News

အသက်ရှူစက်ဖြင့်ယနေ့အထိအသက်ရှင်နေသေးတဲ့ညီမလေးရေ အမြန်ပြန်သက်သာပါစေ

unicode

နေပြည်တော် သပြေကုန်း ဆန္ဒပြပြည်သူများ ဖေဖော်ဝါရီ ၉ ရက်နေ့က ပစ်ခတ်ခံရပြီး ကျည်ထိ

ဒဏ်ရာဖြင့် ဆေးရုံရောက်သူ သုံးဦးအနက် အသက် ၂၀အရွယ်အမျိုးသမီးမှာ

အသက်ဘေးနှင့်ရင်ဆိုင်နေရပြီး တစ်ဦးမှာ ဆေးရုံဆင်းသွား ပြီဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁ နေ့လယ်က နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး

စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ကသေနတ်ပါသုံး၍ဖြိုခွင်းရာတွင် ဒဏ်ရာရသူ သုံးဦးအနက် ဦးခေါင်းကိုထိ

မှန်ခဲ့သည့် အသက် ၂၀ အရွယ် မသွယ်သွယ်ခိုင်မှာ အသက်ရှုစက်ဖြင့်သာ အသက်ဆက်နေရသည့်အခြေ

အနေသာရှိသေးသည် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှ

ဆရာဝန်တစ်ဦးက ယနေ့ နံနက် ၈ နာရီတွင် အတည်ပြုသည်။

“အထူးကြပ်မတ်ကုသဆောင်ထဲမှာပါပဲ။ အသက်ရှုစက်အကူအညီနဲ့ လုပ်ပေးထားတဲ့အခြေအနေပါ။

ဦးနှောက် ကို ထိခိုက်မိတာက ပြင်းထန်တော့ ခန္ဓာကိုယ်ကနေပြီးတော့ ပုံမှန်အသက်ရှုအောင်လို့

ဦးနှောက်က ခိုင်းစေနိုင်စွမ်းမရှိတော့ဘူး။ အဲဒီလိုအခြေအနေမှာ

အသက်ရှုစက်ကိုဖြုတ်လိုက်ရင် နာရီပိုင်းနဲ့ အန္တရာယ်ဖြစ်သွားနိုင်တဲ့အခြေအနေပါ”ဟု အဆိုပါဆရာဝန်ကပြောသည်။

ရင်ဘတ်တွင် ကျည်ဆန်ထုတ်ချင်းပေါက် ထိမှန်ခဲ့သည့် အသက် ၂၃အရွယ် ကိုဆိုဝေဆိုသူအမျိုးသား

ကွယ်လွန်သွားပြီဆိုသောသတင်းများပျံ့နှံ့နေခြင်းမှာ ဟုတ်မှန်ခြင်းမရှိဘဲ

အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိဟု အထက်ပါဆရာဝန်ကအတည်ပြုသည်။

“သူကတော့ ကောင်းတယ်။ ကျည်ဆန်ကအဆုတ်ကို တိုက်ရိုက်ထိခိုက်တာမဟုတ်လို့ စိတ်ချရပါတယ်”ဟု ၎င်းက ပြောသည်။

ဘယ်ဘက်လက်ဖျံတွင် ထုတ်ချင်းပေါက်ကျည်ဆန်ဒဏ်ရာရခဲ့သည့် အသက် ၂၆နှစ်အရွယ်

ကိုဝင်းထက် မိုးကမူ ယမန်နေ့ ညနေပိုင်း၌ပင် ကုတင် ၁၀၀၀ ဆေးရုံကြီးမှ ဆင်းခွင့်ရခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက် ရှိနေပြီဖြစ်သည်။

“ဆေးခန်းကို ရက်ချိန်းနဲ့ပြန်ပြဖို့ဆရာဝန်တွေက ညွန်ကြားလိုက်ပါတယ်”ဟု ကိုဝင်းထက်မိုးက Myanmar Nowကို ပြောသည်။

အုပ်ချုပ်ရေးမြို့တော်နေပြည်တော်အတွင်း ယမန်နေ့က ဆန္ဒပြမှုတွင် အချက်အခြာကျသည့်

သပြေကုန်းအဝိုင်းအနီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ပြည်သူသိန်းဂဏန်းရှိခဲပြီး ဆန္ဒပြသူတို့ထံ

ရဲအရာရှိတစ်ဦး လာရောက်ပူးပေါင်းလာပြီးနောက် များမကြာမီတွင် လုံခြုံရေးတပ်ဖွဲ့က ကျည်ဖြင့်

အချက် ၅၀ထက်မနည်းပစ်ခတ်ခြင်း၊ အဓိကရုဏ်းနှိမ်နှင်းရေး ရေအမြှောက်ကား၊

လူအင်အားသုံးခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ဖြိုခွဲခဲ့ခြင်းဖြစ်သည်။

ဖေဖော်၀ါရီ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ရသော ဆန္ဒပြပွဲ လူစုခွဲမှု မြင်ကွင်းတစ်ခု (Myanmar Now)

credit myanmar now

zawgyi

unicode

ေနျပည္ေတာ္ သေျပကုန္း ဆႏၵျပျပည္သူမ်ား ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ပစ္ခတ္ခံရၿပီး က်ည္ထိ

ဒဏ္ရာျဖင့္ ေဆး႐ုံေရာက္သူ သုံးဦးအနက္ အသက္ ၂၀အ႐ြယ္အမ်ိဳးသမီးမွာ

အသက္ေဘးႏွင့္ရင္ဆိုင္ေနရၿပီး တစ္ဦးမွာ ေဆး႐ုံဆင္းသြား ၿပီျဖစ္သည္။

ယမန္ေန႔ ေဖေဖာ္ဝါရီ ၁ ေန႔လယ္က ေနျပည္ေတာ္၊ ဇဗၼဴသီရိၿမိဳ႕နယ္၊ သေျပကုန္းအဝိုင္းအနီး

စစ္အာဏာသိမ္းမႈဆန႔္က်င္သည့္ ဆႏၵျပမႈကို ရဲတပ္ဖြဲ႕ကေသနတ္ပါသုံး၍ၿဖိဳခြင္းရာတြင္ ဒဏ္ရာရသူ သုံးဦးအနက္ ဦးေခါင္းကိုထိ

မွန္ခဲ့သည့္ အသက္ ၂၀ အ႐ြယ္ မသြယ္သြယ္ခိုင္မွာ အသက္ရႈစက္ျဖင့္သာ အသက္ဆက္ေနရသည့္အေျခ

အေနသာရွိေသးသည္ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံႀကီးမွ

ဆရာဝန္တစ္ဦးက ယေန႔ နံနက္ ၈ နာရီတြင္ အတည္ျပဳသည္။

“အထူးၾကပ္မတ္ကုသေဆာင္ထဲမွာပါပဲ။ အသက္ရႈစက္အကူအညီနဲ႔ လုပ္ေပးထားတဲ့အေျခအေနပါ။

ဦးေႏွာက္ ကို ထိခိုက္မိတာက ျပင္းထန္ေတာ့ ခႏၶာကိုယ္ကေနၿပီးေတာ့ ပုံမွန္အသက္ရႈေအာင္လို႔

ဦးေႏွာက္က ခိုင္းေစႏိုင္စြမ္းမရွိေတာ့ဘူး။ အဲဒီလိုအေျခအေနမွာ

အသက္ရႈစက္ကိုျဖဳတ္လိုက္ရင္ နာရီပိုင္းနဲ႔ အႏၲရာယ္ျဖစ္သြားႏိုင္တဲ့အေျခအေနပါ”ဟု အဆိုပါဆရာဝန္ကေျပာသည္။

ရင္ဘတ္တြင္ က်ည္ဆန္ထုတ္ခ်င္းေပါက္ ထိမွန္ခဲ့သည့္ အသက္ ၂၃အ႐ြယ္ ကိုဆိုေဝဆိုသူအမ်ိဳးသား

ကြယ္လြန္သြားၿပီဆိုေသာသတင္းမ်ားပ်ံ႕ႏွံ႔ေနျခင္းမွာ ဟုတ္မွန္ျခင္းမရွိဘဲ

အသက္အႏၲရာယ္ စိုးရိမ္ဖြယ္မရွိဟု အထက္ပါဆရာဝန္ကအတည္ျပဳသည္။

“သူကေတာ့ ေကာင္းတယ္။ က်ည္ဆန္ကအဆုတ္ကို တိုက္႐ိုက္ထိခိုက္တာမဟုတ္လို႔ စိတ္ခ်ရပါတယ္”ဟု ၎က ေျပာသည္။

ဘယ္ဘက္လက္ဖ်ံတြင္ ထုတ္ခ်င္းေပါက္က်ည္ဆန္ဒဏ္ရာရခဲ့သည့္ အသက္ ၂၆ႏွစ္အ႐ြယ္

ကိုဝင္းထက္ မိုးကမူ ယမန္ေန႔ ညေနပိုင္း၌ပင္ ကုတင္ ၁၀၀၀ ေဆး႐ုံႀကီးမွ ဆင္းခြင့္ရခဲ့ၿပီး ေနအိမ္သို႔ ျပန္လည္ေရာက္ ရွိေနၿပီျဖစ္သည္။

“ေဆးခန္းကို ရက္ခ်ိန္းနဲ႔ျပန္ျပဖို႔ဆရာဝန္ေတြက ၫြန္ၾကားလိုက္ပါတယ္”ဟု ကိုဝင္းထက္မိုးက Myanmar Nowကို ေျပာသည္။

အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ေနျပည္ေတာ္အတြင္း ယမန္ေန႔က ဆႏၵျပမႈတြင္ အခ်က္အျခာက်သည့္

သေျပကုန္းအဝိုင္းအနီး စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပသူ ျပည္သူသိန္းဂဏန္းရွိခဲၿပီး ဆႏၵျပသူတို႔ထံ

ရဲအရာရွိတစ္ဦး လာေရာက္ပူးေပါင္းလာၿပီးေနာက္ မ်ားမၾကာမီတြင္ လုံၿခဳံေရးတပ္ဖြဲ႕က က်ည္ျဖင့္

အခ်က္ ၅၀ထက္မနည္းပစ္ခတ္ျခင္း၊ အဓိက႐ုဏ္းႏွိမ္ႏွင္းေရး ေရအေျမႇာက္ကား၊

လူအင္အားသုံးျခင္း စသည့္နည္းလမ္းမ်ိဳးစုံျဖင့္ ၿဖိဳခြဲခဲ့ျခင္းျဖစ္သည္။

ေဖေဖာ္၀ါရီ ၉ ရက္ေန႔က ေနျပည္ေတာ္တြင္ ေတြ႕ရေသာ ဆႏၵျပပြဲ လူစုခြဲမႈ ျမင္ကြင္းတစ္ခု (Myanmar Now)

credit myanmar now