News
ပြင်ဦးလွင်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူများနှင့် GTIကျောင်းသားများ ထိမ်းသိန်းခံရ
တပ်မတော်မှ အာဏာသိမ်းယူခဲ့မှုကြောင့် လတ်တလောဖြစ်ရပ်များအပေါ်
မှာ မြန်မာပြည်သူများ၊အနုပညာရှင်များအားလုံး ဆန္ဒပြလျှက်ရှိကြရာ နိုင်ငံအနှံအပြားရှိ
အမြို့မြို့အနယ်နယ်တိုင်းတွင် လူဦးရေသိန်းချီ ဆန္ဒပြနေကြပြီး
ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းလျှက်ရှိနေပါတယ်။ယခုအခါမှာလည်း ပြင်ဦးလွင်မြို့တွင် တပ်မတော်က
အာဏာသိမ်းယူခဲ့မှုနှင့်ပတ်သက်၍ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲများကို
လုပ်ဆောင်လျှက်ရှိရာ ဦးဆောင်သူကိုးဦးနှင့် ကျောင်းသားအချို့ကို
မနေ့က(၁၀.၂.၂၀၂၁) ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း
သိရှိခဲ့ရပါတယ်။အဲ့ဒီလိုညအချိန်အခါတွင် ဖမ်းဆီးခေါ်ဆောင်သွားခံရမှုနှင့်ပတ်သက်၍ လက်ရှိတွင် ပြင်ဦးလွင်မြို့မရဲစခန်းရှေ့၌
ဖမ်းဆီးခံရတဲ့ပြည်သူများကို ပြန်လွှတ်ပေးရန် မြို့ခံပြည်သူများက ထောင်နှင့်ချီပြီးစုဝေးရောက်ရှိနေခဲ့ကြကြောင်း
သိရှိခဲ့ရပါတယ်။ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများထဲတွင်တရားလွတ်ေတာ်ရှ..
ေ့နေများ၊GTIကျောင်းသားများလည်းပါဝင်ကြောင်း သိရှိခဲ့ရပါတယ်။
ဖမ်းဆီးခံရသူများမှာ အစည်းအဝေးပြုလုပ်နေကြစဉ် လာရောက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း
သိခဲ့ရပါတယ်။ဖမ်းဆီးခံရတဲ့ ကျောင်းသားဦးရေမှာ (၃၀)ဦးခန့်ရှိနိုင်ကြောင်း ဒေသခံများကပြောကြားခဲ့ကြပါတယ်။
ယခုလက်ရှိအချိန်တွင် ဖမ်းဆီးခံခဲ့ရသူများကို ပြန်လွှတ်ပေးရန် မြို့ခံပြည်သူများက
ပြင်ဦးလွင် မြို့မရဲစခန်းပတ်ပတ်လည်တွင် စုဝေးတောင်းဆိုလျှက်ရှိကြောင်း သိရှိခဲ့ရပါတယ်။
မြန်မာပြည်ကြီးမှာ နေထိုင်ကြတဲ့ပြည်သူများ အမြန်ဆုံးအေးချမ်းသာယာပါစေ။ပရိသတ်ကြီးတို့လည်း
ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နေ
zawgyi
သိရှိခဲ့ရပါတယ်။ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများထဲတွင်တရားလွတ်တော်ရှ..