ရှိနေတတ်ပါတယ် ။ဒါကြောင့် သေနတ်နဲ့ပစ်တဲ့အခါ လူအုပ်လူစုကို ပစ်ရပါတယ် ။ ပစ်တဲ့အခါမှာလဲ
အဆူအပူဆုံး လူစုကို ပစ်ရပါတယ် ။ ဆန္ဒပြတဲ့အခါမှာ ခေါင်းဆောင်တွေရှိတဲ့နေရာဟာ
အဆူအပူဆုံး နေရာဖြစ်တာ မို့တည့် တည့်ပစ်ရပါတယ် ။
အဲဒီလိုပစ်ပြီးမှ ထိခိုက်ဒဏ်ရာရတဲ့သူတွေ သေဆုံးသွားတဲ့သူတွေကို အရေးပေါ်ဆေးရုံ လူနာတင်ကားနဲ့
ချက်ချင်းတင်ယူသွားရပါတယ် ။ လူအုပ်လူစုဟာ ဒီလိုထိထိရောက်ရောက် ပစ်ခတ်နှိမ်နှင်းမှသာ
ရုန်းရင်း ဆန်ခတ် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့်ပြီး သူတို့ရဲ့ အသက်အန္တရယ်ကို စိုးရိမ်ရလာတဲ့အတွက်
နောက် ဆုတ်သွားကြတာမျိုးဖြစ်တတ်ပါတယ် ။ ဒါကြောင့် ပုဒ်မ-၁၄၄- အမိန့်ကို ထုတ်ပြန်ပြီးလို့ရှိရင်
ဒီလိုဥပဒေရဲ့ အကာအကွယ်နဲ့ဥပဒေရဲ့ အမိန့်ဒီဂရီတွေကို စောင့်ရှောက်ခံယူ လိုက်နာခြင်းနဲ့
တာဝန်ယူခြင်းများကို ဆောင် ရွက်ကြရမှာဖြစ်ပါတယ်။အန္တရာယ်ကင်းဘေးရှင်းကြပါစေခင်ဗျားအသက်ကိုဉာဏ်စောင့်၏။
ရေပေါ်
Credit to original
Unicode
“ပုဒ်မ ၁၄၄ ဆိုတာ”