(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
ယခုတော်လှန်ရေးမှာ အဆုံးအဖြတ်ပေးမှာသည် ဝန်ထမ်းသပိတ်များ အောင်မြင်လားမအောင်မြင်ဘူးလား
ဆိုသည်ပေါ် မူတည်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
ယခုလက်ရှိ နိုင်ငံတွင်းဖြစ်ပွားနေသည့် ကိစ္စရပ်များနဲ့စပ်လျဉ်းပြီး တော်လှန်ရေးဖြစ်ပေါ်နေမှုအခြေအနေကို
ဦးမင်းကိုနိုင်က ယနေ့ နံနက်ပိုင်းအချိန်က ဗီဒီယိုဖိုင်ဖြင့် ထုတ်ဖော်ပြောဆိုလိုကတာဖြစ်ပါတယ်။
“ယခုလုပ်ဆောင်နေသည်မှာ စုပေါင်းဦးဆောင်မှုဖြင့် စုပေါင်းတာဝန်ခံမှုကို ပြုလုပ်နေကာ ခံစားချက်ကို
ဦးစားပေးလို့မရပါဘူး။ နောက်ဆုံးမျိုးဆက်တွေနဲ့ ပေါင်းရမယ်၊ ရပ်မိရပ်ဖတွေနဲ့ ပေါင်းရမယ်
၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နိုင်ရင် လက်တွဲရမယ်”လို့ ၎င်းက ပြောပါတယ်။
ယခုတော်လှန်ရေးမှာ အဆုံးအဖြတ်ပေးမှာသည် ဝန်ထမ်းသပိတ်များ အောင်မအောင်ဖြစ်ကာ
ဝန်ထမ်းသပိတ်ဖြစ်သည့် အလုပ်မဆင်းရေးသပိတ်ကို မိမိရဲ့ ရပ်/ရွာထဲမှာ
အင်အားစုများက စည်းရုံးနိုင်ရမှာဖြစ်တယ်လို့ ထပ်မံပြောပါတယ်။
ယခုကဲ့သို့ CDM လို့ခေါ်သည့် ဝန်ထမ်းသပိတ်အောင်မြင်ပါက ယခုတော်လှန်ရေးအောင်မြင်မှာဖြစ်ပြီး
ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ကမ္ဘာမြေရဲ့ သင်ရိုးအသစ်ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
“ဝန်ထမ်းသပိတ်အောင်မြင်ရင် ဒီတော်လှန်ရေးအောင်မြင်မယ်”
စုပေါင်းဦးဆောင်နေချိန် ခံစားချက်ကို ဦးစားပေးလို့မရဘူး။
သပိတ်ပေါင်းစုံက ကိုယ့်မြို့ကိုယ့်ရွာကို စီးမိထားဖို့ပဲ။
ဒီတော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာက ဝန်ထမ်းသပိတ်ပဲ။
အလုပ်မဆင်းရေးသပိတ်ကို ကိုယ့်ရပ်ကိုယ့်ရွာမှာ အင်အားစိုက်လိုက်ဖို့ပါပဲ။
ဒီဝန်ထမ်းသပိတ်ကို ဘယ်သူတွေဖိနှိပ်လဲ၊ တစ်ချိန်မှာ အရေးယူဖို့အတွက်လည်း ပြင်ဆင်ထားရမယ်။
(မင်းကိုနိုင်)
zawgyi
(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)
ယခုေတာ္လွန္ေရးမွာ အဆုံးအျဖတ္ေပးမွာသည္ ဝန္ထမ္းသပိတ္မ်ား ေအာင္ျမင္လားမေအာင္ျမင္ဘူးလား
ဆိုသည္ေပၚ မူတည္တယ္လို႔ ၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးမင္းကိုႏိုင္က ေျပာၾကားလိုက္ပါတယ္။
ယခုလက္ရွိ ႏိုင္ငံတြင္းျဖစ္ပြားေနသည့္ ကိစၥရပ္မ်ားနဲ႔စပ္လ်ဥ္းၿပီး ေတာ္လွန္ေရးျဖစ္ေပၚေနမႈအေျခအေနကို
ဦးမင္းကိုႏိုင္က ယေန႔ နံနက္ပိုင္းအခ်ိန္က ဗီဒီယိုဖိုင္ျဖင့္ ထုတ္ေဖာ္ေျပာဆိုလိုကတာျဖစ္ပါတယ္။
“ယခုလုပ္ေဆာင္ေနသည္မွာ စုေပါင္းဦးေဆာင္မႈျဖင့္ စုေပါင္းတာဝန္ခံမႈကို ျပဳလုပ္ေနကာ ခံစားခ်က္ကို
ဦးစားေပးလို႔မရပါဘူး။ ေနာက္ဆုံးမ်ိဳးဆက္ေတြနဲ႔ ေပါင္းရမယ္၊ ရပ္မိရပ္ဖေတြနဲ႔ ေပါင္းရမယ္
၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါဝင္ႏိုင္ရင္ လက္တြဲရမယ္”လို႔ ၎က ေျပာပါတယ္။
ယခုေတာ္လွန္ေရးမွာ အဆုံးအျဖတ္ေပးမွာသည္ ဝန္ထမ္းသပိတ္မ်ား ေအာင္မေအာင္ျဖစ္ကာ
ဝန္ထမ္းသပိတ္ျဖစ္သည့္ အလုပ္မဆင္းေရးသပိတ္ကို မိမိရဲ႕ ရပ္/႐ြာထဲမွာ
အင္အားစုမ်ားက စည္း႐ုံးႏိုင္ရမွာျဖစ္တယ္လို႔ ထပ္မံေျပာပါတယ္။
ယခုကဲ့သို႔ CDM လို႔ေခၚသည့္ ဝန္ထမ္းသပိတ္ေအာင္ျမင္ပါက ယခုေတာ္လွန္ေရးေအာင္ျမင္မွာျဖစ္ၿပီး
ယခုကဲ့သို႔ ျပဳလုပ္ျခင္းသည္ ကမာၻေျမရဲ႕ သင္႐ိုးအသစ္ျဖစ္တယ္လို႔ ထည့္သြင္းေျပာဆိုထားတာျဖစ္ပါတယ္။
“ဝန္ထမ္းသပိတ္ေအာင္ျမင္ရင္ ဒီေတာ္လွန္ေရးေအာင္ျမင္မယ္”
စုေပါင္းဦးေဆာင္ေနခ်ိန္ ခံစားခ်က္ကို ဦးစားေပးလို႔မရဘူး။
သပိတ္ေပါင္းစုံက ကိုယ့္ၿမိဳ႕ကိုယ့္႐ြာကို စီးမိထားဖို႔ပဲ။
ဒီေတာ္လွန္ေရးကို အဆုံးအျဖတ္ေပးမွာက ဝန္ထမ္းသပိတ္ပဲ။
အလုပ္မဆင္းေရးသပိတ္ကို ကိုယ့္ရပ္ကိုယ့္႐ြာမွာ အင္အားစိုက္လိုက္ဖို႔ပါပဲ။
ဒီဝန္ထမ္းသပိတ္ကို ဘယ္သူေတြဖိႏွိပ္လဲ၊ တစ္ခ်ိန္မွာ အေရးယူဖို႔အတြက္လည္း ျပင္ဆင္ထားရမယ္။
(မင္းကိုႏိုင္)