News

ရန်ကုန်ပြည်သူတွေရဲ့ပထမခြေလှမ်းအောင်မြင်မှုရခဲ့

unicode

ယနေ့မနက်ပိုင်းတွင် သန်လျင်နှင့် လှိုင်သာယာမြို့နယ်တို့မှ ရန်ကုန်မြို့တွင်းသို့ ဝင်ထွက်သွားလာနိုင်သည့်

ကလဝဲ၊ အောင် ဇေယျ၊ ဘုရင့်နောင် တံတားများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က

ဘယ်ရီဂိတ်များ ချကာ မနက် ၄ နာရီမှ ၈ နာရီခွဲအထိ ပိတ် ဆို့ထားခြင်း ဖြစ်ပွားခဲ့သည်။

တံတားထိပ်တွင် ပိတ်မိနေသူများမှာ အလုပ်သွားမည့်သူများ၊ ကုန်ရောင်းကုန်ဝယ်သွားမည့် သူများလည်း ပါဝင်နေသည်။

ပိတ်ဆို့ခံထားရသည့် လူထုသည် စစ်အာဏာရှင် အလို မရှိကြောင်း တို့အရေးဟု တံတားထိပ်များတွင်

ကြွေးကြော်ပြီး တံတားပြန်ဖွင့်ပေးရန် တောင်းဆိုသည့်နောက်တွင် ပိတ်ဆို့ထားသည်ကို ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။..

တံတားများကို ပိတ်ဆို့လိုက်ရခြင်း အဓိက အကြောင်းအရင်းမှာ ရန်ကုန်မြို့တွင်းရှိ ဆူးလေ၊

လှည်းတန်းနေရာများတွင် စစ် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်

မပူးပေါင်းနိုင်ရန် ဖြစ်ကြောင်းလည်း သိရှိရသည်။

ရန်ကုန်မြို့တွင်း လူဦးရေ သိန်းဂဏန်းက ဖေဖော်ဝါရီ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင်

ဆူးလေမြို့တော် ခန်းမရှေ့၊ မဟာ ဗန္ဓုလ ပန်းခြံရှေ့၊ လှည်းတန်းလမ်းဆုံတဝိုက်တို့တွင်

စုဝေးကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ထားသည်။

မြို့တွင်း လမ်းမများပေါ်တွင်လည်း စီတန်းလှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖမ်းဆီးထားသည့်

ရွေးကောက်ခံ အရပ်သား အစိုးရအဖွဲ့ကို ပြန်လွှတ်ပေးရေးများ တောင်းဆိုနေသည်။

ထိုသို့ ဆန့်ကျင်ဆန္ဒပြမှုများကို မနှစ်သက်သဖြင့် အာဏာပိုင်များက ဖေဖော်ဝါရီ ၈ ရက်တွင်

တနိုင်ငံလုံး၌ လူ ၅ ဦးထက် ပိုမစုရ၊ စုဝေးဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကို အသုံးပြုကာ

စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်းများ မပြုလုပ်ရန် တားမြစ်စာ ထုတ်ခဲ့သည်။

ထိုတားမြစ်စာထဲတွင် ည ၈ နာရီမှ မနက် ၄ နာရီအထိ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် စသည့်

လမ်းမတိုင်းတွင် ထွက်ခွင့် မရှိကြောင်းလည်း အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။

zawgyi

ယေန႔မနက္ပိုင္းတြင္ သန္လ်င္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္တို႔မွ ရန္ကုန္ၿမိဳ႕တြင္းသို႔ ဝင္ထြက္သြားလာႏိုင္သည့္

ကလဝဲ၊ ေအာင္ ေဇယ်၊ ဘုရင့္ေနာင္ တံတားမ်ားကို တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕က

ဘယ္ရီဂိတ္မ်ား ခ်ကာ မနက္ ၄ နာရီမွ ၈ နာရီခြဲအထိ ပိတ္ ဆို႔ထားျခင္း ျဖစ္ပြားခဲ့သည္။

တံတားထိပ္တြင္ ပိတ္မိေနသူမ်ားမွာ အလုပ္သြားမည့္သူမ်ား၊ ကုန္ေရာင္းကုန္ဝယ္သြားမည့္ သူမ်ားလည္း ပါဝင္ေနသည္။

ပိတ္ဆို႔ခံထားရသည့္ လူထုသည္ စစ္အာဏာရွင္ အလို မရွိေၾကာင္း တို႔အေရးဟု တံတားထိပ္မ်ားတြင္

ေႂကြးေၾကာ္ၿပီး တံတားျပန္ဖြင့္ေပးရန္ ေတာင္းဆိုသည့္ေနာက္တြင္ ပိတ္ဆို႔ထားသည္ကို ျပန္ဖြင့္ေပးခဲ့ျခင္း ျဖစ္သည္။..

တံတားမ်ားကို ပိတ္ဆို႔လိုက္ရျခင္း အဓိက အေၾကာင္းအရင္းမွာ ရန္ကုန္ၿမိဳ႕တြင္းရွိ ဆူးေလ၊

လွည္းတန္းေနရာမ်ားတြင္ စစ္ အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ားတြင္

မပူးေပါင္းႏိုင္ရန္ ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ရန္ကုန္ၿမိဳ႕တြင္း လူဦးေရ သိန္းဂဏန္းက ေဖေဖာ္ဝါရီ ၆ ရက္၊ ၇ ရက္ႏွင့္ ၈ ရက္တို႔တြင္

ဆူးေလၿမိဳ႕ေတာ္ ခန္းမေရွ႕၊ မဟာ ဗႏၶဳလ ပန္းၿခံေရွ႕၊ လွည္းတန္းလမ္းဆုံတဝိုက္တို႔တြင္

စုေဝးကာ စစ္အာဏာရွင္ကို ဆန႔္က်င္ေၾကာင္း ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳလုပ္ထားသည္။

ၿမိဳ႕တြင္း လမ္းမမ်ားေပၚတြင္လည္း စီတန္းလွည့္လည္ကာ စစ္အာဏာရွင္ဆန႔္က်င္ေရး၊ ဖမ္းဆီးထားသည့္

ေ႐ြးေကာက္ခံ အရပ္သား အစိုးရအဖြဲ႕ကို ျပန္လႊတ္ေပးေရးမ်ား ေတာင္းဆိုေနသည္။

ထိုသို႔ ဆန႔္က်င္ဆႏၵျပမႈမ်ားကို မႏွစ္သက္သျဖင့္ အာဏာပိုင္မ်ားက ေဖေဖာ္ဝါရီ ၈ ရက္တြင္

တႏိုင္ငံလုံး၌ လူ ၅ ဦးထက္ ပိုမစုရ၊ စုေဝးေဟာေျပာျခင္း၊ ယာဥ္တမ်ိဳးမ်ိဳးကို အသုံးျပဳကာ

စီတန္းလွည့္လည္ျခင္း၊ လႈံ႕ေဆာ္ဆႏၵျပျခင္းမ်ား မျပဳလုပ္ရန္ တားျမစ္စာ ထုတ္ခဲ့သည္။

ထိုတားျမစ္စာထဲတြင္ ည ၈ နာရီမွ မနက္ ၄ နာရီအထိ လမ္းသြယ္၊ လမ္းၾကား၊ ဥယ်ာဥ္ စသည့္

လမ္းမတိုင္းတြင္ ထြက္ခြင့္ မရွိေၾကာင္းလည္း အမိန႔္ေၾကညာစာ ထုတ္ျပန္ထားသည္။