News

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလို့ မပျော်ပါနဲ့ဆိုတဲ့ ပန်ဆယ်လို…

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလို့ မပျော်ပါနဲ့။

လှောင်ပိတ်ခံနေရတဲ့လူထုဟာ လမ်းပေါ်ကို

ပွင့်ထွက်လာကြတာမို့ အင်တာနက်ပြန်ဖွင့်ပြီး စိတ်ထွက်ပေါက်ပြန်ပေးတာပါ။

မနေ့က လမ်းပေါ်ကို လူတွေ စထွက်လာတယ်။

လူစုရခက်အောင်၊ ခြောက်ခြားသွားအောင် နာရီပိုင်းအတွင်း အင်တာနက်ပိတ်ချလိုက်တယ်။

ညမှာ သံပုံးတီးသံက ပိုကျယ်လာတယ်။

ရပ်ကွက်တွေထဲမှာ အမေစုလွတ်ပြီလို့ လိုက်အော်ပြီး False Hope တွေ ပေးတယ်။

ဒီနေ့ လမ်းပေါ်မှာ လူတွေ ပိုများလာပြီ။

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်တယ်။

သူတို့ ဘယ်လိုအကွက်တွေခင်းခင်းပါ။

အမေစုကိုယ်တိုင် လွတ်ပါပြီလို့ မိန့်ခွန်းထွက်မပြောမချင်း လုပ်စရာရှိတာ ဆက်လုပ်ကြမယ်။

မနက်ဖြန် CDM ကို အရှိန်အဟုန်မြှင့်ကြမယ်။

သပိတ်ကြောင်းကို အရှိန်မဟုန်မြှင့်ကြမယ်။

သံပုံးကို နာနာတီးကြမယ်။

ပန်ဆယ်လို လမ်းပေါ်မထွက်ဘူးလား မေးမယ်ဆိုရင်

နေရာအတိအကျ ပြောလို့ရတဲ့အခြေအနေမရှိပေမယ့် လူတွေထဲမှာ အတူရှိနေပါတယ်။

ကိုယ်က မြေပြင်မှာ ဦးဆောင်နိုင်သူမဟုတ်တဲ့ သာမန်လူပါ။

ကိုယ့်အင်အားက Online မှာပဲ ရှိတာမို့ Online ကို အာရုံစိုက် လုပ်မှာ ဖြစ်ပေမယ့်…..

စိတ္ခ်ပါ….

၂၁ အရေးအခင်းမှာ ငါမပါခဲ့ဘူးဆိုတာကို ငါကိုယ်တိုင် လက်မခံနိုင်ဘူး။

ယုံ

အခုအချိန်မှာ ငါ့ဘဝက ပျက်ပြီးသား

နောက်လှည့်စရာ မကျန်ဘူး။

FightForDemocracy

အိ ပန် ဆယ် လို

zawgyi

အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးလို႔ မေပ်ာ္ပါနဲ႔။

ေလွာင္ပိတ္ခံေနရတဲ့လူထုဟာ လမ္းေပၚကို

ပြင့္ထြက္လာၾကတာမို႔ အင္တာနက္ျပန္ဖြင့္ၿပီး စိတ္ထြက္ေပါက္ျပန္ေပးတာပါ။

မေန႔က လမ္းေပၚကို လူေတြ စထြက္လာတယ္။

လူစုရခက္ေအာင္၊ ေျခာက္ျခားသြားေအာင္ နာရီပိုင္းအတြင္း အင္တာနက္ပိတ္ခ်လိုက္တယ္။

ညမွာ သံပုံးတီးသံက ပိုက်ယ္လာတယ္။

ရပ္ကြက္ေတြထဲမွာ အေမစုလြတ္ၿပီလို႔ လိုက္ေအာ္ၿပီး False Hope ေတြ ေပးတယ္။

ဒီေန႔ လမ္းေပၚမွာ လူေတြ ပိုမ်ားလာၿပီ။

အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးလိုက္တယ္။

သူတို႔ ဘယ္လိုအကြက္ေတြခင္းခင္းပါ။

အေမစုကိုယ္တိုင္ လြတ္ပါၿပီလို႔ မိန႔္ခြန္းထြက္မေျပာမခ်င္း လုပ္စရာရွိတာ ဆက္လုပ္ၾကမယ္။

မနက္ျဖန္ CDM ကို အရွိန္အဟုန္ျမႇင့္ၾကမယ္။

သပိတ္ေၾကာင္းကို အရွိန္မဟုန္ျမႇင့္ၾကမယ္။

သံပုံးကို နာနာတီးၾကမယ္။

ပန္ဆယ္လို လမ္းေပၚမထြက္ဘူးလား ေမးမယ္ဆိုရင္

ေနရာအတိအက် ေျပာလို႔ရတဲ့အေျခအေနမရွိေပမယ့္ လူေတြထဲမွာ အတူရွိေနပါတယ္။

ကိုယ္က ေျမျပင္မွာ ဦးေဆာင္ႏိုင္သူမဟုတ္တဲ့ သာမန္လူပါ။

ကိုယ့္အင္အားက Online မွာပဲ ရွိတာမို႔ Online ကို အာ႐ုံစိုက္ လုပ္မွာ ျဖစ္ေပမယ့္…..

စိတၡ္ပါ….

၂၁ အေရးအခင္းမွာ ငါမပါခဲ့ဘူးဆိုတာကို ငါကိုယ္တိုင္ လက္မခံႏိုင္ဘူး။

ယုံ

အခုအခ်ိန္မွာ ငါ့ဘဝက ပ်က္ၿပီးသား

ေနာက္လွည့္စရာ မက်န္ဘူး။

FightForDemocracy

အိ ပန္ ဆယ္ လို