International News

အီးယူက ျမန္မာျပည္သူကို ေထာက္ခံေသာ္လည္း စစ္တပ္လုပ္ရပ္ အသိအမွတ္ျပဳမည္မဟုတ္

အီးယူက ျမန္မာျပည္သူကို ေထာက္ခံေသာ္လည္း စစ္တပ္လုပ္ရပ္ အသိအမွတ္ျပဳမည္မဟုတ္

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ႔ လုပ္ရပ္ကို တရား၀င္ မျဖစ္ရေအာင္ ဥေရာပ သမဂၢ

EU က အေသအခ်ာ ေဆာင္ရြက္မယ္လို႔ EU ရဲ႕ ႏုိင္ငံျခားေရး မူ၀ါဒ ဆိုင္ရာ အႀကီးအကဲ

Josep Borrell က ေဖေဖာ္၀ါရီလ ၉ ရက္ အဂၤါေန႔မွာ ေျပာဆိုပါတယ္။

“ စစ္တပ္ရဲ႕ လုပ္ရပ္ကို တရား၀င္ ျဖစ္ေစတာမ်ိဳး မလုပ္ဖို႔ အေသအခ်ာေဆာင္ရြက္ၿပီး တခ်ိန္တည္းမွာဘဲ

ျမန္မာ ျပည္သူ လူထုကို ဆက္လက္ ပံ႔ပိုးသြားမယ္” လို႔ EU ႏုိင္ငံျခားေရး မူ၀ါဒဆိုင္ရာ အႀကီးအကဲ

Josep Borrell က ဥေရာပ ေကာ္မရွင္ ေဆြးေႏြးပြဲ အဖြင့္မွာ ေျပာဆိုခဲ႔တာပါ။

ျမန္မာႏုိင္ငံရဲ႕ ၁၀ ႏွစ္တာ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈကို ေနာက္ေၾကာင္းျပန္လွည့္လိုက္တဲ႔ လက္သင့္ခံႏုိင္စရာ

မရွိတဲ႔ စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္ဖို႔ အခု လိုအပ္ေနၿပီလို႔လည္း သူက ေျပာပါတယ္။

ဥေရာပ သမဂၢဘက္က ျမန္မာ အေပၚ အေရးယူႏုိင္တဲ႔ နည္းလမ္းသံုးသြယ္ထဲမွာတာ့ စစ္တပ္နဲ႔ ပတ္သက္

ဆက္ႏြယ္ေနတဲ႔ စီးပြားေရး လုပ္ငန္းေတြနဲ႔ လူေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ေရး၊ ဖြံ႔ၿဖိဳးေရး အကူအညီေတြကို ျပန္လည္ သံုးသပ္ေရး၊

လက္နက္ကလြဲလို႔ တျခား ကုန္ပစၥည္းေတြ အတြက္ အထူးကုန္သြယ္ခြင့္ အခြင့္အေရးတို႔ကို ျပန္လည္

သံုးသပ္ေရးတို႔ ျဖစ္ေၾကာင္းလည္း ေထာက္ျပပါတယ္။ ကုန္သြယ္ေရး အထူးအခြင့္အေရးကို ရုပ္သိမ္းလိုက္ရင္ေတာ့

စစ္တပ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို မထိခုိက္ဘဲ အရပ္သားေတြရဲ႕ အထည္ခ်ဳပ္လုပ္ငန္းေတြ အေပၚမွာ ထိခိုက္ႏုိင္တယ္လို႔ သတိေပးပါတယ္။

ဒီ အထည္ခ်ဳပ္ လုပ္ငန္းေတြမွာ လုပ္သား ၅ သိန္းေလာက္ ရွိၿပီး အမ်ိဳးသမီး အမ်ားစု ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ႔ပါတယ္

unicode

အီးယူက မြန်မာပြည်သူကို ထောက်ခံသော်လည်း စစ်တပ်လုပ်ရပ် အသိအမှတ်ပြုမည်မဟုတ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို တရားဝင် မဖြစ်ရအောင် ဥရောပ သမဂ္ဂ

EU က အသေအချာ ဆောင်ရွက်မယ်လို့ EU ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ

Josep Borrell က ဖေဖော်ဝါရီလ ၉ ရက် အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

“ စစ်တပ်ရဲ့ လုပ်ရပ်ကို တရားဝင် ဖြစ်စေတာမျိုး မလုပ်ဖို့ အသေအချာဆောင်ရွက်ပြီး တချိန်တည်းမှာဘဲ

မြန်မာ ပြည်သူ လူထုကို ဆက်လက် ပံ့ပိုးသွားမယ်” လို့ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ

Josep Borrell က ဥရောပ ကော်မရှင် ဆွေးနွေးပွဲ အဖွင့်မှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နောက်ကြောင်းပြန်လှည့်လိုက်တဲ့ လက်သင့်ခံနိုင်စရာ

မရှိတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အခု လိုအပ်နေပြီလို့လည်း သူက ပြောပါတယ်။

ဥရောပ သမဂ္ဂဘက်က မြန်မာ အပေါ် အရေးယူနိုင်တဲ့ နည်းလမ်းသုံးသွယ်ထဲမှာတာ့ စစ်တပ်နဲ့ ပတ်သက်

ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လူတွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး၊ ဖွံ့ဖြိုးရေး အကူအညီတွေကို ပြန်လည် သုံးသပ်ရေး၊

လက်နက်ကလွဲလို့ တခြား ကုန်ပစ္စည်းတွေ အတွက် အထူးကုန်သွယ်ခွင့် အခွင့်အရေးတို့ကို ပြန်လည်

သုံးသပ်ရေးတို့ ဖြစ်ကြောင်းလည်း ထောက်ပြပါတယ်။ ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းလိုက်ရင်တော့

စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို မထိခိုက်ဘဲ အရပ်သားတွေရဲ့ အထည်ချုပ်လုပ်ငန်းတွေ အပေါ်မှာ ထိခိုက်နိုင်တယ်လို့ သတိပေးပါတယ်။

ဒီ အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်သား ၅ သိန်းလောက် ရှိပြီး အမျိုးသမီး အများစု ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်