ရွှေတိဂုံဘုရားကို ပြန်ဖွင့်မယ့်ရက်ကို ကြေညာလိုက်ပြီ (ဖွင့်ပွဲပါ လုပ်ပြီး ပြန်ဖွင့်မှာပါ)
ကိုဗစ်ရောဂါကာလအတွင်း ပြည်သူတွေ လာရောက်ဖူးမြော်ခွင့် ခေတ္တပိတ်ပင်ထားတဲ့ ရွှေတိဂုံစေတီတော်ကို
ဖေဖော်ဝါရီ ၈ ရက်က စတင်ပြီး ပြန်လည် ဖူးမြော်ခွင့်ပြုတော့မယ်လို့ စေတီတော် ဂေါပကအဖွဲ့ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီမှာ ဆရာတော်ကြီးများ ၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး
ဖွင့်ပွဲကျင်းပပြီးချိန်ကစလို့ ပြည်သူတွေလာရောက် ဖူးမြော်နိုင်မယ်လို့ သိရပါတယ်။
“၈ရက်နေ့ ဖွင့်မှာ သေချာတယ်။ အကြမ်းဖျင်းပြောရရင် မနက်ပိုင်းမှာ ဆရာတော်၊ သံဃာတော်ကြီးတွေနဲ့
ထေကြီးဝါကြီးတွေနဲ့ ဖွင့်ပွဲလုပ်မယ်။ ဖွင့်ပွဲက ၅နာရီလုပ်မှာ။ လူထုက အဲဒီနောက် ပိုင်းကစပြီး မနက်၆နာရီ
၇နာရီဖြစ်သွားမှာပေါ့ အဲဒီအချိန်ကစပြီး ဖူးလို့ရပါမယ်” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ပြောပါတယ်။
ရွှေတိဂုံစေတီတော်ကို မူလက ပြန်လည်ဖွင့်လှစ်ရာမှာ ကိုဗစ် စည်းမျည်းသတ်မှတ်ချက်တွေနဲ့
ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် ယခုပြန်လည်ဖွင့်လှစ်မယ့် အစီအစဉ် အသေးစိတ် ကိုတော့
မနက်ဖြန် ဖေဖော်ဝါရီ ၆ရက်မှာ သာသနာရေးဝန်ကြီးဌာနက ကြေညာပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အသေးစိတ်ကိုတော့ ကျွန်တော်တို့လည်း ကောင်းကောင်းမသိသေးဘူး။ သာသနာရေးဝန်ကြီးဌာနက
ထုတ်ပြန်မှာ။ မနက်ဖြန်သတင်းစာမှာ ပါလိမ့်မယ်။ အသေးစိတ်တော့ အဲဒီမှာပဲ ပါလိမ့်မယ်” လို့
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ပြောပါတယ်။
ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်မြို့ရဲ့ အထင်ကရစေတီပုထိုးတွေကို ကိုဗစ်ပထမလှိုင်း
စတင်ချိန်ကတည်းက ဖူးမြော်ခွင့် ပိတ်ထားခဲ့တာဖြစ်ပြီး ကိုဗစ်စည်းကမ်းတွေနဲ့ အညီ ပုံစံသစ်နဲ့
စာရင်းပေးဖူးမြော်ဖို့ ၂၀၂၀ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော် ပြန်ဖွင့်ပြီဆိုပါက လာရောက်ဖူးမြော်လိုသူတွေအနေနဲ့ ရင်ပြင်တော်မှာ အချိန်
တစ်နာရီခန့်သာနေပြီး ဖူးမြော်ခွင့်ရမယ်လို့ ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့က ဒီဇင်ဘာလနှောင်းပိုင်းက
ပြောကြားခဲ့ဖူးပေမဲ့ ယခုပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ထားရှိမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
zawgyi
ေ႐ႊတိဂုံဘုရားကို ျပန္ဖြင့္မယ့္ရက္ကို ေၾကညာလိုက္ၿပီ (ဖြင့္ပြဲပါ လုပ္ၿပီး ျပန္ဖြင့္မွာပါ)
ကိုဗစ္ေရာဂါကာလအတြင္း ျပည္သူေတြ လာေရာက္ဖူးေျမာ္ခြင့္ ေခတၱပိတ္ပင္ထားတဲ့ ေ႐ႊတိဂုံေစတီေတာ္ကို
ေဖေဖာ္ဝါရီ ၈ ရက္က စတင္ၿပီး ျပန္လည္ ဖူးေျမာ္ခြင့္ျပဳေတာ့မယ္လို႔ ေစတီေတာ္ ေဂါပကအဖြဲ႕ထံက သိရပါတယ္။
ေဖေဖာ္ဝါရီ ၈ ရက္ နံနက္ ၅ နာရီမွာ ဆရာေတာ္ႀကီးမ်ား ၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ားနဲ႔ ဖြင့္ပြဲျပဳလုပ္မွာျဖစ္ၿပီး
ဖြင့္ပြဲက်င္းပၿပီးခ်ိန္ကစလို႔ ျပည္သူေတြလာေရာက္ ဖူးေျမာ္ႏိုင္မယ္လို႔ သိရပါတယ္။
“၈ရက္ေန႔ ဖြင့္မွာ ေသခ်ာတယ္။ အၾကမ္းဖ်င္းေျပာရရင္ မနက္ပိုင္းမွာ ဆရာေတာ္၊ သံဃာေတာ္ႀကီးေတြနဲ႔
ေထႀကီးဝါႀကီးေတြနဲ႔ ဖြင့္ပြဲလုပ္မယ္။ ဖြင့္ပြဲက ၅နာရီလုပ္မွာ။ လူထုက အဲဒီေနာက္ ပိုင္းကစၿပီး မနက္၆နာရီ
၇နာရီျဖစ္သြားမွာေပါ့ အဲဒီအခ်ိန္ကစၿပီး ဖူးလို႔ရပါမယ္” လို႔ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ဝင္ ဦးေအးထြန္းက ေျပာပါတယ္။
ေ႐ႊတိဂုံေစတီေတာ္ကို မူလက ျပန္လည္ဖြင့္လွစ္ရာမွာ ကိုဗစ္ စည္းမ်ည္းသတ္မွတ္ခ်က္ေတြနဲ႔
ျပန္လည္ဖြင့္လွစ္ဖို႔ စီစဥ္ထားေပမယ့္ ယခုျပန္လည္ဖြင့္လွစ္မယ့္ အစီအစဥ္ အေသးစိတ္ ကိုေတာ့
မနက္ျဖန္ ေဖေဖာ္ဝါရီ ၆ရက္မွာ သာသနာေရးဝန္ႀကီးဌာနက ေၾကညာေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။
“အေသးစိတ္ကိုေတာ့ ကြၽန္ေတာ္တို႔လည္း ေကာင္းေကာင္းမသိေသးဘူး။ သာသနာေရးဝန္ႀကီးဌာနက
ထုတ္ျပန္မွာ။ မနက္ျဖန္သတင္းစာမွာ ပါလိမ့္မယ္။ အေသးစိတ္ေတာ့ အဲဒီမွာပဲ ပါလိမ့္မယ္” လို႔
ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ဝင္ ဦးေအးထြန္းက ေျပာပါတယ္။
ေ႐ႊတိဂုံေစတီေတာ္အပါအဝင္ ရန္ကုန္ၿမိဳ႕ရဲ႕ အထင္ကရေစတီပုထိုးေတြကို ကိုဗစ္ပထမလႈိင္း
စတင္ခ်ိန္ကတည္းက ဖူးေျမာ္ခြင့္ ပိတ္ထားခဲ့တာျဖစ္ၿပီး ကိုဗစ္စည္းကမ္းေတြနဲ႔ အညီ ပုံစံသစ္နဲ႔
စာရင္းေပးဖူးေျမာ္ဖို႔ ၂၀၂၀ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။
ေ႐ႊတိဂုံေစတီေတာ္ ျပန္ဖြင့္ၿပီဆိုပါက လာေရာက္ဖူးေျမာ္လိုသူေတြအေနနဲ႔ ရင္ျပင္ေတာ္မွာ အခ်ိန္
တစ္နာရီခန႔္သာေနၿပီး ဖူးေျမာ္ခြင့္ရမယ္လို႔ ေ႐ႊတိဂုံ ေစတီေတာ္ေဂါပကအဖြဲ႕က ဒီဇင္ဘာလေႏွာင္းပိုင္းက
ေျပာၾကားခဲ့ဖူးေပမဲ့ ယခုျပန္လည္ဖြင့္လွစ္တဲ့အခါမွာ ဘယ္လို စည္းမ်ဥ္းစည္းကမ္းေတြ ထားရွိမယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။