News

အမေစုကိုအမေရိကန်မှဆက်သွယ်ခွင့်တောင်းမှုကို မြန်မာစစ်တပ်ဆက်သွယ်ခွင့်မပေး

Unicode

တပ်မတော် အာဏာသိမ်းမှုအတွက် နိုင်ငံတဝန်း ဆန္ဒပြပွဲများဆက်လက်ဖြစ်ပေါ်နေချိန်တွင်

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကဖမ်းဆီးခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် အားထုတ်မှုများ ပယ်ချခံရကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်မရကြောင်း အမေရိကနိုင်ငံခြားရေး.ဝန်ကြီးဌာနက

တနင်္လာနေ့တွင်ထုတ်ပြန်ကြေညာသည်။“ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဖြစ်ရပ်အပြီးမှာ

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး

ဝန်ကြီးဌာနပြောခွင့်ရသူ နက်ဒ်ပရိုက်စ်ကတနင်္လာနေ့တွင် ကျင်းပသည့် သတင်းစာ

ရှင်းလင်းပွဲတွင်ပြောသည်။ “ကျနော်တို့ကတရားဝင်ရော အလွတ်သဘောပါ

ဒေါ်အောင် ဆန်းစုကြည်နဲ့ ဆက်သွယ်ဖို့တောင်းဆိုတယ်။

ဒီတောင်းဆိုမှုတွေ ပယ်ချခံရတယ်” ဟု သူပြောသည်။မြန်မာကုိုင်ငံတွင်

အကြီးမားဆုံး မြို့ကြီးနှစ်မြို့ဖြစ်သော ရန်ကုန်နှင့် မန္တလေးတွင်

ဆန္ဒပြပွဲများ စနေနေ့တွင် စတင်သည်။ နိုင်ငံအနှံ့အပြား

အခြားဒေသများတွင်လည်းဆန္ဒပြပွဲများဖြစ်ပေါ်နေသည်။

တပ်မတော်က အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး တချို့၌လူ

၅ ဦးထက် ပိုမစုရန်၊ ည ၈ နာရီမှ နံနက် ၄နာရီအထိ မထွက်ရန် အမိန့်ညွှန်ကြားချက်များထွက်ပေါ်လာသည်။

ယနေ့ ဖေဖော်ဝါရီ ၉ ရက် ရဲတပ်ဖွဲ့ကမြန်မာနိုင်ငံမြို့တော်နေပြည်တော်မှကြီးမားသော..

ဆန္ဒပြပွဲတခုကို သေနတ်ဖြင့်ပစ်ခတ် လူစုခွဲသည်။

ရိုက်တာ သတင်းတခုက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးတွင်

သတင်းသမားတယောက်အပါအဝင် စစ်အာဏာသိမ်းမှု

ဆန့်ကျင်ဆန္ဒပြသူ အနည်ဆုံး ၂၇ ဦးကို မြန်မာရဲတပ်ဖွဲ့ ဖမ်းကြောင်း သိရသည်။ဒီမိုကရက်တစ်မြန်မာ့အသံ..

(DVB) မှ သတင်းသမားတယောက် ဆန္ဒပြပွဲကို ရိုက်ကူးနေစဉ်ဖမ်းဆီး ခံရပြီး လူအများအပြား ရိုက်နှက်ခံရသည်။

၁၉၉၁ ခုနှစ် နိုဗယ်ဆုချီးမြှင့်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တရားမဝင်တင်သွင်းထားသည့်

လမ်းလျှောက်စကားပြောစက် ၁၀ တွေ့သည်ဟု စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်သည်။

သမ္မတ ဦးဝင်မြင့်ကိုမူ ၂၀၂၀ နိုဝင်ဘာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စုဝေးပွဲတခုတွင်

ကိုဗစ်-၁၉စည်းကမ်းမလိုက်နာဟု စွပ်စွဲကာ ဖမ်းဆီးထားသည်။ကြာသပတေးနေ့တွင် အမေရိကန်

သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်ခေါင်းဆောင်များ ၎င်းတို့သိမ်းယူထားသော အာဏာကို

စွန့်လွှတ်ရန်နှင့်ဖမ်းဆီးထားသာ အရာရှိများ၊ တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည်။

မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ရန် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကကျင်းပသည့်

သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော်ပြောခွင့်ရသူ ဂျန် ဆာကီက ပြောသည်။အိမ်ဖြူတော်သည်

အရေးယူပိတ်ဆို့မှုလုပ်ပိုင်ခွင့်များကို သုံးသပ်နေကြောင်းနှင့် မည်သည့်အရေးယူမှုကို

အဓိကထားရမည်ကို လေ့လာနေကြောင်း သတင်းထောက်များကို သူပြောသည်။

အမေစုအတွက်အများပြည်သူများအနေနဲ့လဲလွပ်မြောက်ဖို့ဝိုင်းဝန်းအားဖြည့်ဆုတောင်းပေးကြပါလို့

မေတ္တာရပ်ခံရင်နိဂုံးချုပ်အပ်ပါတယ်

Credit ဧရာဝတီ

zawgyi

တပ္မေတာ္ အာဏာသိမ္းမႈအတြက္ ႏိုင္ငံတဝန္း ဆႏၵျပပြဲမ်ားဆက္လက္ျဖစ္ေပၚေနခ်ိန္တြင္

အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကဖမ္းဆီးခံထားရေသာ ျမန္မာ့ဒီမိုကေရစီေခါင္းေဆာင္

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဆက္သြယ္ရန္ အားထုတ္မႈမ်ား ပယ္ခ်ခံရေၾကာင္းသိရသည္။

ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္သြယ္မရေၾကာင္း အေမရိကႏိုင္ငံျခားေရး.ဝန္ႀကီးဌာနက

တနလၤာေန႔တြင္ထုတ္ျပန္ေၾကညာသည္။“ေဖေဖၚဝါရီလ ၁ ရက္ေန႔ျဖစ္ရပ္အၿပီးမွာ

ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ပါတယ္” ဟု အေမရိကန္ ႏိုင္ငံျခားေရး

ဝန္ႀကီးဌာနေျပာခြင့္ရသူ နက္ဒ္ပ႐ိုက္စ္ကတနလၤာေန႔တြင္ က်င္းပသည့္ သတင္းစာ

ရွင္းလင္းပြဲတြင္ေျပာသည္။ “က်ေနာ္တို႔ကတရားဝင္ေရာ အလြတ္သေဘာပါ

ေဒၚေအာင္ ဆန္းစုၾကည္နဲ႔ ဆက္သြယ္ဖို႔ေတာင္းဆိုတယ္။

ဒီေတာင္းဆိုမႈေတြ ပယ္ခ်ခံရတယ္” ဟု သူေျပာသည္။ျမန္မာကုိုင္ငံတြင္

အႀကီးမားဆုံး ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕ျဖစ္ေသာ ရန္ကုန္ႏွင့္ မႏၲေလးတြင္

ဆႏၵျပပြဲမ်ား စေနေန႔တြင္ စတင္သည္။ ႏိုင္ငံအႏွံ႔အျပား

အျခားေဒသမ်ားတြင္လည္းဆႏၵျပပြဲမ်ားျဖစ္ေပၚေနသည္။

တပ္မေတာ္က အာဏာသိမ္းၿပီး ၈ ရက္ေျမာက္ေန႔တြင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး တခ်ိဳ႕၌လူ

၅ ဦးထက္ ပိုမစုရန္၊ ည ၈ နာရီမွ နံနက္ ၄နာရီအထိ မထြက္ရန္ အမိန႔္ၫႊန္ၾကားခ်က္မ်ားထြက္ေပၚလာသည္။

ယေန႔ ေဖေဖာ္ဝါရီ ၉ ရက္ ရဲတပ္ဖြဲ႕ကျမန္မာႏိုင္ငံၿမိဳ႕ေတာ္ေနျပည္ေတာ္မွႀကီးမားေသာ..

ဆႏၵျပပြဲတခုကို ေသနတ္ျဖင့္ပစ္ခတ္ လူစုခြဲသည္။

႐ိုက္တာ သတင္းတခုက ျမန္မာႏိုင္ငံ၏ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ေသာ မႏၲေလးတြင္

သတင္းသမားတေယာက္အပါအဝင္ စစ္အာဏာသိမ္းမႈ

ဆန႔္က်င္ဆႏၵျပသူ အနည္ဆုံး ၂၇ ဦးကို ျမန္မာရဲတပ္ဖြဲ႕ ဖမ္းေၾကာင္း သိရသည္။ဒီမိုကရက္တစ္ျမန္မာ့အသံ..

(DVB) မွ သတင္းသမားတေယာက္ ဆႏၵျပပြဲကို ႐ိုက္ကူးေနစဥ္ဖမ္းဆီး ခံရၿပီး လူအမ်ားအျပား ႐ိုက္ႏွက္ခံရသည္။

၁၉၉၁ ခုႏွစ္ ႏိုဗယ္ဆုခ်ီးျမႇင့္ခံရေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ေနအိမ္တြင္ တရားမဝင္တင္သြင္းထားသည့္

လမ္းေလွ်ာက္စကားေျပာစက္ ၁၀ ေတြ႕သည္ဟု စြပ္စြဲကာ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးလိုက္သည္။

သမၼတ ဦးဝင္ျမင့္ကိုမူ ၂၀၂၀ ႏိုဝင္ဘာလ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ စုေဝးပြဲတခုတြင္

ကိုဗစ္-၁၉စည္းကမ္းမလိုက္နာဟု စြပ္စြဲကာ ဖမ္းဆီးထားသည္။ၾကာသပေတးေန႔တြင္ အေမရိကန္

သမၼတ ဂ်ိဳးဘိုင္ဒင္က ျမန္မာစစ္ေခါင္းေဆာင္မ်ား ၎တို႔သိမ္းယူထားေသာ အာဏာကို

စြန႔္လႊတ္ရန္ႏွင့္ဖမ္းဆီးထားသာ အရာရွိမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ားကို ျပန္လႊတ္ေပးရန္ ေတာင္းဆိုသည္။

ျမန္မာႏိုင္ငံကို အေရးယူပိတ္ဆို႔ရန္ ဦးစားေပးလုပ္ေဆာင္မည္ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔ကက်င္းပသည့္

သတင္းစာရွင္းလင္းပြဲတြင္ အိမ္ျဖဴေတာ္ေျပာခြင့္ရသူ ဂ်န္ ဆာကီက ေျပာသည္။အိမ္ျဖဴေတာ္သည္

အေရးယူပိတ္ဆို႔မႈလုပ္ပိုင္ခြင့္မ်ားကို သုံးသပ္ေနေၾကာင္းႏွင့္ မည္သည့္အေရးယူမႈကို

အဓိကထားရမည္ကို ေလ့လာေနေၾကာင္း သတင္းေထာက္မ်ားကို သူေျပာသည္။

အေမစုအတြက္အမ်ားျပည္သူမ်ားအေနနဲ႔လဲလြပ္ေျမာက္ဖို႔ဝိုင္းဝန္းအားျဖည့္ဆုေတာင္းေပးၾကပါလို႔

ေမတၱာရပ္ခံရင္နိဂုံးခ်ဳပ္အပ္ပါတယ္

Credit ဧရာဝတီ