Celebrities


စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း TNLA ပြသ

တနိုင်ငံလုံးတွင် ပြုလုပ်နေသည့် တပ်မတော် အာဏာသိမ်းမှုကို

ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် လှုပ်ရှားမှုကို

ထောက်ခံကြောင်းနှင့် သဘောထား တရပ်တည်းရှိကြောင်း ပလောင် (တအာင်း)

အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ အရာရှိတချို့က ပြသလိုက်သည်။

TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က အဆိုပါ ဓာတ်ပုံနှင့်

အတူ ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာထက်တွင်

“We, Secretariats of PSLF/TNLA heartily support C.D.M…

Military Regime Fail Down … စစ်အာဏာရှင် ကျဆုံးပါစေ” ဟု လွန်ခဲ့သည့်

မိနစ်ပိုင်းက ရေးတင်ထားသည်ကို တွေ့ရသည်။

TNLA သည် တတိုင်းပြည်လုံး လုပ်ဆောင်နေသည့် စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုကို

ထောက်ခံကြောင်း ပထမဆုံး ပြသလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်လာသည်။

Mizzima

zawgyi













Mizzima