News

စစ္တပ္အာဏာသိမ္းမွုကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲမွာ ရဲတပ္ဖြဲ႕ဝင္ ၃ ဦး ပူးေပါင္းပါဝင္လာ

စစ္တပ္အာဏာသိမ္းမွုကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲမွာ ရဲတပ္ဖြဲ႕ဝင္ ၃ ဦး ပူးေပါင္းပါဝင္လာ

မေကြးၿမိဳ့မွာ ဆႏၵျပလူအုပ္ႀကီးကို အတားအဆီးမ်ားျပလုပ္တဲ့ ရဲတပ္ဖြဲ႕မ်ားထဲက

ရဲတပ္ဖြဲ႕ဝင္ ၃ ဦးက ဆႏၵျပသူေတြနဲ႔ ပူးေပါင္းပါဝင္လာၿပီလို့ သိရပါတယ္။

မေကြးၿမိဳ့၊ ေတာင္တြင္းလမ္း၊ ဆႏၵျပစစ္ေၾကာင္းကို ရဲတပ္ဖြဲ႕က ပိတ္ဆို့ထားတဲ့အတြက္ ဆႏၵျပသူေတြက

ရဲတပ္ဖြဲ႕ဝင္ေတြတားထားတဲ့ စည္းေတြေရွ႕မွာပဲ ထိုင္ၿပီးေတာ့ ဆႏၵေဖာ္ထုတ္ခဲ့ပါတယ္။

အဲဒီလို ဆႏၵေဖာ္ထုတ္တဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕က စည္း ၃ စည္းတားၿပီးေတာ့ တားဆီးမွုမ်ားလုပ္ေဆာင္ခဲ့တယ္လို့ သိရပါတယ္။

အဲဒီေနာက္ ေရျဖန္းပက္ၿပီး ဆႏၵျပပြဲကို ၿဖိဳခြင္းဖို့ကိုလည္း ရဲတပ္ဖြဲ႕က ၿဖိဳခြင္းဖို့ ႀကိဳးစားခဲ့ပါတယ္။

ဒီျဖစ္စဥ္ေတြအၿပီးမွာ တားဆီးမွုေတြျပဳလုပ္တဲ့ ရဲတပ္ဖြဲ႕ထဲမွာပါတြင္တဲ့

ရဲတပ္ဖြဲ႕ဝင္ ၃ ဦးက ဆႏၵျပသူေတြနဲ႔ ပူးေပါင္းပါဝင္ခဲ့ၿပီးတယ္လို့ သိရပါတယ္။.

unicode

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပူးပေါင်းပါဝင်လာ

မကွေးမြို့မှာ ဆန္ဒပြလူအုပ်ကြီးကို အတားအဆီးများပြလုပ်တဲ့ ရဲတပ်ဖွဲ့များထဲက

ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်လာပြီလို့ သိရပါတယ်။

မကွေးမြို့၊ တောင်တွင်းလမ်း၊ ဆန္ဒပြစစ်ကြောင်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့အတွက် ဆန္ဒပြသူတွေက

ရဲတပ်ဖွဲ့ဝင်တွေတားထားတဲ့ စည်းတွေရှေ့မှာပဲ ထိုင်ပြီးတော့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အဲဒီလို ဆန္ဒဖော်ထုတ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့က စည်း ၃ စည်းတားပြီးတော့ တားဆီးမှုများလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရေဖြန်းပက်ပြီး ဆန္ဒပြပွဲကို ဖြိုခွင်းဖို့ကိုလည်း ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေအပြီးမှာ တားဆီးမှုတွေပြုလုပ်တဲ့ ရဲတပ်ဖွဲ့ထဲမှာပါတွင်တဲ့

ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီးတယ်လို့ သိရပါတယ်။