စစ္တပ္ ဆရာဝန္မ်ား လာေရာက္ပါက အလုပ္မဆင္းဟု ပုသိမ္ေဆး႐ုံႀကီးစီမံေကာ္မတီ ဆုံးျဖတ္
စစ္တပ္က ဆရာဝန္ေတြ၊ သူနာျပဳေတြ ဝင္ေရာက္လာပါက ပုသိမ္ ေဆး႐ုံအုပ္ႀကီးအပါအဝင္ အထူးကုဆရာဝန္ႀကီးေတြ
လက္ေထာက္ဆရာဝန္မ်ားေတြနဲ႔ သူနာျပဳအားလုံး အလုပ္မဆင္းေတာ့ဘူးလို႔ ေၾကညာလိုက္ပါတယ္။
ေဖေဖာ္ဝါရီ ၅ ရက္ေန႔ ပုသိမ္ေဆး႐ုံႀကီးစီမံေကာ္မတီ အစည္းအေဝးဆုံးျဖတ္ခ်က္အရ
အသိေပးေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။ေဆး႐ုံမွာ က်န္ရွိေနတဲ့ လူနာေတြကိုေတာ့
ဆက္လက္ကုသေပးမွာျဖစ္ၿပီး ေနာက္ထပ္လူနာသစ္ေတြကို လက္မခံေတာ့ေၾကာင္း၊
ကိုဗစ္သံသလူနာေတြနဲ႔ ကိုဗစ္လူနာမ်ားကို တပ္မေတာ္ေဆး႐ုံကို
ဆက္လက္လႊဲပို႔ေပးမယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ပုသိမ္ေဆး႐ုံမွ လက္ေထာက္အထူးကုဆရာဝန္ေတြကလည္း ဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔
သမၼတဦးဝင္းျမင့္ အပါအဝင္ အစိုးရအဖြဲ႕ဝင္ေတြ၊ ဒီမိုကေရစီတက္ႂကြလႈပ္ရွားသူေတြကို
အျမန္ဆုံးျပန္လႊတ္ေပးဖို႔၊ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့
ျပည္သူ႔အစိုးရကို အာဏာျပန္လည္အပ္ႏွင္းဖို႔၊ ႏိုင္ငံရင္ၾကားေစ့ေရးအတြက္ ႏိုင္ငံတကာက ေတာင္းဆိုထားတဲ့
နည္းအတူ ဥပေဒေဘာင္အတြင္းမွ တာဝန္ရွိသူေတြနဲ႔ ေစ့စပ္ေဆြးေႏြဖို႔လည္း ေတာင္းဆိုထားပါတယ္။
ေတာင္းဆိုခ်က္ေတြကို မလိုက္ေလ်ာမခ်င္း ၿငိမ္းခ်မ္းစြာ ဆႏၵ ထုတ္ေဖာ္မွာျဖစ္ၿပီး ႏိုင္ငံတဝန္းလုံးရွိ
ျပည္သူမ်ားတစ္ရပ္လုံးနဲ႔ အစိုးရဝန္ထမ္းမ်ားအေနနဲ႔လည္း
တခဲနက္ ၿငိမ္းခ်မ္းစြာ ပူးေပါင္းေဆာင္႐ြက္ဖို႔ တိုက္တြန္းထားပါတယ္။
unicode
စစ်တပ် ဆရာဝန်များ လာရောက်ပါက အလုပ်မဆင်းဟု ပုသိမ်ဆေးရုံကြီးစီမံကော်မတီ ဆုံးဖြတ်
စစ်တပ်က ဆရာဝန်တွေ၊ သူနာပြုတွေ ဝင်ရောက်လာပါက ပုသိမ် ဆေးရုံအုပ်ကြီးအပါအဝင် အထူးကုဆရာဝန်ကြီးတွေ
လက်ထောက်ဆရာဝန်များတွေနဲ့ သူနာပြုအားလုံး အလုပ်မဆင်းတော့ဘူးလို့ ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ ပုသိမ်ဆေးရုံကြီးစီမံကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ
အသိပေးကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ဆေးရုံမှာ ကျန်ရှိနေတဲ့ လူနာတွေကိုတော့
ဆက်လက်ကုသပေးမှာဖြစ်ပြီး နောက်ထပ်လူနာသစ်တွေကို လက်မခံတော့ကြောင်း၊
ကိုဗစ်သံသလူနာတွေနဲ့ ကိုဗစ်လူနာများကို တပ်မတော်ဆေးရုံကို
ဆက်လက်လွှဲပို့ပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပုသိမ်ဆေးရုံမှ လက်ထောက်အထူးကုဆရာဝန်တွေကလည်း ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့
သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို
အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့
ပြည်သူ့အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့၊ နိုင်ငံရင်ကြားစေ့ရေးအတွက် နိုင်ငံတကာက တောင်းဆိုထားတဲ့
နည်းအတူ ဥပဒေဘောင်အတွင်းမှ တာဝန်ရှိသူတွေနဲ့ စေ့စပ်ဆွေးနွေဖို့လည်း တောင်းဆိုထားပါတယ်။
တောင်းဆိုချက်တွေကို မလိုက်လျောမချင်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်မှာဖြစ်ပြီး နိုင်ငံတဝန်းလုံးရှိ
ပြည်သူများတစ်ရပ်လုံးနဲ့ အစိုးရဝန်ထမ်းများအနေနဲ့လည်း
တခဲနက် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။