News
တပ်မတော်မှအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDMတွင် မြန်မာ့စီးပွားရေးဘဏ်(၁)မှ ဝန်ထမ်းများပါဝင်လာ
ချစ်ပရိသတ်ကြီးရေ တပ်မတော်မှ အာဏာသိမ်းယူခဲ့မှုကြောင့် လတ်တလောဖြစ်ရပ်များအပေါ်
မှာ မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ အမြို့မြို့အနယ်နယ်တိုင်းမှာ ပြည်သူများ၊အနုပညာရှင်များအားလုံးက
တသွေးထဲ၊တသားထဲ၊တစိတ်တဝမ်းထဲ လမ်းမများပေါ်တွင် ဆန္ဒထုတ်ဖော်ပြသလျှက်ရှိကြပါတယ်။
လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ပြမှုများအပြင် ပြည်သူ တွေဟာ Civil Disobedience Movement
တွေကိုလည်းတောက်လျှောက် ပြုလုပ်နေခဲ့ကျပါတယ်။ယခုအခါမှာလည်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနလက်အောက် ရန်ကုန် မြန်မာ့စီးပွားရေးဘဏ်(၁)မှ
တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကလည်း
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော Civil Disobedience Movement တွင်ဖိအားများစွာကြားကနေမှ
ယနေ့(၁၁.၂.၂၀၂၁)တွင် ပါဝင်လာခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ပြည်သူများနှင့်အတူတူတကွ
ရပ်တည်လာခဲ့ကြတဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနလက်အောက် ရန်ကုန်
မြန်မာ့စီးပွားရေးဘဏ်(၁)မှ ဝန်ထမ်းများကိုလည်း ပြည်သူများက
ဝမ်းသာအားရကြိုဆိုကြကြောင်း မှတ်ချက်များစွာကိုလည်း တွေ့ခဲ့ရပါတယ်။
မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းသာယာပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း
ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်
zawgyi