News

‘ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏွလုံးေရာဂါျဖင့္ကြယ္လြန္’

‘ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှလုံးရောဂါဖြင့်ကွယ်လွန်’

ရန်ကုန် – ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲသည် ယနေ့နံနက်တွင်

နေအိမ်၌ ရုတ်တရက်ကွယ်လွန်သွားခဲ့ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများက အတည်ပြုသည်။

၎င်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရာထူးကို ဖေဖော်ဝါရီ ၃ရက်တွင်

လက်ခံရယူပြီး ၉ရက်အကြာတွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားခြင်းခဲ့ဖြစ်သည်။

ဦးတဲရင့်စ်စမွိုင်းနီခွဲသည် ယခင်က ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးဖြစ်သည်။

အသက် (၆၅) နှစ်အရွယ်ရှိပြီသည့် ဦးတဲရင့်စမွိုင်းနီခွဲသည် ငယ်စဉ်က ဖလမ်းမြို့တွင် ပညာသင်ကြားခဲ့ပြီး

မိထ္ထီလာမြို့တွင် ၁၀တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။

ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊

ရှမ်းပြည်နယ်နှင့် ဖလမ်းမြို့တို့တွင်အလုပ်လုပ်ကိုင်ခဲ့သည်။

7 Day

zawgyi

‘ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏွလုံးေရာဂါျဖင့္ကြယ္လြန္’

ရန္ကုန္ – ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးတဲရင့္စ္စမြိဳင္းနီခြဲသည္ ယေန႔နံနက္တြင္ ေနအိမ္၌

႐ုတ္တရက္ကြယ္လြန္သြားခဲ့ေၾကာင္း ၎မိသားစုႏွင့္ နီးစပ္သူမ်ားက အတည္ျပဳသည္။

၎သည္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ရာထူးကို ေဖေဖာ္ဝါရီ ၃ရက္တြင္

လက္ခံရယူၿပီး ၉ရက္အၾကာတြင္ ႏွလုံးေရာဂါျဖင့္ကြယ္လြန္သြားျခင္းခဲ့ျဖစ္သည္။

ဦးတဲရင့္စ္စမြိဳင္းနီခြဲသည္ ယခင္က ခ်င္းျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးျဖစ္သည္။

အသက္ (၆၅) ႏွစ္အရြယ္ရွိၿပီသည့္ ဦးတဲရင့္စမြိဳင္းနီခြဲသည္ ငယ္စဥ္က ဖလမ္းၿမိဳ့တြင္ ပညာသင္ၾကားခဲ့ၿပီး

မိထၳီလာၿမိဳ့တြင္ ၁၀တန္းေအာင္ျမင္ၿပီးေနာက္ ရန္ကုန္တကၠသိုလ္မွ ဥပေဒပညာဘြဲ႕ ရရွိခဲ့သည္။

ဘြဲ႕ရရွိၿပီးေနာက္ တရား႐ုံးတြင္ အလုပ္ဝင္ေရာက္ခဲ့ၿပီး

ရန္ကုန္၊ မႏၲေလး၊ ရွမ္းျပည္နယ္ႏွင့္ ဖလမ္းၿမိဳ့တို့တြင္အလုပ္လုပ္ကိုင္ခဲ့သည္။

7 Day