News

မျိုးဆက်သစ်များတွက် အဖေလို့အဖိုးလို့ ခေါ်ခံထိုက်သူဖြစ်အောင် ကြိုးစားမယ်စွန့်လွှတ်မယ်လို့ ပြောပြလာတဲ့ ပါမောက္ခဒေါက်တာဇော်ဝေစိုး

ပရိသတ်ကြီးရေ ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်သူတွေတွက် နေ့နေ့ညည မနားမနေရှေ့တန်းက

နေ ကာကွယ်ပေးခဲ့တဲ့ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကိုတော့ သိရှိပြီးသားဖြစ်မှာပါနော်။

အခုလိုအချိန်အခါမှာလည်း ဆေးတက္ကသိုလ်(၁)ရဲ့ ပါမောက္ခချုပ်ဖြစ်တဲ့

ဆရာကြီးဦးဇော်ဝေစိုးဟာ အာဏာသိမ်းခဲ့တဲ့အစိုးရအပေါ်မှာ အကြမ်းမဖက်အေးချမ်းစွာ

ဆန္ဒပြနေသည့် Civil Disobedience Movement ကိုထောက်ခံရုံမက တက်ကြွစွာပါဝင်လာခဲ့တယ်

။ဆရာဇော်ဝေစိုးက အစိုးရအဖွဲ့တွင်ပါဝင်ရန် ရာထူးကမ်းလှမ်းမှုကိုလည်း လက်မခံခဲ့ဘူးလို့သိခဲ့ရပါတယ်။

ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြည်သူတို့အနဲ့အတူ ရပ်တည်ကြောင်းကို အခုလိုရေးသားလာခဲ့တာပဲဖြစ်ပါတယ်။”

ကျွန်တော် ပါမောက္ခချုပ်တစ်ဦးဖြစ်ပါတယ်။ကျွန်တော် အရိုးရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အရိုးရောဂါကုသမှု နည်းပညာအသစ်များ ခွဲစိတ်မှု အသစ်များ

များစွာတို့ကိုလည်း ပြုလုပ်သင်ကြားပို့ချပေးခဲ့ပြီးလဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံ

ကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုအပ်နေတဲ့ အရေးပေါ်ဆေးပညာနှင့်

အရေးပေါ်ဆေးပညာဌာနကို စတင်တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံ

ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်နေတဲ့ ကျောရိုးခွဲစိတ်မှုပညာနဲ့

ကျောရိုးခွဲစိတ်မှုပညာဌာနကို စတင်တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်လျှက်ရှိတဲ့ အရေးပေါ်လူနာတင်စနစ်ကိုလည်း

စတင်တည်ထောင်ဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။ဆေးတက္ကသိုလ်(၁)ရန်ကုန်မှာ

ဆေးပညာရှင်များ သူနာပြုများ ဆေးပညာဆေးလောကသားများအတွက်

Skill,Simulation and Research center လို့ခေါ်တဲ့သင်ကြားပို့ချရေး အဆင့်မြင့်ပညာဌာနကြီးကိုလည်

း စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။Covid 19 pandemic ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီ

း Covid 19 ကာကွယ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဌအနေနဲ့ ဆောင်ရွက်ခဲ့သူ၊

Covid 19 ရောဂါကုသရေး ကာကွယ်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားခဲ့သူ တစ်ဦးလဲဖြစ်ပါတယ်။Covid 19

အနေအထားအရ Community ထဲမှာ အထိုက်အလျောက် Immunity ရရှိနေပြီလို့ ယူဆရပါတယ်။

ပျံ့နှံ့ကူးဆက်မှု ကျဆင်းနေပြီး 3rd wave မဖြစ်အောင် Mask တပ်ဖို့၊လက်ဆေးဖို့ ခပ်ခွာခွာနေဖို့လိုပါသေးတယ်။

တစ်ဦးကို တစ်ဦးသတိပေးဖို့လဲ လိုနေပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ ဆန္ဒတွေဖော်ထုတ်ကြရပါမယ်။

ကျွန်တော်ဘာမှ မလိုချင်တော့ပါဘူး။ကျွန်တော့်အသက်(၆၀)ပြည့်တော့မှာ ဖြစ်ပါတယ်။ကျွန်တော်

သေမယ်ဆို သေလို့ရပါပြီ။ကျွန်တော့်အတွက်ဆိုရင် ဘုရား၊တရားနဲ့နေဖို့ပဲ ရှိပါတော့တယ်။

ကျွန်တော်အလုပ်လုပ်နေခြင်းဟာ မြန်မာနိုင်ငံအတွက် အလုပ်လုပ်နေခြင်းဖြစ်ပါတယ်။နိုင်ငံအောက်တန်းကျနေသောကြောင့်၊

နိုင်ငံဆင်းရဲနေသောကြောင့် နိုင်ငံဒုက္ခရောက်နေသောကြောင့် အလုပ်လုပ်နေခြင်းဖြစ်ပါတယ်။

ကျွန်တော့်မှာ ဆန္ဒတစ်ခုပဲရှိပါတယ်။

အဲဒါကတော့ တည်ငြိမ်အေးချမ်းတဲ့၊လွတ်လပ်ပြီး တရားမျှတတဲ့ မျိုးဆက်သစ်တွေအတွက်

အာမခံချက်ရှိတဲ့ မြန်မာနိုင်ငံဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။နိုင်ငံတော်သမ္မတ

၊နိုင်ငံ့အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံ့အကြီးအကဲနှင့်

နိုင်ငံသားတစ်ယောက်ကို အကျိုးအကြောင်းမရှိ အချိန်မရွေး မျှတတဲ့အများလက်ခံတဲ့

ဥပဒေနဲ့မဟုတ်ဘဲ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းပြီးစီရင်နိုင်တဲ့၊တရားစွဲအမှုလုပ်နိုင်တဲ့

နိုင်ငံမဖြစ်ချင်ပါဘူး။လက်နက်အားကိုး၊လက်နက်ရှိတဲ့သူက အင်အားကြီးတဲ့သူက အနိုင်ရနေတဲ့နိုင်ငံ မဖြစ်ချင်ပါဘူး။

အဲဒိီလိုစနစ် အဲဒိီလိုနိုင်ငံမျိုးမှာ ကိုကိုယ်တိုင်လည်း လူမဖြစ်ချင်သလို ကိုယ့်သားသမီး၊ကိုယ့်တပည့်၊

ကိုယ့်ရဲ့မျိုးဆက်သစ်တွေကိုလည်း မထားခဲ့ချင်ပါဘူး မထားခဲ့နိုင်ပါဘူး။ဆရာတို့ဆေးပညာနဲ့

ဆေးကုသမှု ဆေးလောကအတွက်ကတော့ လူနာသာပထမ၊လူနာသာ အဓိကပါ။

မိမိအတွက်၊ကိုယ့်အတွက်၊ကိုယ်ကျိုးအတွက်ဆိုတာ နောက်မှစဉ်းစားရတာဖြစ်ပါတယ်။

တို့တိုင်းပြည်၊တို့လူမျိုး၊တို့ပြည်သူတွေ၊တို့လူနာတွေ ကောင်းမွန်တဲ့ ဆေးကုသမှုမရခဲ့တာ

၊ကျန်းမာရေးစောင့်ရှောက်မှုတွေ မရခဲ့တာ နှစ်ပေါင်းများစွာကြာနေပါပြီ။

တို့လူနာတွေ တို့ပြည်သူတွေ ခံစားခဲ့ရ၊သေခဲ့ရ၊နာခဲ့ရ၊နာကျင်စွာခံစားခဲ့ရတာတွေ ကြာပါပြီ။တို့ဘယ်လောက်ပဲ

ကြိုးစားကြိုးစား တို့ဘယ်လောက်ပဲအနစ်နာခံ အနစ်နာခံ တို့ဘယ်လောက်ပဲစွန့်လွှတ် စွန့်လွှတ်

မတိုးတက်ပါဘူး။တို့လူနာတွေ မသက်သာပါဘူး။တို့လူနာတွေ အသက်မရှင်ပါဘူး။

အဲဒါဘာကြောင့်လဲ စနစ်ကြောင့်ဖြစ်ပါတယ်။အဲဒီစနစ်ကိုပြောင်းလဲပစ်မှ ရမယ်။တည်ငြိမ်တဲ့

စနစ်တစ်ခုကို တို့ တည်ဆောက်ကြရမယ်။အာမခံချက်ရှိတဲ့ တည်မြဲတဲ့ တည်ငြိမ်တဲ့ လုံခြုံတဲ့စနစ်တစ်ခုကို

ရရှိမှဖြစ်ပါတယ်။အခုလိုထစ်ခနဲရှိ အာဏာသိမ်း၊ထစ်ခနဲရှိ ဖမ်းဆီး၊ထစ်ခနဲရှိ

ဖျက်လိုက်၊ပြောင်းလိုက်လုပ်နေရင်တော့ တို့တတွေတည်ငြိမ်တဲ့၊တည်မြဲတဲ့၊လုံခြုံတဲ့ဘဝ ဘယ်တော့မှရမှာ မဟုတ်တော့ပါဘူး။

အနာဂတ် နောင်ကမ္ဘာတည်သရွေ့ တို့လူနာတွေကောင်းစေဖို့ အနာဂတ်နောင်ကမ္ဘာတည်သရွေ့

တို့လူနာတွေ နာကျင်မှုကင်းမဲ့စေဖို့ နောင်အနာဂတ် ကမ္ဘာတည်သရွေ့ တို့လူနာတွေ

အသက်ရှည်စေဖို့ တို့ ကြိုးစားကြစို့ တို့စွန့်လွှတ်ကြစို့ တို့အနစ်နာခံကြစို့

တို့အပြစ်တင်လည်းခံကြစို့ တို့ကျိန်ဆဲလည်းခံကြစို့။ဒီအချိန်မှာအနာဂတ် မြန်မာပြည်ကောင်းစားဖို့

အနာဂတ်ပြည်သူတွေကောင်းစားဖို့ အနာဂတ်လူနာပေါင်းများစွာအတွက် တို့တတွေအဓိဌာန်ပြုကြစို့။

ကျွန်ုပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ကျန်းမာရေး စိတ်၏ချမ်းသာရေးကို ကျွန်ုပ်၏အရေးကဲ့သို့

ယူဆပါအံ့။ကျွန်ုပ်အားဆေးပညာသင်ကြားပေးခဲ့သော ဆရာသမားများအား မိဘသဖွယ်ရိုသေ လေးစားပါအံ့။

ကျွန်ုပ်သည်လုပ်ဖော်ကိုဖက် ဆေးပညာရှင်များကို ညီရင်းအကို မောင်ရင်းနှမကဲ့သို့ လေးစားစွ

ာ ဆက်ဆံပါအံ့။ကျွန်ုပ်သည်သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့်

မွန်မြတ်သည့် ဂုဏ်သိက္ခာအစဉ်အလာကို ထိန်းသိမ်းပါအံ့။

ကျွန်ုပ်သည် စည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ ကျန်းမရေးကို ..

စေတနာ မေတ္တာရှေ့ထား၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက်ကုသပါအံ့။

ကျွန်ုပ်သည် ဂီလာနပုဂ္ဂိုလ်များကုသစဉ် တွေ့မြင်ကြားသိရသည့် လျှို့ဝှက်အပ်သော

အတွင်းရေးကိစ္စများကို ဖွင့်ဆိုအပ်သည်တို့မှ လွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကျဉ်ပါအံ့။

ကျွန်ုပ်သည် လူသားတို့အား ဘေးဥပါတ် ဖြစ်စေမည့်ဆေး သေစေတတ်သည့် ဆေးများကို

ကိုယ်တိုင်ပေးခြင်းမှသော်လည်းကောင်း၊သူတပါးအား ပေးစေခြင်းမှသော်လည်းကောင်း အခါခပ်သိမ်း ရှောင်ကျဉ်ပါအံ့။

ကျွန်ုပ်သည်တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစ္ဆေရောင်ကျဉ်ပါအံ့။ကျွန်ုပ်သည်

စည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာ

ကာကွယ်စောင့်ရှောင့်ပါအံ့။ဤကတိသစ္စာပြုသိအတိုင်း ဆောင်ရွက်ပါသော်

အကျွန်ုပ်သည် ကောင်းကျိုမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေသား။

တို့ဘယ်သူ့ကိုမှမမုန်းဘူး ဒါပေမဲ့တို့ပြည်သူတွေကို စေတနာထားတဲ့သူ တို့ပြည်သူတွေကို

လုံခြုံစေတဲ့သူ တို့ပြည်သူတွေကို စိတ်ချမ်းသာစေတဲ့သူ တို့ပြည်သူတွေကို

ကျန်းမာအောင် အသက်ရှည်အောင်ထားနိုင်တဲ့သူ တို့ပြည်သူတွေကို

ထမင်းဝအောင် ကျွေးနိုင်တဲ့သူ တို့ပြည်သူတွေကို စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိစေနိုင်တဲ့သူကို

သဘောကျတယ် ထောက်ခံတယ် ဦးဆောင်စေချင်တယ် ချစ်တယ်

။တို့ပညာရေး၊တို့ကလေးတွေရဲ့ပညာရေး တို့မျိုးဆက်သစ်တွေရဲ့ ပညာရေးအတွက်

ပညာရေးကို ဦးဆောင်နေသူ တစ်ယောက်အနေနဲ့ တက္ကသိုလ်တွေအားလုံးရဲ့ ပါမောက္ခချုပ်များကော်မတီ

ဥက္ကဌတစ်ယောက်အနေနဲ့ လုံးဝ(လုံးဝ)စိတ်မကောင်းဘူး။ထက်မြက်တဲ့ တော်တဲ့ ထူးချွန်တဲ့

ဦးနှောက်ကောင်းတဲ့ သူတွေရှိနေလျက်နဲ့ တို့ပညာရေးက ရှိသမျှကမ္ဘာပေါ်က

နိုင်ငံတွေထဲမှာ အောက်ဆုံးရောက်နေခဲ့တာ မကျေနပ်ဘူး။

ဒါဟာတစ်ရက် တစ်မနက် တစ်လ တစ်နှစ်ရနိုင်တဲ့ ကိစ္စမဟုတ်ဘူး နှစ်ပေါင်းများစွာကြိုးစားကြမှတည်ဆောက်ကြမှ

အားထုတ်ကြမှ တည်ငြိမ်မှ အေးချမ်းမှ သာယာဝပြောမှ အနာဂတ်မျိုးဆက်သစ်တွေအတွက်

ကောင်းမွန်တဲ့ အဆင့်မြင့်တဲ့ပညာရေးကို ထားခဲ့နိုင်မှာဖြစ်တယ်။

အခုလိုစနစ်မျိုး အခုလိုဘဝမျိုး အခုလိုနိုင်ငံမျိုးမှာ ဘယ်လိုမှပညာရေးမတိုးတက်နိုင်ဘူး ပညာရေးက

မတည်ငြိမ်နိုင်ဘူး လွတ်လပ်စွာပညာမသင်ကြားနိုင်ဘူး ကောင်းမွန်တဲ့ အဆင့်မြင့်တဲ့ပညာကို သင်ကြားနိုင်မှာ

မဟုတ်ဘူး။ကျွန်ပညာရေး တပည့်ခံပညာရေးပဲရနေမှာ ဖြစ်တယ် ထိုးထွင်းဉာဏ်မရ

ထိုးဖောက်တွေးခေါ်ခွင့်မရ အဖိနှိပ်ခံပညာရေးပဲရမှာဖြစ်တယ်။

အခုကိစ္စအခုအချိန်မှာ အစိုးရိမ်ဆုံး၊စိတ်အထိခိုက်ဆုံး မျှော်လင့်ချက်တွေ အကင်းမဲ့စေဆုံးကတော့

ငါတို့ရဲ့ပညာရေး အနာဂတ်ရဲ့ ပညာရေး မျိုးဆက်သစ်ရဲ့ပညာရေးပဲဖြစ်တယ်

။မျိုးဆက်သစ်တို့ သားသမီးမြေးမြစ်တို့ အဖေတောင်းပန်ပါတယ်

အဖိုးတောင်းပန်ပါတယ် အဖေတို့တာဝန်မကျေခဲ့ဘူး အဖိုးတို့တာဝန်မကျေခဲ့ဘူး။အဖေတို့ကိုယ့်အတွက်ပဲ

ကြည့်ခဲ့ကြတယ် အဖေတို့အဖိုးတို့ တာဝန်ကျေအောင်ဆောင်ရွက်ကြပါတော့မယ်။အဖေလို့အဖိုးလို့

အခေါ်ခံထိုက်တဲ့သူတွေဖြစ်အောင် ကြိုးစားကြမယ် စွန့်လွှတ်ကြမယ် တိုက်ပွဲဝင်ကြပါတော့မယ်။

Civil Disobedient movement အောင်မြင်အောင် စနစ်တကျဆောင်ရွက်ကြရမယ်

ကြိုတင်ပြင်ဆင်ကြဖို့လိုအပ်တယ်။အကောင်အထည်ဖော်ကြဖို့ ဝိုင်းဝန်းကြဖို့လိုအပ်တယ်။ဆရာဝန်ဆိုတော့

လူနာအတွက်စဉ်းစားရမှာပဲ အရေးပေါ်အခြေအနေအတွက် စဉ်းစားရမှာပဲ။ကိုယ်ချင်းစာစိတ်နဲ့၊

ငါသာလူနာဆိုရင်ဆိုတဲ့ စိတ်နဲ့စဉ်းစားကြရမယ်

လူနာနေရာမှာငါတို့ဆိုရင် ဘာဖြစ်ချင်လဲဆိုတာ စဉ်းစားရမယ်။ဝေဒနာခံစားမှုကို သက်သာပျောက်ကင်းအောင်

တို့ဆောင်ရွက်ကြရမယ်။ပရဟိတအရေးပေါ်ဌာနတွေ ပရဟိတဆေးခန်းတွေ ပရဟိတဆေးရုံတွေ

နေရာအတိအကျနဲ့ ဖော်ပြပြီးဖွင့်ရမယ် အခမဲ့ကုသနိုင်အောင် စီစဉ်ကြရမယ်။

စွန့်လွှတ်ဖို့၊စွန့်စားဖို့၊အခြေအနေမကောင်းရင် အနှိပ်ဆက်ခံ အသက်ပေးဖို့အထိ စဉ်းစားထားကြရမယ်။

ဒါဟာတစ်နေ့ တစ်ရက်ပြီးသွားမဲ့ကိစ္စမဟုတ်ဘူး တစ်နေ့ တစ်ရက်နဲ့မအောင်မြင်နိုင်ဘူး။

နေ့ပေါင်းများစွာ၊လိုအပ်ရင်လပေါင်းများစွာ ငါတို့ဆောင်ရွက်ရမယ့် ငါတို့စွန့်လွှတ်ရမဲ့

ငါတို့အနစ်နာခံရမဲ့ ငါတို့ပေးဆပ်ရမဲ့ တိုက်ပွဲတစ်ခုဖြစ်တယ်။

သူတို့ဟာ Infra structure ရှိပြီးသား နှစ်ပေါင်းများစွာ စနစ်တကျ တည်ဆောက်ထားတဲ့

အဆောက်အဦးကြီး အဖွဲအစည်းကြီးတဲ့ စနစ်ရှိပြီးသားဖြစ်တဲ့သူတွေဖြစ်တယ်။ဒါပေမဲ့တို့မှာတိုက်စရာ

ဒီလက်နက်ပဲရှိတယ်။တို့တော်လှန်ကြောင်း တို့ညီညွတ်ကြောင်း

တို့စွန့်လွှတ်နိုင်ကြောင်း တို့ခိုင်မာကြောင်းတို့ပြကြရမယ်။ဒီနည်းလမ်းပဲရှိတယ် ဒကြောင့်တို့ဆုံးဖြတ်ချက်ချပြီးပ

တို့ဆန္ဒကိုဖော်ထုတ်ကြမယ် တို့CDM ကိုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ အသေးစိတ် အစီအစဉ်တွေ

ရေးဆွဲဖွဲ့စည်းတည်ဆောက်ရမယ် တည်ဆာက်နေတယ် တို့မရှိတော့ရင်ဘယ်သူဆက်မလဲ

ဘယ်သူဦးဆောင်မလဲ ကွန်ယက်ဖွဲ့စည်းရမယ် ရည်ရွယ်ချက်၊ဦးတည်ချက်၊မဆုတ်မနစ်တဲ့ဇွဲရှိတဲ့သူ

အနစ်နာခံနိုင်တဲ့သူ အဖမ်းစီးခံနိုင်တဲ့သူ၊အနှိပ်ဆက်ခံနိုင်တဲ့သူ အသက်ပေးနိုင်တဲ့သူတွေ ပါဝင်ဦးဆောင်ကြရမယ်

အဆုံးစွန်ထိတိုက်ခိုက်ကြရမယ် အဆုံးစွန်အထိ တော်လှန်ကြရမယ် အဆုံးစွန်အထိဆင်နွှဲကြရမယ်။

ငါဘာမှမဖြစ်ချင်ဘူး ငါဘာမှမလိုချင်ဘူး ငါဘာမှာမတောင်းဆိုဘူး။အနာဂတ်အတွက် မျှော်လင့်ချက်တွေရှိတဲ့

အနာဂတ်အတွက် အလင်းရောင်တွေဖြာဝေနေတဲ့ အနာဂတ်အတွက်

ထာဝရအာမခံချက်ရှိတဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် နေ့သစ်တစ်ခု

ခေတ်သစ်တစ်ခု စနစ်သစ်တစ်ခုရရင် ငါသေလို့ရပြီ”လို့ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက

ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။ပရိသတ်ကြီးတို့လည်း မျှော်လင့်တောင့်တခဲ့ရတဲ့

မျှော်လင့်ချက်အလင်းရောင်တွေကို အမြန်ဆုံးရရှိပိုင်ဆိုင်နိုင်ကြပါစေလို့

ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်

zawgyi

ပရိသတ္ႀကီးေရ ကိုဗစ္ကပ္ေရာဂါကာလမွာ ျပည္သူေတြတြက္ ေန႔ေန႔ညည မနားမေနေရွ႕တန္းက

ေန ကာကြယ္ေပးခဲ့တဲ့ ပါေမာကၡ ေဒါက္တာေဇာ္ေဝစိုးကိုေတာ့ သိရွိၿပီးသားျဖစ္မွာပါေနာ္။

အခုလိုအခ်ိန္အခါမွာလည္း ေဆးတကၠသိုလ္(၁)ရဲ႕ ပါေမာကၡခ်ဳပ္ျဖစ္တဲ့

ဆရာႀကီးဦးေဇာ္ေဝစိုးဟာ အာဏာသိမ္းခဲ့တဲ့အစိုးရအေပၚမွာ အၾကမ္းမဖက္ေအးခ်မ္းစြာ

ဆႏၵျပေနသည့္ Civil Disobedience Movement ကိုေထာက္ခံ႐ုံမက တက္ႂကြစြာပါဝင္လာခဲ့တယ္

။ဆရာေဇာ္ေဝစိုးက အစိုးရအဖြဲ႕တြင္ပါဝင္ရန္ ရာထူးကမ္းလွမ္းမႈကိုလည္း လက္မခံခဲ့ဘူးလို႔သိခဲ့ရပါတယ္။

ပါေမာကၡေဒါက္တာ ေဇာ္ေဝစိုးက ျပည္သူတို႔အနဲ႔အတူ ရပ္တည္ေၾကာင္းကို အခုလိုေရးသားလာခဲ့တာပဲျဖစ္ပါတယ္။”

ကြၽန္ေတာ္ ပါေမာကၡခ်ဳပ္တစ္ဦးျဖစ္ပါတယ္။ကြၽန္ေတာ္ အ႐ိုးေရာဂါအထူးကု ဆရာဝန္ႀကီးတစ္ဦးလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြက္ လိုအပ္ေနတဲ့ အ႐ိုးေရာဂါကုသမႈ နည္းပညာအသစ္မ်ား ခြဲစိတ္မႈ အသစ္မ်ား

မ်ားစြာတို႔ကိုလည္း ျပဳလုပ္သင္ၾကားပို႔ခ်ေပးခဲ့ၿပီးလဲ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံ

က်န္းမာေရးေစာင့္ေရွာက္မႈအတြက္လိုအပ္ေနတဲ့ အေရးေပၚေဆးပညာႏွင့္

အေရးေပၚေဆးပညာဌာနကို စတင္တည္ေထာင္ေပးခဲ့သူလည္း ျဖစ္ပါတယ္။ျမန္မာႏိုင္ငံ

က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ လိုအပ္ေနတဲ့ ေက်ာ႐ိုးခြဲစိတ္မႈပညာနဲ႔

ေက်ာ႐ိုးခြဲစိတ္မႈပညာဌာနကို စတင္တည္ေထာင္ေပးခဲ့သူလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ လိုအပ္လွ်က္ရွိတဲ့ အေရးေပၚလူနာတင္စနစ္ကိုလည္း

စတင္တည္ေထာင္ဖို႔ ႀကိဳးစားခဲ့သူလည္း ျဖစ္ပါတယ္။ေဆးတကၠသိုလ္(၁)ရန္ကုန္မွာ

ေဆးပညာရွင္မ်ား သူနာျပဳမ်ား ေဆးပညာေဆးေလာကသားမ်ားအတြက္

Skill,Simulation and Research center လို႔ေခၚတဲ့သင္ၾကားပို႔ခ်ေရး အဆင့္ျမင့္ပညာဌာနႀကီးကိုလည္

း စတင္တည္ေထာင္ခဲ့သူျဖစ္ပါတယ္။Covid 19 pandemic ကာလအတြင္းမွာ ရန္ကုန္တိုင္းေဒသႀကီ

း Covid 19 ကာကြယ္ကုသေရး ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဒုတိယဥကၠဌအေနနဲ႔ ေဆာင္႐ြက္ခဲ့သူ၊

Covid 19 ေရာဂါကုသေရး ကာကြယ္ေရးတို႔အတြက္ အစြမ္းကုန္ႀကိဳးစားခဲ့သူ တစ္ဦးလဲျဖစ္ပါတယ္။Covid 19

အေနအထားအရ Community ထဲမွာ အထိုက္အေလ်ာက္ Immunity ရရွိေနၿပီလို႔ ယူဆရပါတယ္။

ပ်ံ႕ႏွံ႔ကူးဆက္မႈ က်ဆင္းေနၿပီး 3rd wave မျဖစ္ေအာင္ Mask တပ္ဖို႔၊လက္ေဆးဖို႔ ခပ္ခြာခြာေနဖို႔လိုပါေသးတယ္။

တစ္ဦးကို တစ္ဦးသတိေပးဖို႔လဲ လိုေနပါေသးတယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔ ဆႏၵေတြေဖာ္ထုတ္ၾကရပါမယ္။

ကြၽန္ေတာ္ဘာမွ မလိုခ်င္ေတာ့ပါဘူး။ကြၽန္ေတာ့္အသက္(၆၀)ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ကြၽန္ေတာ္

ေသမယ္ဆို ေသလို႔ရပါၿပီ။ကြၽန္ေတာ့္အတြက္ဆိုရင္ ဘုရား၊တရားနဲ႔ေနဖို႔ပဲ ရွိပါေတာ့တယ္။

ကြၽန္ေတာ္အလုပ္လုပ္ေနျခင္းဟာ ျမန္မာႏိုင္ငံအတြက္ အလုပ္လုပ္ေနျခင္းျဖစ္ပါတယ္။ႏိုင္ငံေအာက္တန္းက်ေနေသာေၾကာင့္၊

ႏိုင္ငံဆင္းရဲေနေသာေၾကာင့္ ႏိုင္ငံဒုကၡေရာက္ေနေသာေၾကာင့္ အလုပ္လုပ္ေနျခင္းျဖစ္ပါတယ္။

ကြၽန္ေတာ့္မွာ ဆႏၵတစ္ခုပဲရွိပါတယ္။

အဲဒါကေတာ့ တည္ၿငိမ္ေအးခ်မ္းတဲ့၊လြတ္လပ္ၿပီး တရားမွ်တတဲ့ မ်ိဳးဆက္သစ္ေတြအတြက္

အာမခံခ်က္ရွိတဲ့ ျမန္မာႏိုင္ငံျဖစ္ေစခ်င္တဲ့ ဆႏၵတစ္ခုပဲျဖစ္ပါတယ္။ႏိုင္ငံေတာ္သမၼတ

၊ႏိုင္ငံ့အႀကီးအကဲ ေဒၚေအာင္ဆန္းစုၾကည္တို႔လို ႏိုင္ငံ့အႀကီးအကဲႏွင့္

ႏိုင္ငံသားတစ္ေယာက္ကို အက်ိဳးအေၾကာင္းမရွိ အခ်ိန္မေ႐ြး မွ်တတဲ့အမ်ားလက္ခံတဲ့

ဥပေဒနဲ႔မဟုတ္ဘဲ ၾကက္ကေလး ငွက္ကေလး ဖမ္းသလို ဖမ္းၿပီးစီရင္ႏိုင္တဲ့၊တရားစြဲအမႈလုပ္ႏိုင္တဲ့

ႏိုင္ငံမျဖစ္ခ်င္ပါဘူး။လက္နက္အားကိုး၊လက္နက္ရွိတဲ့သူက အင္အားႀကီးတဲ့သူက အႏိုင္ရေနတဲ့ႏိုင္ငံ မျဖစ္ခ်င္ပါဘူး။

အဲဒိီလိုစနစ္ အဲဒိီလိုႏိုင္ငံမ်ိဳးမွာ ကိုကိုယ္တိုင္လည္း လူမျဖစ္ခ်င္သလို ကိုယ့္သားသမီး၊ကိုယ့္တပည့္၊

ကိုယ့္ရဲ႕မ်ိဳးဆက္သစ္ေတြကိုလည္း မထားခဲ့ခ်င္ပါဘူး မထားခဲ့ႏိုင္ပါဘူး။ဆရာတို႔ေဆးပညာနဲ႔

ေဆးကုသမႈ ေဆးေလာကအတြက္ကေတာ့ လူနာသာပထမ၊လူနာသာ အဓိကပါ။

မိမိအတြက္၊ကိုယ့္အတြက္၊ကိုယ္က်ိဳးအတြက္ဆိုတာ ေနာက္မွစဥ္းစားရတာျဖစ္ပါတယ္။

တို႔တိုင္းျပည္၊တို႔လူမ်ိဳး၊တို႔ျပည္သူေတြ၊တို႔လူနာေတြ ေကာင္းမြန္တဲ့ ေဆးကုသမႈမရခဲ့တာ

၊က်န္းမာေရးေစာင့္ေရွာက္မႈေတြ မရခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာေနပါၿပီ။

တို႔လူနာေတြ တို႔ျပည္သူေတြ ခံစားခဲ့ရ၊ေသခဲ့ရ၊နာခဲ့ရ၊နာက်င္စြာခံစားခဲ့ရတာေတြ ၾကာပါၿပီ။တို႔ဘယ္ေလာက္ပဲ

ႀကိဳးစားႀကိဳးစား တို႔ဘယ္ေလာက္ပဲအနစ္နာခံ အနစ္နာခံ တို႔ဘယ္ေလာက္ပဲစြန႔္လႊတ္ စြန႔္လႊတ္

မတိုးတက္ပါဘူး။တို႔လူနာေတြ မသက္သာပါဘူး။တို႔လူနာေတြ အသက္မရွင္ပါဘူး။

အဲဒါဘာေၾကာင့္လဲ စနစ္ေၾကာင့္ျဖစ္ပါတယ္။အဲဒီစနစ္ကိုေျပာင္းလဲပစ္မွ ရမယ္။တည္ၿငိမ္တဲ့

စနစ္တစ္ခုကို တို႔ တည္ေဆာက္ၾကရမယ္။အာမခံခ်က္ရွိတဲ့ တည္ၿမဲတဲ့ တည္ၿငိမ္တဲ့ လုံၿခဳံတဲ့စနစ္တစ္ခုကို

ရရွိမွျဖစ္ပါတယ္။အခုလိုထစ္ခနဲရွိ အာဏာသိမ္း၊ထစ္ခနဲရွိ ဖမ္းဆီး၊ထစ္ခနဲရွိ

ဖ်က္လိုက္၊ေျပာင္းလိုက္လုပ္ေနရင္ေတာ့ တို႔တေတြတည္ၿငိမ္တဲ့၊တည္ၿမဲတဲ့၊လုံၿခဳံတဲ့ဘဝ ဘယ္ေတာ့မွရမွာ မဟုတ္ေတာ့ပါဘူး။

အနာဂတ္ ေနာင္ကမာၻတည္သေ႐ြ႕ တို႔လူနာေတြေကာင္းေစဖို႔ အနာဂတ္ေနာင္ကမာၻတည္သေ႐ြ႕

တို႔လူနာေတြ နာက်င္မႈကင္းမဲ့ေစဖို႔ ေနာင္အနာဂတ္ ကမာၻတည္သေ႐ြ႕ တို႔လူနာေတြ

အသက္ရွည္ေစဖို႔ တို႔ ႀကိဳးစားၾကစို႔ တို႔စြန႔္လႊတ္ၾကစို႔ တို႔အနစ္နာခံၾကစို႔

တို႔အျပစ္တင္လည္းခံၾကစို႔ တို႔က်ိန္ဆဲလည္းခံၾကစို႔။ဒီအခ်ိန္မွာအနာဂတ္ ျမန္မာျပည္ေကာင္းစားဖို႔

အနာဂတ္ျပည္သူေတြေကာင္းစားဖို႔ အနာဂတ္လူနာေပါင္းမ်ားစြာအတြက္ တို႔တေတြအဓိဌာန္ျပဳၾကစို႔။

ကြၽႏ္ုပ္သည္ လူသားအားလုံးတို႔၏ ကိုယ္၏က်န္းမာေရး စိတ္၏ခ်မ္းသာေရးကို ကြၽႏ္ုပ္၏အေရးကဲ့သို႔

ယူဆပါအံ့။ကြၽႏ္ုပ္အားေဆးပညာသင္ၾကားေပးခဲ့ေသာ ဆရာသမားမ်ားအား မိဘသဖြယ္႐ိုေသ ေလးစားပါအံ့။

ကြၽႏ္ုပ္သည္လုပ္ေဖာ္ကိုဖက္ ေဆးပညာရွင္မ်ားကို ညီရင္းအကို ေမာင္ရင္းႏွမကဲ့သို႔ ေလးစားစြ

ာ ဆက္ဆံပါအံ့။ကြၽႏ္ုပ္သည္သမားေကာင္းတစ္ဦး၏ ကိုယ္က်င့္တရားႏွင့္

မြန္ျမတ္သည့္ ဂုဏ္သိကၡာအစဥ္အလာကို ထိန္းသိမ္းပါအံ့။

ကြၽႏ္ုပ္သည္ စည္းပူးတတ္ေျမာက္ထားေသာ ေဆးပညာျဖင့္ ဂီလာနပုဂၢိဳလ္မ်ား၏ က်န္းမေရးကို ..

ေစတနာ ေမတၱာေရွ႕ထား၍ လူမ်ိဳးဘာသာ ဆင္းရဲခ်မ္းသာမေ႐ြး စြမ္းစြမ္းတမံ ေစာင့္ေရွာက္ကုသပါအံ့။

ကြၽႏ္ုပ္သည္ ဂီလာနပုဂၢိဳလ္မ်ားကုသစဥ္ ေတြ႕ျမင္ၾကားသိရသည့္ လွ်ိဳ႕ဝွက္အပ္ေသာ

အတြင္းေရးကိစၥမ်ားကို ဖြင့္ဆိုအပ္သည္တို႔မွ လြဲ၍ မည္သည့္အခါတြင္မဆို ဖြင့္ဟျခင္းမွ ေရွာင္က်ဥ္ပါအံ့။

ကြၽႏ္ုပ္သည္ လူသားတို႔အား ေဘးဥပါတ္ ျဖစ္ေစမည့္ေဆး ေသေစတတ္သည့္ ေဆးမ်ားကို

ကိုယ္တိုင္ေပးျခင္းမွေသာ္လည္းေကာင္း၊သူတပါးအား ေပးေစျခင္းမွေသာ္လည္းေကာင္း အခါခပ္သိမ္း ေရွာင္က်ဥ္ပါအံ့။

ကြၽႏ္ုပ္သည္တရားမဝင္ေသာ ကုသျခင္းတို႔မွ အၿမဲတေစၦေရာင္က်ဥ္ပါအံ့။ကြၽႏ္ုပ္သည္

စည္းပူးတတ္ေျမာက္ထားေသာ ေဆးပညာျဖင့္ လူသားတို႔၏ ဘဝႏွင့္အသက္ကို တန္ဖိုးထားေလးစားစြာ

ကာကြယ္ေစာင့္ေရွာင့္ပါအံ့။ဤကတိသစၥာျပဳသိအတိုင္း ေဆာင္႐ြက္ပါေသာ္

အကြၽႏ္ုပ္သည္ ေကာင္းက်ိဳမဂၤလာအျဖာျဖာႏွင့္ ျပည့္စုံပါေစသား။

တို႔ဘယ္သူ႔ကိုမွမမုန္းဘူး ဒါေပမဲ့တို႔ျပည္သူေတြကို ေစတနာထားတဲ့သူ တို႔ျပည္သူေတြကို

လုံၿခဳံေစတဲ့သူ တို႔ျပည္သူေတြကို စိတ္ခ်မ္းသာေစတဲ့သူ တို႔ျပည္သူေတြကို

က်န္းမာေအာင္ အသက္ရွည္ေအာင္ထားႏိုင္တဲ့သူ တို႔ျပည္သူေတြကို

ထမင္းဝေအာင္ ေကြၽးႏိုင္တဲ့သူ တို႔ျပည္သူေတြကို စိတ္ခ်မ္းသာကိုယ္ခ်မ္းသာ ရွိေစႏိုင္တဲ့သူကို

သေဘာက်တယ္ ေထာက္ခံတယ္ ဦးေဆာင္ေစခ်င္တယ္ ခ်စ္တယ္

။တို႔ပညာေရး၊တို႔ကေလးေတြရဲ႕ပညာေရး တို႔မ်ိဳးဆက္သစ္ေတြရဲ႕ ပညာေရးအတြက္

ပညာေရးကို ဦးေဆာင္ေနသူ တစ္ေယာက္အေနနဲ႔ တကၠသိုလ္ေတြအားလုံးရဲ႕ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီ

ဥကၠဌတစ္ေယာက္အေနနဲ႔ လုံးဝ(လုံးဝ)စိတ္မေကာင္းဘူး။ထက္ျမက္တဲ့ ေတာ္တဲ့ ထူးခြၽန္တဲ့

ဦးေႏွာက္ေကာင္းတဲ့ သူေတြရွိေနလ်က္နဲ႔ တို႔ပညာေရးက ရွိသမွ်ကမာၻေပၚက

ႏိုင္ငံေတြထဲမွာ ေအာက္ဆုံးေရာက္ေနခဲ့တာ မေက်နပ္ဘူး။

ဒါဟာတစ္ရက္ တစ္မနက္ တစ္လ တစ္ႏွစ္ရႏိုင္တဲ့ ကိစၥမဟုတ္ဘူး ႏွစ္ေပါင္းမ်ားစြာႀကိဳးစားၾကမွတည္ေဆာက္ၾကမွ

အားထုတ္ၾကမွ တည္ၿငိမ္မွ ေအးခ်မ္းမွ သာယာဝေျပာမွ အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္

ေကာင္းမြန္တဲ့ အဆင့္ျမင့္တဲ့ပညာေရးကို ထားခဲ့ႏိုင္မွာျဖစ္တယ္။

အခုလိုစနစ္မ်ိဳး အခုလိုဘဝမ်ိဳး အခုလိုႏိုင္ငံမ်ိဳးမွာ ဘယ္လိုမွပညာေရးမတိုးတက္ႏိုင္ဘူး ပညာေရးက

မတည္ၿငိမ္ႏိုင္ဘူး လြတ္လပ္စြာပညာမသင္ၾကားႏိုင္ဘူး ေကာင္းမြန္တဲ့ အဆင့္ျမင့္တဲ့ပညာကို သင္ၾကားႏိုင္မွာ

မဟုတ္ဘူး။ကြၽန္ပညာေရး တပည့္ခံပညာေရးပဲရေနမွာ ျဖစ္တယ္ ထိုးထြင္းဉာဏ္မရ

ထိုးေဖာက္ေတြးေခၚခြင့္မရ အဖိႏွိပ္ခံပညာေရးပဲရမွာျဖစ္တယ္။

အခုကိစၥအခုအခ်ိန္မွာ အစိုးရိမ္ဆုံး၊စိတ္အထိခိုက္ဆုံး ေမွ်ာ္လင့္ခ်က္ေတြ အကင္းမဲ့ေစဆုံးကေတာ့

ငါတို႔ရဲ႕ပညာေရး အနာဂတ္ရဲ႕ ပညာေရး မ်ိဳးဆက္သစ္ရဲ႕ပညာေရးပဲျဖစ္တယ္

။မ်ိဳးဆက္သစ္တို႔ သားသမီးေျမးျမစ္တို႔ အေဖေတာင္းပန္ပါတယ္

အဖိုးေတာင္းပန္ပါတယ္ အေဖတို႔တာဝန္မေက်ခဲ့ဘူး အဖိုးတို႔တာဝန္မေက်ခဲ့ဘူး။အေဖတို႔ကိုယ့္အတြက္ပဲ

ၾကည့္ခဲ့ၾကတယ္ အေဖတို႔အဖိုးတို႔ တာဝန္ေက်ေအာင္ေဆာင္႐ြက္ၾကပါေတာ့မယ္။အေဖလို႔အဖိုးလို႔

အေခၚခံထိုက္တဲ့သူေတြျဖစ္ေအာင္ ႀကိဳးစားၾကမယ္ စြန႔္လႊတ္ၾကမယ္ တိုက္ပြဲဝင္ၾကပါေတာ့မယ္။

Civil Disobedient movement ေအာင္ျမင္ေအာင္ စနစ္တက်ေဆာင္႐ြက္ၾကရမယ္

ႀကိဳတင္ျပင္ဆင္ၾကဖို႔လိုအပ္တယ္။အေကာင္အထည္ေဖာ္ၾကဖို႔ ဝိုင္းဝန္းၾကဖို႔လိုအပ္တယ္။ဆရာဝန္ဆိုေတာ့

လူနာအတြက္စဥ္းစားရမွာပဲ အေရးေပၚအေျခအေနအတြက္ စဥ္းစားရမွာပဲ။ကိုယ္ခ်င္းစာစိတ္နဲ႔၊

ငါသာလူနာဆိုရင္ဆိုတဲ့ စိတ္နဲ႔စဥ္းစားၾကရမယ္

လူနာေနရာမွာငါတို႔ဆိုရင္ ဘာျဖစ္ခ်င္လဲဆိုတာ စဥ္းစားရမယ္။ေဝဒနာခံစားမႈကို သက္သာေပ်ာက္ကင္းေအာင္

တို႔ေဆာင္႐ြက္ၾကရမယ္။ပရဟိတအေရးေပၚဌာနေတြ ပရဟိတေဆးခန္းေတြ ပရဟိတေဆး႐ုံေတြ

ေနရာအတိအက်နဲ႔ ေဖာ္ျပၿပီးဖြင့္ရမယ္ အခမဲ့ကုသႏိုင္ေအာင္ စီစဥ္ၾကရမယ္။

စြန႔္လႊတ္ဖို႔၊စြန႔္စားဖို႔၊အေျခအေနမေကာင္းရင္ အႏွိပ္ဆက္ခံ အသက္ေပးဖို႔အထိ စဥ္းစားထားၾကရမယ္။

ဒါဟာတစ္ေန႔ တစ္ရက္ၿပီးသြားမဲ့ကိစၥမဟုတ္ဘူး တစ္ေန႔ တစ္ရက္နဲ႔မေအာင္ျမင္ႏိုင္ဘူး။

ေန႔ေပါင္းမ်ားစြာ၊လိုအပ္ရင္လေပါင္းမ်ားစြာ ငါတို႔ေဆာင္႐ြက္ရမယ့္ ငါတို႔စြန႔္လႊတ္ရမဲ့

ငါတို႔အနစ္နာခံရမဲ့ ငါတို႔ေပးဆပ္ရမဲ့ တိုက္ပြဲတစ္ခုျဖစ္တယ္။

သူတို႔ဟာ Infra structure ရွိၿပီးသား ႏွစ္ေပါင္းမ်ားစြာ စနစ္တက် တည္ေဆာက္ထားတဲ့

အေဆာက္အဦးႀကီး အဖြဲအစည္းႀကီးတဲ့ စနစ္ရွိၿပီးသားျဖစ္တဲ့သူေတြျဖစ္တယ္။ဒါေပမဲ့တို႔မွာတိုက္စရာ

ဒီလက္နက္ပဲရွိတယ္။တို႔ေတာ္လွန္ေၾကာင္း တို႔ညီၫြတ္ေၾကာင္း

တို႔စြန႔္လႊတ္ႏိုင္ေၾကာင္း တို႔ခိုင္မာေၾကာင္းတို႔ျပၾကရမယ္။ဒီနည္းလမ္းပဲရွိတယ္ ဒေၾကာင့္တို႔ဆုံးျဖတ္ခ်က္ခ်ၿပီးပ

တို႔ဆႏၵကိုေဖာ္ထုတ္ၾကမယ္ တို႔CDM ကိုလုပ္ဖို႔ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီ အေသးစိတ္ အစီအစဥ္ေတြ

ေရးဆြဲဖြဲ႕စည္းတည္ေဆာက္ရမယ္ တည္ဆာက္ေနတယ္ တို႔မရွိေတာ့ရင္ဘယ္သူဆက္မလဲ

ဘယ္သူဦးေဆာင္မလဲ ကြန္ယက္ဖြဲ႕စည္းရမယ္ ရည္႐ြယ္ခ်က္၊ဦးတည္ခ်က္၊မဆုတ္မနစ္တဲ့ဇြဲရွိတဲ့သူ

အနစ္နာခံႏိုင္တဲ့သူ အဖမ္းစီးခံႏိုင္တဲ့သူ၊အႏွိပ္ဆက္ခံႏိုင္တဲ့သူ အသက္ေပးႏိုင္တဲ့သူေတြ ပါဝင္ဦးေဆာင္ၾကရမယ္

အဆုံးစြန္ထိတိုက္ခိုက္ၾကရမယ္ အဆုံးစြန္အထိ ေတာ္လွန္ၾကရမယ္ အဆုံးစြန္အထိဆင္ႏႊဲၾကရမယ္။

ငါဘာမွမျဖစ္ခ်င္ဘူး ငါဘာမွမလိုခ်င္ဘူး ငါဘာမွာမေတာင္းဆိုဘူး။အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ေတြရွိတဲ့

အနာဂတ္အတြက္ အလင္းေရာင္ေတြျဖာေဝေနတဲ့ အနာဂတ္အတြက္

ထာဝရအာမခံခ်က္ရွိတဲ့ အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္ ေန႔သစ္တစ္ခု

ေခတ္သစ္တစ္ခု စနစ္သစ္တစ္ခုရရင္ ငါေသလို႔ရၿပီ”လို႔ပါေမာကၡ ေဒါက္တာေဇာ္ေဝစိုးက

ေရးသားလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။ပရိသတ္ႀကီးတို႔လည္း ေမွ်ာ္လင့္ေတာင့္တခဲ့ရတဲ့

ေမွ်ာ္လင့္ခ်က္အလင္းေရာင္ေတြကို အျမန္ဆုံးရရွိပိုင္ဆိုင္ႏိုင္ၾကပါေစလို႔

ေဘးအႏၲရာယ္ကင္းၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ေနာ္