News
စစ်အာဏာကိုဆန့်ကျင်သောရုံးဝန်ထမ်းများအားကူညီရန် We Support Heros အစီးအစဥ်တွင်ပါဝင်အားဖြည့်ကူညီသွားမဲ့ ခီ ဇနီးမောင်နှံ
Unicode
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ Civil Disobedience Movement
(အာဏာဖီဆန်ရေး လှုပ်ရှားမှု)မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းများအား ကူညီဆောင်ရွက်ရေးအတွက်
ဖွဲ့စည်းထားသော“We Support Heroes”အစီအစဉ်တွင် ပါဝင်ကာ အားဖြည့် ကူညီသွားမယ်လို့ သိရပါတယ်။
“အပြောင်းအလဲမှာ ပြည်သူ့ဝန်ထမ်းတွေအားလုံးက နိုင်ငံရဲ့သူရဲကောင်းတွေအဖြစ်မှတ်တမ်းထင်
ကျန်နေရစ်အောင် ကျနော်တို့အတူတူ ရင်ဆိုင် ကျော်ဖြတ်ကြရအောင်ပ ါ။
Civil Disobedience Movementos oတရားမှုကို ဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများ
အား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာရေးအလွှာစုံမှ ပြည်သူများက
ကူညီစောင့်ရှောက်ကြ 018? We Support Heroes Page m ကြေညာထားပါတယ်။
‘Civil Disobedience Movementosပါဝင်ကြမယ့် ပြည်သူ့ဝန်ထမ်းများရဲ့ နေရေးစားရေး
အခက်အခဲများကို အဆင်ပြေရေးအတွက်ကျနော်တို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်။
CDM လုပ်မယ့် ဝန်ထမ်းတွေအတွက် ကူညီပေးဖို့ရာ ဆက်သွယ်ပေးနိုင်ပါတယ်”လို့
ကြေညာထားပါတယ်။
.
ဒါ့အပြင် We Support Heroes အစီအစဉ်မှာဆရာတော် သုမင်္ဂလ (ဒယ်အိုးဆရာတော်)
၊အာဇာနည်၊ လင်းလင်း၊ ဇဏ်ခီ၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ ခရစ္စတီးနားခီ၊ မနီလာသိန်း
(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်း ပါဝင်ထားတယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်ကို ထပ်ပြီး အတူတူ ဝန်းရံပေးကြမယ့် အနုပညာရှင်များစွာလည်း
အသင့်ရှိနေကြပြီး၊ We Support Heroes အနေနဲ့“ပြည်သူ့ဆန္ဒနှင့် မညီသော
မတရားမှုများကိုဆန့်ကျင်မယ့် ပြည်သူ့ဝန်ထမ်းများကို ပြည်သူစောင့်ရှောက်ကြပါစို့”လို့ ဆိုပါတယ်။
“CDM လုပ်နေသော အခက်အခဲ ကြုံတွေ့နေတဲ့ ဝန်ထမ်းများအတွက် အတတ်နိုင်ဆုံး ကူညီပေးဖို့
We Support Heroes မှာ ကျနော်တို့ ရှိoşulosusi Civil Disobedience
Movement မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ကိုယ်ကျိုးစွန့် ပြည်သူ့ဝန်ထမ်းများအားလုံးကို
လေးစားပါတယ်။ Movement ကိုလည်းအပြည့်အဝထောက်ခံပါတယ်”လို့သရုပ်ဆောင်ဇဏ်ခီကဆိုပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီကလည်း “CDMပါဝင် လုပ်ဆောင်နေကြသော
ဝန်ထမ်းများအားကူညီပံ့ပိုးပေးသွားပါမယ်။ CDM လုပ်ဆောင်
နေသော နိုင်ငံ့ဝန်ထမ်းများအား လေးစား
ဂုဏ်ယူပါကြောင်းနဲ့ဒီလှုပ်ရှားမှုအား အားပေးထောက်ခံပါကြောင်းပြောကြားပါရစေ”
“CDM ဟာ လူထုရဲ့မနာခံမှုကို ပြသတဲ့ အထိရောက်ဆုံး လုပ်ဆောင်မှုတခု
ဖြစ်တဲ့အတွက်နိုင်ငံ့ဝန်ထမ်းမဟုတ်သော်လည်း အားလုံးနဲ့အတူ ရှိနေပါ့မယ်။
အောင်မြင်သည်အထိဆက်လက် လုပ်ဆောင်နိုင်ပါစေ။ အားလုံးဘေးရန်ကင်းကြပါစေ”လို့
ဆိုပါတယ်။‘We SupportHeroes’ 328 sao em cos?အဆိုတော် လင်းလင်းက
ဦးဆောင်လျက်ရှိပြီးအနုပညာအသိုင်းအဝိုင်းမှလည်းပါဝင်ကူညီပေးလာကြတာတွေ့ရပါတယ်။
Credit ဧရာဝတီ
zawgyi
Unicode
ကြေညာထားပါတယ်။
Credit ဧရာဝတီ