International News

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ထိုင္းဝန္ႀကီးခ်ဳပ္ထံ အကူညီေတာင္း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဝန်ကြီးချုပ်ထံ အကူညီတောင်း

မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်ဆီက ဒီမိုကရေစီကို ထောက်ပံ့ရာမှာ ကူညီပေးရေး တောင်းဆိုထားတဲ့

စာတစောင်ကို လက်ခံရရှိထားတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာလည်း ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ရွေးကောက်ခံ ဝန်ကြီးချုပ်ကို

ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့သူဖြစ်ပြီး သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံက ဒီမိုကရေစီကို အမြဲ

ထောက်ပံ့အားပေးခဲ့တယ်လို့ မြို့တော်ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့က မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ဖြစ်စဉ်တွေကို ထောက်ပံ့ အားပေးနေပါတယ်။

ဒါပေမဲ့ ဒီနေ့မှာ အရေးအကြီးဆုံးက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားဖို့ပဲ။

ဘာကြောင့်လဲ ဆိတော့ ဒါက အခုလက်ရှိ နယ်စပ် ကုန်သွယ်ရေး၊ စီးပွားရေးနဲ့

ပြည်သူတွေအပေါ် သက်ရောက်တယ်”လို့ ဝန်ကြီးချုပ် ပရာယွတ်သ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်ကို ထောက်ခံတဲ့အကြောင်းနဲ့ ကျန်တာကတော့

ဘယ်လိုရှေ့ဆက်မယ်ဆိုတာ ကြည့်ဖို့က သူ့အပိုင်းပဲလို့ ပရာယွတ်သ်က

ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

စစ်အာအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ

ဆယ်နှစ်ကျော်အတွင်း အကြီးဆုံး လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဆန့်ကျင်သူတွေက သူရာထူးက ဆင်းပေးဖို့

တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ သိပ်မကြာခင် လပိုင်းတွေက ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား- Bangkok Post

zawgyi

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ထိုင္းဝန္ႀကီးခ်ဳပ္ထံ အကူညီေတာင္း

ျမန္မာစစ္အာဏာသိမ္း ေခါင္းေဆာင္ဆီက ဒီမိုကေရစီကို ေထာက္ပံ့ရာမွာ ကူညီေပးေရး ေတာင္းဆိုထားတဲ့

စာတေစာင္ကို လက္ခံရရွိထားတယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္

ပရာယြတ္ ခ်န္အိုခ်ာက ေဖေဖာ္ဝါရီ ၁၀ ရက္မွာ ေျပာလိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာယြတ္ဟာလည္း ၂၀၁၄ ခုႏွစ္က ထိုင္းႏိုင္ငံမွာ ေ႐ြးေကာက္ခံ ဝန္ႀကီးခ်ဳပ္ကို

ျဖဳတ္ခ်ၿပီး အာဏာသိမ္းခဲ့တဲ့သူျဖစ္ၿပီး သူ႔အေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံက ဒီမိုကေရစီကို အၿမဲ

ေထာက္ပံ့အားေပးခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဘန္ေကာက္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

“က်ေနာ္တို႔က ျမန္မာႏိုင္ငံအတြင္း ဒီမိုကေရစီ ျဖစ္စဥ္ေတြကို ေထာက္ပံ့ အားေပးေနပါတယ္။

ဒါေပမဲ့ ဒီေန႔မွာ အေရးအႀကီးဆုံးက ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ဆက္ထိန္းသိမ္းထားဖို႔ပဲ။

ဘာေၾကာင့္လဲ ဆိေတာ့ ဒါက အခုလက္ရွိ နယ္စပ္ ကုန္သြယ္ေရး၊ စီးပြားေရးနဲ႔

ျပည္သူေတြအေပၚ သက္ေရာက္တယ္”လို႔ ဝန္ႀကီးခ်ဳပ္ ပရာယြတ္သ္က ေျပာပါတယ္။

ထိုင္းႏိုင္ငံဟာ ဒီမိုကရက္တစ္ လုပ္ငန္းစဥ္ကို ေထာက္ခံတဲ့အေၾကာင္းနဲ႔ က်န္တာကေတာ့

ဘယ္လိုေရွ႕ဆက္မယ္ဆိုတာ ၾကည့္ဖို႔က သူ႔အပိုင္းပဲလို႔ ပရာယြတ္သ္က

ေျပာတဲ့အေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းမွာ ေဖာ္ျပပါတယ္။

စစ္အာအာဏာသိမ္းမႈကို ဆန႔္က်င္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံတဝန္းမွာ

ဆယ္ႏွစ္ေက်ာ္အတြင္း အႀကီးဆုံး လူထုဆႏၵျပပြဲေတြ ျဖစ္ပြားေနပါတယ္။

ထိုင္းႏိုင္ငံမွာလည္း ဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္ကို ဆန႔္က်င္သူေတြက သူရာထူးက ဆင္းေပးဖို႔

ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြ သိပ္မၾကာခင္ လပိုင္းေတြက ျဖစ္ပြားခဲ့ပါတယ္။

ကိုးကား- Bangkok Post