News


သံတောင်ကြီး ဌာနဆိုင်ရာဝန်ထမ်းများအား အာဏာသိမ်းမှုကို ထောက်ခံကြောင်း လက်မှတ်ထိုးခိုင်း

ပဲခူးတိုင်း သံတောင်ကြီး မြို့နယ်က အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို ဒီနေ့မနက်က စလို့ စစ်တပ်၏

အာဏာသိမ်းမှုအပေါ် သဘောတူ ထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းနေတယ်လို့ ကာယကံရှင်ဝန်ထမ်းအချို့ဆီက သိရပါတယ်။

အခုလို လက်မှတ်ထိုးခိုင်းတာကို ဝန်ထမ်းအများစုက လက်မခံသဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းလိုက်နာပါဆိုပြီး

ထပ်မံညွှန်ကြားခဲ့တယ်လို့ သံတောင်ကြီးမြို့နယ်ရှိ ဌာနတခုမှ လက်ထောက်ညွှန်ကြားရေးမှူးတဦးက ပြောပါတယ်။

စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်ပွဲတွေကို ရန်ကုန်တိုင်း အပါအဝင်

နိုင်ငံတဝန်း မြို့တွေမှာ ကျင်းပနေကြတာ ဒီနေ့နဲ့ဆို ၂ ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်

zawgyi






