နေပြည်တော် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ညွှန်ချုပ်တွေရဲ့ ရှက်ဖွယ်လုပ်ရပ်..
စာရင်းစစ်ချုပ်ရုံးက ညွှန်ချုပ်များအားရှုံ့ချပါတယ်..
နေပြည်တော် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှာ ဓါတ်ပုံထွက်ရိုက်တဲ့ လူစာရင်းကောက်ပါတယ်။ ပြီးတော့
ဖုန်းတွေကိုသိမ်းပြီး စစ်ပါတယ်။ ပုံတွေတင်ထားတာကို ဖျက်ခိုင်းပါတယ်တဲ့။ ဒီ CDM Campaign
လုပ်တဲ့သူတွေနဲ့ Friend ဖြစ်နေရင် Unfriend ခိုင်းပါတယ်တဲ့။ နိုင်ငံရေးလုပ်ချင်ရင် အလုပ်ထွက်ပြီးမှ
ခေါင်းဆောင်လုပ်ကြလို့လည်း ပြောပါတယ်တဲ့။ ညွှန်ချုပ်တွေက လုပ်နေတာပါ..
အပေါ်ကစာနဲ့ပုံတွေကို စာရင်းစစ်ချုပ်ရုံးက မိတ်ဆွေက သူတို့ကိုယ်စားတင်ပေးဖို့ တောင်းဆိုလာလို့ပါ။
သူတို့ကိုတော့ အတင်းအကျပ် ဖျက်ခိုင်းလို့ပါတဲ့။ ဒါဟာ ကျမတို့ နိုင်ငံသားတွေရဲ့ လွတ်လပ်တဲ့လူ့အခွင့်အရေးကို
ပွင့်ပွင့်လင်းလင်းကြီး စော်ကားချိုးဖောက်နေတာပါ။ ဒီလိုတွေလုပ်လို့ CDM Campaign
တွေကို နောက်တွန့်သွားလို့ မရဘဲ ပိုပြီး ရှေ့ဆက်တိုးရမှာပါ။
ကျမတို့ဟာ ပဒေရာဇ်ခေတ်မှာ မဟုတ်ပါဘူး။ အာဏာရှင်အုပ်ချုပ်ရေးကို အလိုမရှိပါဘူး။
အာဏာရှင်လက်ကိုင်တုတ်တွေရဲ့ လုပ်ရပ်ကို ရှုံ့ချပါတယ်။ CDM ရှေ့ဆက်ဖို့
ကျမတို့က တတ်နိုင်သမျှအားလုံးနဲ့ အကူအညီပေးသွားပါ့မယ်။
zawgyi
ေနျပည္ေတာ္ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ုံးက ၫႊန္ခ်ဳပ္ေတြရဲ႕ ရွက္ဖြယ္လုပ္ရပ္..
စာရင္းစစ္ခ်ဳပ္႐ုံးက ၫႊန္ခ်ဳပ္မ်ားအားရႈံ႕ခ်ပါတယ္..
ေနျပည္ေတာ္ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ုံးမွာ ဓါတ္ပုံထြက္႐ိုက္တဲ့ လူစာရင္းေကာက္ပါတယ္။ ၿပီးေတာ့
ဖုန္းေတြကိုသိမ္းၿပီး စစ္ပါတယ္။ ပုံေတြတင္ထားတာကို ဖ်က္ခိုင္းပါတယ္တဲ့။ ဒီ CDM Campaign
လုပ္တဲ့သူေတြနဲ႔ Friend ျဖစ္ေနရင္ Unfriend ခိုင္းပါတယ္တဲ့။ ႏိုင္ငံေရးလုပ္ခ်င္ရင္ အလုပ္ထြက္ၿပီးမွ
ေခါင္းေဆာင္လုပ္ၾကလို႔လည္း ေျပာပါတယ္တဲ့။ ၫႊန္ခ်ဳပ္ေတြက လုပ္ေနတာပါ..
အေပၚကစာနဲ႔ပုံေတြကို စာရင္းစစ္ခ်ဳပ္႐ုံးက မိတ္ေဆြက သူတို႔ကိုယ္စားတင္ေပးဖို႔ ေတာင္းဆိုလာလို႔ပါ။
သူတို႔ကိုေတာ့ အတင္းအက်ပ္ ဖ်က္ခိုင္းလို႔ပါတဲ့။ ဒါဟာ က်မတို႔ ႏိုင္ငံသားေတြရဲ႕ လြတ္လပ္တဲ့လူ႔အခြင့္အေရးကို
ပြင့္ပြင့္လင္းလင္းႀကီး ေစာ္ကားခ်ိဳးေဖာက္ေနတာပါ။ ဒီလိုေတြလုပ္လို႔ CDM Campaign
ေတြကို ေနာက္တြန႔္သြားလို႔ မရဘဲ ပိုၿပီး ေရွ႕ဆက္တိုးရမွာပါ။
က်မတို႔ဟာ ပေဒရာဇ္ေခတ္မွာ မဟုတ္ပါဘူး။ အာဏာရွင္အုပ္ခ်ဳပ္ေရးကို အလိုမရွိပါဘူး။
အာဏာရွင္လက္ကိုင္တုတ္ေတြရဲ႕ လုပ္ရပ္ကို ရႈံ႕ခ်ပါတယ္။ CDM ေရွ႕ဆက္ဖို႔
က်မတို႔က တတ္ႏိုင္သမွ်အားလုံးနဲ႔ အကူအညီေပးသြားပါ့မယ္။