International News

အမေရိကန်ရဲ့အာဏာသိမ်းစစ်အစိုးရအပေါ်တုန့်ပြန်ချက် ပထမခြေလှမ်းနဲ့တင် ပြည်သူတွေအားအားတက်စေပါပြီ

Unicode

တပ်မတော်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မယ့် သမ္မတအမိန့် ဂျိုးဘိုင်ဒင်ခွင့်ပြု

အာဏာသိမ်းဖို့ညွှန်ကြားတဲ့ တပ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအပြင် သူတို့ရဲ့

အနီးကပ်မိသားစုဝင်တွေကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့နိုင်မယ့် သမ္မတအမိန့်အသစ်တစ်ရပ်ကို

ခွင့်ပြုလိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မနေ့ကညပိုင်းမှထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ပစ်မှတ်ထားအရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ပထမအသုစာရင်းကို

ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်သွားမယ်လို့ ဘိုင်ဒင်က ပြောပါတယ်

ဒါ့အပြင် ပို့ကုန်တွေထိန်းချုပ်မှုဆိုင်ရာခိုင်မာတဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကိုလည်းချမှတ်သွားမှာဖြစ်သလို

မြန်မာအစိုးရအကျိုးရှိစေမယ့်ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ရန်ပုံငွေဒေါ်လာ

တစ်ဘီလျံကို စစ်ဗိုလ်ချုပ်တွေ တရားနည်းလမ်းမကျရယူမှုကနေ တားဆီးဟန့်တားသွားဖို့

အမေရိကန်အစိုးရက ဆောင်ရွက်နေပြီလို့လည်း ဘိုင်ဒင်က ပြောပါတယ်။

အာဏာသိမ်းတာဝန်ရှိသူတွေအပေါ် နောက်ထပ်လိုအပ်တဲ့အရေးဆောင်ရွက်မှုတွေ ချမှတ်ဖို့

အသင့်ဖြစ်နေပြီး ဒီလိုကြိုးပမ်းအားထုတ်မှုမှာ တစ်ခြားနိုင်ငံတွေပါဝင်လာဖို့လည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေမကျန်းမာရေးစောင့်ရှောက်မှု၊ အရပ်ဘက်

လူမှုအဖွဲ့အစည်းတွေနဲ့ တခြားကဏ္ဍတွေအတွက် ဆက်ပြီးအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit Omedia new

Zawgyi

တပ္မေတာ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္ပိတ္ဆို႔မယ့္ သမၼတအမိန႔္ ဂ်ိဳးဘိုင္ဒင္ခြင့္ျပဳ

အာဏာသိမ္းဖို႔ၫႊန္ၾကားတဲ့ တပ္ေခါင္းေဆာင္ေတြ၊ သူတို႔ရဲ့စီးပြားေရးလုပ္ငန္းေတြအျပင္သူတို႔ရဲ့

အနီးကပ္မိသားစုဝင္ေတြကို ခ်က္ခ်င္းဒဏ္ခတ္ပိတ္ဆို႔ႏိုင္မယ့္သမၼတအမိန႔္

အသစ္တစ္ရြလို႔ေကန္သ မၼတဂ်ိဳးဘိုင္ဒင္ကမေန့ကညပိုင္းမွထုတ္ျပန္လိုက္ယ္။

ဒါေၾကာင့္ ပစ္မွတ္ထားအေရးယူဒဏ္ခတ္ပိတ္ဆို႔မယ့္ ပထမအသုတ္စာရင္းကို

ဒီသီတင္းပတ္ထဲမွာ ထုတ္ျပန္သြားမယ္လို႔ ဘိုင္ဒင္က ေျပာပါတယ္

ဒါ့အျပင္ ပို႔ကုန္ေတြထိန္းခ်ဳပ္မႈဆိုင္ရာခိုင္မာတဲ့ အေရးယူဒဏ္ခတ္ပိတ္ဆို႔မႈကိုလည္းခ်မွတ္သြားမွာျဖစ္သလို

ျမန္မာအစိုးရအက်ိဳးရိွေစမယ့္ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ပိတ္ပင္ထားမွာျဖစ္တယ္လို႔ ဆိုပါယ္။

အခုအခ်ိန္မွာေတာ့ အေမရိကန္ျပည္ေထာင္စုမွာရိွေနတဲ့ ျမန္မာအစိုးရရဲ့ ရန္ပံုေငြေဒၚလာ တစ္ဘီလ်ံကို

စစ္ဗိုလ္ခ်ဳပ္ေတြ တရားနည္းလမ္းမက်ရယူမႈကေန တားဆီးဟန႔္တားသြားဖို႔

အေမရိကန္အစိုးရက ေဆာင္ရြက္ေနၿပီလို႔လည္း ဘိုင္ဒင္က ေျပာပါတယ္။

အာဏာသိမ္းတာဝန္ရိွသူေတြအေပၚ ေနာက္ထပ္လိုအပ္တဲ့အေရးယူေဆာင္ရြက္မႈေတြ ခ်မွတ္ဖို႔

အသင့္ျဖစ္ေနၿပီး ဒီလိုႀကိဳးပမ္းအားထုတ္မႈမွာ တစ္ျခားႏိုင္ငံေတြပါဝင္လာဖို႔လည္း ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ျမန္မာျပည္သူလူထုအတြက္ တိုက္ရိုက္အက်ိဳးရိွေစမယ့္ က်န္းမာေရးေစာင့္ေရွာက္မႈ၊

အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြနဲ႔ တျခားက႑ေတြအတြက္

ဆက္ၿပီးအကူအညီေတြေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Credit Omedia new