nicode
ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို တုန့်ပြန်စာရေးသားလိုက်တဲ့ တေးသံရှင် G
The Voice Myanmar Season 3 ကနေတစ်ဆင့်ပရိသတ်အားပေးမှုရရှိလာတဲ့ တေးသံရှင် G ဟာ
လတ်တလောမှာဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံနေရပါတယ်။
ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့ တေးသံရှင် G က သူရဲ့ လူမှုကွန်ရက်စာမျက်နှာ
ကနေ ဖေဖော် ဝါရီလ ၄ ရက်နေ့ ညပိုင်းက ပြန်လည် တုန့်ပြန်ဖြေရှင်းခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က G ရဲ့မိခင်ဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်
ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန်အပ်လိုက် တာနဲ့ပတ်
သက်ပြီးပရိသတ် တွေကြား မှာ အတော်လေးပြင်းထန်စွာ ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။
“နိုင်ငံရေးအကြောင်းမပြောချင်လို့ကို ဘာမှမပြောပဲနေနေတာ။ ဒါပေမယ့် ညီမကို ဒီထဲဆွဲထည့် နေတဲ့
သူတွေများလာတော့ အခုဝင်ပြောပါ့မယ်။ ညီမသာ နိုင်ငံရေးကို အစထဲက ဝင်ပါခဲ့ရင် နိုင်ငံရေးကိုပဲ
အစထဲကလုပ်မှာ။ ပရဟိတထဲတောင် ဝင်ခဲ့မှာ မဟုတ်ဘူး။ နိုင်ငံရေးကို ထူးထူးခြားခြား ဝါသနာမပါ
ပေမယ့် ပြည်သူတစ်ယောက် အနေနဲ့တော့ အခုလိုအဖြစ်အပျက်ကြီးကို
ဂရုတော့စိုက်သင့်တယ်လို့ အကုန်လုံးက ထင်မှာပဲ။ မှန်ပါတယ်။ ညီမလည်း
ဂရုစိုက်ပါတယ်။ အမေဖြစ်နေလို့ ဘာမှဝင်မပြော တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပရဟိတသမား
တစ်ယောက် အနေနဲ့ ဝင်မပါသင့်လို့ ကိုယ့်ခံယူ ချက်ကို ကိုယ်စိတ်ထဲပဲထားတာပါ။ နေက်ဆုံး ထုတ်ပြောရင် တောင်
ကိုယ်နဲ့လူချင်းသိတဲ့သူတွေကိုပဲ ထုတ်ပြောမှာပါ။ ညီမဘဝသည် အမေ့ဘ၀ မဟုတ်သလို၊ အမေ့ဘဝသည်လည်း
ညီမဘ၀ မဟုတ်ပါ။ ကိုယ်ဝါသနာ ပါတာကိုပဲ လုပ်ကြတာပါ။ နိုင်ငံရေးထဲ ဝင်မပါချင်ရင်တောင်
မတရားမှုကိုတော့ နှုတ် ပိတ် ပြီး မနေသင့်ဘူးလို့
တချို့ကလည်းပြောမှာပါ။ ဒါကတော့ ညီမ မလေ့လာထားတဲ့ ဘာသာရပ် ဖြစ်လို့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ
ဆရာဝင် မလုပ်ချင်တာပါ။ နိုင်ငံရေးမပြောနဲ့ဘယ်နေရာ မှာမဆို မတရားမှုကတော့ ရှိတာပါပဲ။
ညီမ ကိုယ်ဘာသာကိုယ်နေပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေတာ တောင် နိုင်ငံရေးထဲ
ဆွဲထည့်ပြီးတော့ ဆဲနေကြတာလည်း အရမ်းတော့ မတရားဘူး။ ဒါကလည်း ညီမ ဘာမှမတတ်နိုင်တဲ့ကိစ္စပါ။
အဲဒီလိုပဲ မတရားမှုတွေအများစုက ကိုယ်ဘာမှ မတတ်နိုင်တာတွေ များပါ တယ်။
တစ်မိသားစုလုံးကိုမုန်းတယ်ဆိုလည်း ရတယ်။ အမေ့ကိုမုန်းပြီး ညီမကိုမမုန်းလည်းရတယ်။ အမေ့ကိုမမုန်းလည်း
ညီမကိုမုန်းလို့ရတယ်။ ပရဟိတသမားတစ်ယောက်အနေနဲ့တော့ လူကိုလူလို မြင်ရမယ့် တာဝန်ရှိပါတယ်။
ညီမတို့က အသက်အရွယ်မရွေး၊ ကျား မ မရွေး၊ လူမျိုးဘာသာမရွေး၊ ဝါနီစိမ်းပြာ မရွေး
ကူညီဖို့အဆင်သင့်ပါပဲ” လို့ လူမှုကွန်ရက် စာမျက်နှာကနေရေးသားထားတာပါ။
ဆက်လက်ပြီးတော့လည်း G က မတရားတာတွေကြုံရင် ပေါက်ကွဲတတ်တာ လူ့သဘာဝဖြစ်တာ
ကြောင့် သူရေးသားထားတဲ့ post တွေအောက်မှာလည်း ဝင်ဆဲပြီး ပေါက်ကွဲလို့ရတယ်လို့လည်း ရေးသားထားပါသေးတယ်။
credit သိမ့်
Zawgyi
ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို တုန႔္ျပန္စာေရးသားလိုက္တဲ့ ေတးသံရွင္ G
The Voice Myanmar Season 3 ကေနတစ္ဆင့္ပရိသတ္အားေပးမႈရရိွလာတဲ့ ေတးသံရွင္ G ဟာ
လတ္တေလာမွာျဖစ္ေပၚေနတဲ့ ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြခံေနရပါတယ္။
ေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေတးသံရွင္ G က သူရဲ့ လူမႈကြန္ရက္စာမ်က္ႏွာကေန
ေဖေဖာ္ ဝါရီလ ၄ ရက္ေန့ ညပိုင္းက ျပန္လည္ တုန႔္ျပန္ေျဖရွင္းခဲ့ပါတယ္။
ေဖေဖာ္ဝါရီလ ၄ ရက္ေန့က G ရဲ့မိခင္ျဖစ္သူ ေဒါက္တာသက္သက္ခိုင္ကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ ေရးႏွင့္ျပန္လည္ေနရာ
ခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ခန္အပ္လိုက္ တာနဲ႔ပတ္ သက္ၿပီးပရိသတ္ ေတြၾကား
မွာ အေတာ္ေလးျပင္းထန္စြာ ေဝဖန္မႈေတြထြက္ေပၚလာခဲ့ပါတယ္။
“ႏိုင္ငံေရးအေၾကာင္းမေျပာခ်င္လို႔ကို ဘာမွမေျပာပဲေနေနတာ။ ဒါေပမယ့္ ညီမကို ဒီထဲဆြဲထၫ့္ ေနတဲ့
သူေတြမ်ားလာေတာ့ အခုဝင္ေျပာပါ့မယ္။ ညီမသာ ႏိုင္ငံေရးကို အစထဲက ဝင္ပါခဲ့ရင္ ႏိုင္ငံေရးကိုပဲ
အစထဲကလုပ္မွာ။ ပရဟိတထဲေတာင္ ဝင္ခဲ့မွာ မဟုတ္ဘူး။ ႏိုင္ငံေရးကို ထူးထူးျခားျခား ဝါသနာမပါ ေပမယ့္
ျပည္သူတစ္ေယာက္ အေနနဲ႔ေတာ့ အခုလိုအျဖစ္အပ်က္ႀကီးကို ဂရုေတာ့စိုက္သင့္တယ္လို
႔ အကုန္လံုးက ထင္မွာပဲ။ မွန္ပါတယ္။ ညီမလည္း
ဂရုစိုက္ပါတယ္။ အေမျဖစ္ေနလို႔ ဘာမွဝင္မေျပာ တာလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ပရဟိတသမား တစ္ေယာက္
အေနနဲ႔ ဝင္မပါသင့္လို႔ ကိုယ့္ခံယူ ခ်က္ကို ကိုယ္စိတ္ထဲပဲထားတာပါ။ ေနက္ဆံုး ထုတ္ေျပာရင္ ေတာင္
ကိုယ္နဲ႔လူခ်င္းသိတဲ့သူေတြကိုပဲ ထုတ္ေျပာမွာပါ။ ညီမဘဝသည္ အေမ့ဘ၀ မဟုတ္သလို၊ အေမ့ဘဝသည္လည္း
ညီမဘ၀ မဟုတ္ပါ။ ကိုယ္ဝါသနာ ပါတာကိုပဲ လုပ္ၾကတာပါ။ ႏိုင္ငံေရးထဲ
ဝင္မပါခ်င္ရင္ေတာင္ မတရားမႈကိုေတာ့ ႏႈတ္ ပိတ္ ၿပီး မေနသင့္ဘူးလို႔
တခ်ိဳ႕ကလည္းေျပာမွာပါ။ ဒါကေတာ့ ညီမ မေလ့လာထားတဲ့ ဘာသာရပ္ ျဖစ္လို႔ ကိုယ္မကြၽမ္းက်င္တဲ့ နယ္ပယ္မွာ
ဆရာဝင္ မလုပ္ခ်င္တာပါ။ ႏိုင္ငံေရးမေျပာနဲ႔ဘယ္ေနရာ မွာမဆို မတရားမႈကေတာ့ ရိွတာပါပဲ။
ညီမ ကိုယ္ဘာသာကိုယ္ေနၿပီး ကိုယ့္အလုပ္ကိုယ္ လုပ္ေနတာ ေတာင္ ႏိုင္ငံေရးထဲ
ဆြဲထၫ့္ၿပီးေတာ့ ဆဲေနၾကတာလည္း အရမ္းေတာ့ မတရားဘူး။ ဒါကလည္း ညီမ ဘာမွမတတ္ႏိုင္တဲ့ကိစၥပါ။
အဲဒီလိုပဲ မတရားမႈေတြအမ်ားစုက ကိုယ္ဘာမွ မတတ္ႏိုင္တာေတြ မ်ားပါ တယ္။
တစ္မိသားစုလံုးကိုမုန္းတယ္ဆိုလည္း ရတယ္။ အေမ့ကိုမုန္းၿပီး ညီမကိုမမုန္းလည္းရတယ္။ အေမ့ကိုမမုန္းလည္း
ညီမကိုမုန္းလို႔ရတယ္။ ပရဟိတသမားတစ္ေယာက္အေနနဲ႔ေတာ့ လူကိုလူလို ျမင္ရမယ့္ တာဝန္ရိွပါတယ္။
ညီမတို႔က အသက္အရြယ္မေရြး၊ က်ား မ မေရြး၊ လူမ်ိဳးဘာသာမေရြး၊ ဝါနီစိမ္းျပာ မေရြး ကူညီဖို႔အဆင္သင့္ပါပဲ”
လို႔ လူမႈကြန္ရက္ စာမ်က္ႏွာကေနေရးသားထားတာပါ။
ဆက္လက္ၿပီးေတာ့လည္း G က မတရားတာေတြႀကံဳရင္ ေပါက္ကြဲတတ္တာ လူ႔သဘာဝျဖစ္တာ ေၾကာင့္
သူေရးသားထားတဲ့ post ေတြေအာက္မွာလည္း ဝင္ဆဲၿပီး ေပါက္ကြဲလို႔ရလို႔လည္း ေရးသားထားပါေသးတယ္။
credit သိမ့္