News

အိမ္ကိုျပန္လို႔ ခိုင္းလိုက္ရင္ေတာင္ ေနစရာအိမ္ မရွိတဲ့ သမၼတႀကီးနဲ႔ သမၼတျဖစ္ဖို႔ေပးဆပ္ခဲ့ရတဲ့ ေၾကကြဲဖြယ္ရာ ဘဝ အပိုင္းအစမ်ား

အိမ္ကိုျပန္လို႔ ခိုင္းလိုက္ရင္ေတာင္ ေနစရာအိမ္ မရွိတဲ့ သမၼတႀကီးနဲ႔ သမၼတျဖစ္ဖို႔ေပးဆပ္ခဲ့ရတဲ့ ေၾကကြဲဖြယ္ရာ ဘဝ အပိုင္းအစမ်ား

အိမ္ကိုျပန္လို႔ ခိုင္းလိုက္ရင္ေတာင္ ေနစရာအိမ္ မရွိတဲ့ သမၼတႀကီးနဲ႔ သမၼတျဖစ္ဖို႔ေပးဆပ္ခဲ့ရတဲ့ ေၾကကြဲဖြယ္ရာ

ဘဝ အပိုင္းအစမ်ားသမၼတ ဦးဝင္းျမင့္ဟာ လက္ရွိသမၼတရာထူးကို လုယူခံရၿပီဆိုေတာ့ သူ႔ကို ေထာင္ထဲ မပို႔ဘဲ

အိမ္ကိုျပန္လို႔ စစ္တပ္က ခိုင္းလိုက္ရင္ သူ႔မွာ အိမ္မရွိဘူး။ႏိုင္ငံေတာ္သမၼတတစ္ေယာက္က ကိုယ္ပိုင္အိမ္ေတာင္ မရွိရွာဘူး။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေအာင္ႏိုင္ေရးစရိတ္ မရွိလို႔ သူ႔မွာရွိတဲ့ ေက်ာက္ေျမာင္းက တိုက္ခန္းေလးကိုေရာင္းၿပီး

ေ႐ြး ေကာက္ပြဲဝင္ၿပိဳင္ခဲ့တာ..အဲ့ဒီတုန္းက ျပည္သူ႔သမၼတအျဖစ္ အစိုးရတာဝန္ထမ္းေဆာင္ခဲ့ေပမယ့္ အခုေတာ့

အိမ္ဆိုတာ ဘယ္မွာမွန္း မသိေတာ့တဲ့ သမၼတႀကီးေရ..ကိုယ္က်ိဴးဆိုတာ

လုံးဝမၾကည့္တဲ့ သမၼတႀကီးေရအခုေတာ့ ခင္ဗ်ား ဘယ္လိုလုပ္မလည္း

သမၼတႀကီး ဦးဝင္းျမင့္ရဲ႕ ကန႔္လန႔္ကာေနာက္ကြယ္ကေၾကကြဲဖြယ္ရာ ဘဝအပိုင္းအစမ်ား..ဇနီးသည္ ေဒၚခ်ိဳဟာ

႐ုတ္တရက္ မမွတ္မိခဲ့ပါဘူး။ပိန္ခ်ဳံးၿပီး အရင္႐ုပ္ ဖမ္းလို႔ မရေအာင္ ႐ုပ္ပ်က္ေနခဲ့တယ္လို႔ ေဒၚခ်ိဳက

ေျပာျပခဲ့ပါတယ္။အဲလို ျပန္လႊတ္ ေပးတဲ့အခ်ိန္မွာပဲ ဦးဝင္းျမင့္ ပါတီက ႏုတ္ထြက္ရင္ ေမာ္ေတာ္ကားပါမစ္၊

တီးအီးကားႀကီးတစီးနဲ႔ သယ္ ေဆာင္လာတဲ့ အိမ္အသုံးအေဆာင္ ပစၥည္းေတြကို ေပးမယ္လို႔ စည္း႐ုံးခဲ့ေပမယ့္ ဦးဝင္းျမင့္က ျငင္းပါတယ္။

ရလဒ္က သားျဖစ္သူ အသုဘလည္းၿပီး ေထာင္ထဲကိုပဲ ျပန္ပို႔ခံရပါတယ္။အသုဘၿပီးေတာ့ ေထာင္ထဲမွာ

တိုက္ပိတ္ခံခဲ့ရတယ္။ေကြၽးတဲ့ ထမင္းနဲ႔ ေပးတဲ့ေရက အဆင္မေျပေပမယ့္ မေသေအာင္ သူ ႀကိတ္မွိတ္

စားခဲ့ရတယ္။အဲဒီတိုက္ထဲမွာ ေလငန္းမျဖစ္ေအာင္ သူေတာ္ေတာ္ ႀကိဳးစားခဲ့ရတယ္။အဲဒီအခ်ိန္မွာ ေထာင္ထဲကို

ICRC က လာ စစ္ေတာ့ သူ႔နာမည္ ေမးတဲ့အခါ ေထာင္က မရွိဘူးလို႔ လိမ္ခဲ့တယ္။

အဲဒီလိုနဲ႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ ICRC ေထာင္က ျပန္တဲ့အခါမွာ ဦးဝင္းျမင့္ကို

ေထာင္ထဲကထုတ္၊ရန္ကုန္က ရဲမြန္ကို ပို႔ၿပီး ထမင္းဟင္းေကာင္းေကာင္း ေကြၽး၊ က်န္းမာေရး ေစာင့္ေရွာက္မႈတခ်ိဳ႕

ပါေပးခဲ့လို႔ပိန္ခ်ဳံးၿပီး ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနတဲ့ ဦးဝင္းျမင့္တေယာက္ ေသေဘးက လြတ္ခဲ့ရပါတယ္။ဦးဝင္းျမင့္

ပုံမွန္ ျပန္ျဖစ္လာလို႔ ICRC ကို ေခၚၿပီး ေတြ႕ခြင့္ေပးခဲ့တဲ့အခ်ိန္မွာေတာ့ ဦးဝင္းျမင့္ကို အဲဒီအဖြဲ႕က သူတို႔ သိခ်င္တာေတြ ေမးပါေတာ့တယ္။

ဦးဝင္းျမင့္ကလည္း ဒီေနရာမွာ ေျပာလို႔ အဆင္မေျပလို႔ ေထာင္ထဲက ကြင္းႀကီး တခုဆီကို လိုက္ႏိုင္ရင္

ေျပာျပမယ္လို႔ ဆိုတဲ့အခါICRC က လူေတြဟာ ခုံေတြမၿပီး ဦးဝင္းျမင့္ေနာက္ကို လိုက္ခဲ့ၾကပါတယ္။

ဘာလို႔ဆိုရင္ ေထာင္က စီစဥ္ေပးတဲ့ေနရာက အသံဖမ္းစက္ေတြ ျပည့္ေနလို႔ပါပဲ။အဲဒီလိုနဲ႔ ဦးဝင္းျမင့္ကို

ႏိုင္ငံေရးက ထြက္ေအာင္ မစည္း႐ုံးႏိုင္ခဲ့လို႔ သူ႔မိသားစုဝင္ေတြ ျဖစ္တဲ့ ဇနီး ေဒၚခ်ိဳ၊

ကေလး ၂ ေယာက္ကိုလည္း စည္း႐ုံးဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။

ဒုတိယႏွစ္ တက္ေနတဲ့ သားကို ေနမေကာင္းရင္ ေဆးကုဖို႔ ပိုက္ဆံလိုရင္ ေျပာဖို႔၊ ေဆးကုေပးမယ္ဆိုၿပီး

စည္း႐ုံးခဲ့တယ္လို႔ သိရပါတယ္။ေဒၚခ်ိဳကေတာ့ ခင္ပြန္းျဖစ္သူရဲ႕ ရပ္တည္ခ်က္ အတိုင္းပဲလို႔ တုန႔္ျပန္ခဲ့ပါတယ္

။သမီးႀကီးျဖစ္သူကိုလည္း စည္း႐ုံးလို႔ မရတဲ့အခါ အလုပ္ေတြမွာ အဆင္မေျပေအာင္

လိုက္ေႏွာက္ယွက္တာေၾကာင့္ေနာက္ဆုံးမွာ စင္ကာပူႏိုင္ငံကို ထြက္သြားခဲ့ရၿပီး

ရတဲ့ဝင္ေငြနဲ႔ မိသားစုကို ျပန္လည္ေထာက္ပံ့ေပးခဲ့ရတာပါ။

ဒီဇာတ္လမ္းေတြကို ျပန္ေျပာျပခဲ့တဲ့ အခု ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝလႈိင္ထြန္းဟာ

ဇာတ္လမ္း မၿပီးခင္မွာ ၃ ႀကိမ္ထက္ မနည္း မ်က္ရည္ေတြ က်ခဲ့ပါတယ္။ဒီလိုနဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ

အႏိုင္ရၿပီးေနာက္ အသက္ ၆၈ ႏွစ္ရွိၿပီျဖစ္တဲ့ ဦးဝင္းျမင့္ဟာ ျပည္သူ႔ လႊတ္ေတာ္ ဥကၠ႒ ျဖစ္လာတဲ့

အခါတဦးတည္း က်န္ေတာ့တဲ့ သမီးျဖစ္သူ မဂၤလာေဆာင္ကို မည္သည့္ မဂၤလာ လက္ဖြဲ႕ကိုမွ လက္ခံျခင္း မျပဳလို႔..

ဆုံးျဖတ္ခ်က္ကို ဦးဝင္းျမင့္ ကိုယ္တိုင္ ခ်ခဲ့တာလို႔ သမက္ျဖစ္သူ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးမိုးက

ဆိုပါတယ္။အဲဒီ မဂၤလာေဆာင္ကိုေတာင္ ဟိုတယ္မွာ ခမ္းခမ္းနားနား မလုပ္ဘဲ အက်ဥ္းခ်ဳံး က်င္းပဖို႔

အထိ ဆုံးျဖတ္တာေၾကာင့္ဇနီးျဖစ္သူ ေဒၚခ်ိဳဟာ ေဒၚေအာင္ဆန္းစုၾကည္ကို သြားေရာက္.

.အကူအညီေတာင္းလို႔ မဂၤလာပြဲကို သင့္တင့္ေအာင္ က်င္းပႏိုင္ခဲ့တာလို႔ သိရပါတယ္။

“သူက ဆုံးျဖတ္ၿပီးရင္ ျပန္ကို မျပင္ဘူး။သူမွန္တယ္ထင္ရာ လုပ္တတ္ေတာ့ ေဒၚခ်ိဳက

မဂၤလာေဆာင္ကိစၥမွာ ေဒၚစုကို သြားေျပာရတယ္။ေဒၚစု ေျပာရင္ေတာ့

သူ (ဦးဝင္းျမင့္) နားေထာင္တယ္” လို႔ ဦးေဝလႈိင္ထြန္းက ေျပာပါတယ္။

unicode

အိမ်ကိုပြန်လို့ ခိုင်းလိုက်ရင်တောင် နေစရာအိမ် မရှိတဲ့ သမ္မတကြီးနဲ့ သမ္မတဖြစ်ဖို့ပေးဆပ်ခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ဘဝ အပိုင်းအစများ

အိမ်ကိုပြန်လို့ ခိုင်းလိုက်ရင်တောင် နေစရာအိမ် မရှိတဲ့ သမ္မတကြီးနဲ့ သမ္မတဖြစ်ဖို့ပေးဆပ်ခဲ့ရတဲ့ ကြေကွဲဖွယ်ရာ

ဘဝ အပိုင်းအစများသမ္မတ ဦးဝင်းမြင့်ဟာ လက်ရှိသမ္မတရာထူးကို လုယူခံရပြီဆိုတော့ သူ့ကို ထောင်ထဲ မပို့ဘဲ

အိမ်ကိုပြန်လို့ စစ်တပ်က ခိုင်းလိုက်ရင် သူ့မှာ အိမ်မရှိဘူး။နိုင်ငံတော်သမ္မတတစ်ယောက်က ကိုယ်ပိုင်အိမ်တောင် မရှိရှာဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးစရိတ် မရှိလို့ သူ့မှာရှိတဲ့ ကျောက်မြောင်းက တိုက်ခန်းလေးကိုရောင်းပြီး

ရွေး ကောက်ပွဲဝင်ပြိုင်ခဲ့တာ..အဲ့ဒီတုန်းက ပြည်သူ့သမ္မတအဖြစ် အစိုးရတာဝန်ထမ်းဆောင်ခဲ့ပေမယ့် အခုတော့

အိမ်ဆိုတာ ဘယ်မှာမှန်း မသိတော့တဲ့ သမ္မတကြီးရေ..ကိုယ်ကျိူးဆိုတာ

လုံးဝမကြည့်တဲ့ သမ္မတကြီးရေအခုတော့ ခင်ဗျား ဘယ်လိုလုပ်မလည်း

သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ကန့်လန့်ကာနောက်ကွယ်ကကြေကွဲဖွယ်ရာ ဘဝအပိုင်းအစများ..ဇနီးသည် ဒေါ်ချိုဟာ

ရုတ်တရက် မမှတ်မိခဲ့ပါဘူး။ပိန်ချုံးပြီး အရင်ရုပ် ဖမ်းလို့ မရအောင် ရုပ်ပျက်နေခဲ့တယ်လို့ ဒေါ်ချိုက

ပြောပြခဲ့ပါတယ်။အဲလို ပြန်လွှတ် ပေးတဲ့အချိန်မှာပဲ ဦးဝင်းမြင့် ပါတီက နုတ်ထွက်ရင် မော်တော်ကားပါမစ်၊

တီးအီးကားကြီးတစီးနဲ့ သယ် ဆောင်လာတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ပေးမယ်လို့ စည်းရုံးခဲ့ပေမယ့် ဦးဝင်းမြင့်က ငြင်းပါတယ်။

ရလဒ်က သားဖြစ်သူ အသုဘလည်းပြီး ထောင်ထဲကိုပဲ ပြန်ပို့ခံရပါတယ်။အသုဘပြီးတော့ ထောင်ထဲမှာ

တိုက်ပိတ်ခံခဲ့ရတယ်။ကျွေးတဲ့ ထမင်းနဲ့ ပေးတဲ့ရေက အဆင်မပြေပေမယ့် မသေအောင် သူ ကြိတ်မှိတ်

စားခဲ့ရတယ်။အဲဒီတိုက်ထဲမှာ လေငန်းမဖြစ်အောင် သူတော်တော် ကြိုးစားခဲ့ရတယ်။အဲဒီအချိန်မှာ ထောင်ထဲကို

ICRC က လာ စစ်တော့ သူ့နာမည် မေးတဲ့အခါ ထောင်က မရှိဘူးလို့ လိမ်ခဲ့တယ်။

အဲဒီလိုနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ထောင်က ပြန်တဲ့အခါမှာ ဦးဝင်းမြင့်ကို

ထောင်ထဲကထုတ်၊ရန်ကုန်က ရဲမွန်ကို ပို့ပြီး ထမင်းဟင်းကောင်းကောင်း ကျွေး၊ ကျန်းမာရေး စောင့်ရှောက်မှုတချို့

ပါပေးခဲ့လို့ပိန်ချုံးပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ဦးဝင်းမြင့်တယောက် သေဘေးက လွတ်ခဲ့ရပါတယ်။ဦးဝင်းမြင့်

ပုံမှန် ပြန်ဖြစ်လာလို့ ICRC ကို ခေါ်ပြီး တွေ့ခွင့်ပေးခဲ့တဲ့အချိန်မှာတော့

ဦးဝင်းမြင့်ကို အဲဒီအဖွဲ့က သူတို့ သိချင်တာတွေ မေးပါတော့တယ်။

ဦးဝင်းမြင့်ကလည်း ဒီနေရာမှာ ပြောလို့ အဆင်မပြေလို့ ထောင်ထဲက ကွင်းကြီး တခုဆီကို လိုက်နိုင်ရင်

ပြောပြမယ်လို့ ဆိုတဲ့အခါICRC က လူတွေဟာ ခုံတွေမပြီး ဦးဝင်းမြင့်နောက်ကို လိုက်ခဲ့ကြပါတယ်။

ဘာလို့ဆိုရင် ထောင်က စီစဉ်ပေးတဲ့နေရာက အသံဖမ်းစက်တွေ ပြည့်နေလို့ပါပဲ။အဲဒီလိုနဲ့ ဦးဝင်းမြင့်ကို

နိုင်ငံရေးက ထွက်အောင် မစည်းရုံးနိုင်ခဲ့လို့ သူ့မိသားစုဝင်တွေ ဖြစ်တဲ့ ဇနီး ဒေါ်ချို၊

ကလေး ၂ ယောက်ကိုလည်း စည်းရုံးဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒုတိယနှစ် တက်နေတဲ့ သားကို နေမကောင်းရင် ဆေးကုဖို့ ပိုက်ဆံလိုရင် ပြောဖို့၊ ဆေးကုပေးမယ်ဆိုပြီး

စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ဒေါ်ချိုကတော့ ခင်ပွန်းဖြစ်သူရဲ့ ရပ်တည်ချက် အတိုင်းပဲလို့ တုန့်ပြန်ခဲ့ပါတယ်

။သမီးကြီးဖြစ်သူကိုလည်း စည်းရုံးလို့ မရတဲ့အခါ အလုပ်တွေမှာ အဆင်မပြေအောင်

လိုက်နှောက်ယှက်တာကြောင့်နောက်ဆုံးမှာ စင်ကာပူနိုင်ငံကို ထွက်သွားခဲ့ရပြီး

ရတဲ့ဝင်ငွေနဲ့ မိသားစုကို ပြန်လည်ထောက်ပံ့ပေးခဲ့ရတာပါ။

ဒီဇာတ်လမ်းတွေကို ပြန်ပြောပြခဲ့တဲ့ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းဟာ

ဇာတ်လမ်း မပြီးခင်မှာ ၃ ကြိမ်ထက် မနည်း မျက်ရည်တွေ ကျခဲ့ပါတယ်။ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ

အနိုင်ရပြီးနောက် အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းမြင့်ဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတဲ့

အခါတဦးတည်း ကျန်တော့တဲ့ သမီးဖြစ်သူ မင်္ဂလာဆောင်ကို မည်သည့် မင်္ဂလာ လက်ဖွဲ့ကိုမှ လက်ခံခြင်း မပြုလို့..

ဆုံးဖြတ်ချက်ကို ဦးဝင်းမြင့် ကိုယ်တိုင် ချခဲ့တာလို့ သမက်ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက

ဆိုပါတယ်။အဲဒီ မင်္ဂလာဆောင်ကိုတောင် ဟိုတယ်မှာ ခမ်းခမ်းနားနား မလုပ်ဘဲ အကျဉ်းချုံး ကျင်းပဖို့

အထိ ဆုံးဖြတ်တာကြောင့်ဇနီးဖြစ်သူ ဒေါ်ချိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်.

.အကူအညီတောင်းလို့ မင်္ဂလာပွဲကို သင့်တင့်အောင် ကျင်းပနိုင်ခဲ့တာလို့ သိရပါတယ်။

“သူက ဆုံးဖြတ်ပြီးရင် ပြန်ကို မပြင်ဘူး။သူမှန်တယ်ထင်ရာ လုပ်တတ်တော့ ဒေါ်ချိုက

မင်္ဂလာဆောင်ကိစ္စမှာ ဒေါ်စုကို သွားပြောရတယ်။ဒေါ်စု ပြောရင်တော့

သူ (ဦးဝင်းမြင့်) နားထောင်တယ်” လို့ ဦးဝေလှိုင်ထွန်းက ပြောပါတယ်။