News

တပ်မတော်၏ အာဏာသိမ်းမှုအပေါ် အောင်လအင်ဆန်(မြန်မာ့စပါးကြီးမြွေ)ရဲ့ အမြင်

တပ်မတော်၏ အာဏာသိမ်းမှုအပေါ် အောင်လအင်ဆန်(မြန်မာ့စပါးကြီးမြွေ)ရဲ့ အမြင်

ချစ်ခင်ရပါသောမြန်မာနိုင်ငံသားများခင်ဗျား

အခုအချိန်မြန်မာနိုင်ငံမှာဘယ်လိုအခြေအနေတွေဖြစ်နေတယ်ဆိုတာကျွန်တော်မြင်တွေ့ကြားသိနေပါတယ်။

အားလုံးပေးပို့တဲ့ သတင်းစကားတွေအတွက်လည်းကျေးဇူးတင်ပါတယ်။

ကျွန်တော်ကမြန်မာနိုင်ငံမှာတပ်မတော်(စစ်တပ်)ကအာဏာသိမ်းတာနဲ့ပတ်သက်ပြီးတော့လုံးဝသဘောမတူပါဘူး။

ပြီးတော့အားလုံးလည်းပဲဖြစ်ပေါ်လာတဲ့အခြေအနေအဖြစ်အပျက်တွေကြောင့်စိတ်ပျက်လက်ပျက်ဖြစ်နေကြမယ်ဆိုတာသိပါတယ်။

ဒါပေမယ့်ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့ဒေသနဲ့ကျွန်တော့်မိသားစုအကြောင်းအားလုံးသိမယ်

ဆိုရင်ကျွန်တော့်နှလုံးသားကအားလုံးနဲ့အတူတူပဲဆိုတာသိမှာပါ။

ကျွန်တော်ကမြန်မာနိုင်ငံကကချင်တိုင်းရင်းသားတယောက်ဖြစ်ပြီး၊

ကျွန်တော်ကလေးကတည်းက ဒီလိုအခြေအနေတွေကိုကြုံတွေ့ခံစားခဲ့ရတာပါ။

ဒီအခြေအနေအဖြစ်အပျက်တွေကကျွန်တော်တတ်နိုင်တဲ့၊ကျွန်တော့်လုပ်နိုင်စွမ်းထက်အများကြီးပိုတဲ့အခြေအနေပါ။

ကျွန်တော်ကကိုယ်ခံပညာပေါင်းစုံအားကစားသမားတစ်ဦးပဲဖြစ်ပြီးတော့၊နိုင်ငံရေးသမားတယောက်လဲမဟုတ်ပါဘူး။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်းသည်အဖြစ်အပျက်တွေမှာပါဝင်လုပ်ဆောင်အဖြေရှာနေကြပါတယ်။

ဒါပေမယ့်အားလုံးကစိတ်ပျက်လက်ပျက်ဖြစ်နေပြီးစိတ်ထွက်ပေါက်ပေးဖို့အတွက်

လိုအပ်တယ်ဆိုရင်တော့၊အားလုံးအတွက်ကျွန်တော်အမြဲရှိနေပါတယ်။

ကျွန်တော့်ကိုဝေဖန်ထောက်ပြပြီးသတင်းစကားပေးပို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်

။ကျွန်တော်သိကျွမ်းတဲ့အရာကအားကစားပါ။ကျွန်တော်က.

အားကစားသမားပါ၊နိုင်ငံရေးသမားတယောက်မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာဘယ်လိုနိုင်ငံရေးအခြေအနေဖြစ်နေပါစေ၊မြန်မာနိုင်ငံကိုအကောင်းဆုံးပဲဖြစ်စေချင်ပါတယ်။

ဒီလိုမသေချာမရေရာတဲ့အခြေအနေမှာ၊အားလုံးစည်းစည်းလုံးလုံးရှိနေဖို့ကအရမ်းအရေးကြီးပါတယ်။

ကျွန်တော်အများကြီးမလုပ်ဆောင်နိုင်ပေမယ့်၊ကျွန်တော်တို့ရဲ့လူမှူအဖွဲ့အစည်းကိုပိုမိုမျှတကောင်းမွန်တဲ့

အဖွဲ့အစည်းဖြစ်လာစေဖို့ကျွန်တော်တတ်စွမ်းတဲ့ဘက်ကနေအကောင်းဆုံး

လုပ်ဆောင်မယ်ဆိုတာကိုတော့ကျွန်တော်အားလုံးကိုကတိပြုပါတယ်။

ကျွန်တော်ရဲ့သဘောထားခံယူချက်ကမြန်မာနိုင်ငံသားအားလုံးနဲ့အတူတူပဲဆိုတဲ့ကျွန်တော့်ခံစားချက်ကို

ဖော်ပြဖို့အတွက်ကျွန်တော်အနေနဲ့ဒွိဟဖြစ်ပြီးတွေဝေနေခဲ့တာလုံးဝမဟုတ်ပါဘူး။

ဒါပေမယ့်ကျွန်တော်မှာလဲကျွန်တော့်အခက်အခဲနဲ့ကျွန်တော်ရှိတယ်ဆိုတာကိုနားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်။

မြန်မာနိုင်ငံမှာတရားမျှတမှုအစဉ်အမြဲဖြစ်တည်ပါစေလို့ကျွန်တော်ဆန္ဒပြုဆုတောင်းပါတယ်။

အားလုံးကိုချစ်ခင်တဲ့ အောင်လအင်ဆန်

zawgyi

တပ္မေတာ္၏ အာဏာသိမ္းမႈအေပၚ ေအာင္လအင္ဆန္(ျမန္မာ့စပါးႀကီးေႁမြ)ရဲ႕ အျမင္

ခ်စ္ခင္ရပါေသာျမန္မာႏိုင္ငံသားမ်ားခင္ဗ်ား

အခုအခ်ိန္ျမန္မာႏိုင္ငံမွာဘယ္လိုအေျခအေနေတြျဖစ္ေနတယ္ဆိုတာကြၽန္ေတာ္ျမင္ေတြ႕ၾကားသိေနပါတယ္။

အားလုံးေပးပို႔တဲ့ သတင္းစကားေတြအတြက္လည္းေက်းဇူးတင္ပါတယ္။

ကြၽန္ေတာ္ကျမန္မာႏိုင္ငံမွာတပ္မေတာ္(စစ္တပ္)ကအာဏာသိမ္းတာနဲ႔ပတ္သက္ၿပီးေတာ့လုံးဝသေဘာမတူပါဘူး။

ၿပီးေတာ့အားလုံးလည္းပဲျဖစ္ေပၚလာတဲ့အေျခအေနအျဖစ္အပ်က္ေတြေၾကာင့္စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကမယ္ဆိုတာသိပါတယ္။

ဒါေပမယ့္ကြၽန္ေတာ္ေမြးဖြားႀကီးျပင္းခဲ့တဲ့ေဒသနဲ႔ကြၽန္ေတာ့္မိသားစုအေၾကာင္းအားလုံးသိမယ္

ဆိုရင္ကြၽန္ေတာ့္ႏွလုံးသားကအားလုံးနဲ႔အတူတူပဲဆိုတာသိမွာပါ။

ကြၽန္ေတာ္ကျမန္မာႏိုင္ငံကကခ်င္တိုင္းရင္းသားတေယာက္ျဖစ္ၿပီး၊

ကြၽန္ေတာ္ကေလးကတည္းက ဒီလိုအေျခအေနေတြကိုႀကဳံေတြ႕ခံစားခဲ့ရတာပါ။

ဒီအေျခအေနအျဖစ္အပ်က္ေတြကကြၽန္ေတာ္တတ္ႏိုင္တဲ့၊ကြၽန္ေတာ့္လုပ္ႏိုင္စြမ္းထက္အမ်ားႀကီးပိုတဲ့အေျခအေနပါ။

ကြၽန္ေတာ္ကကိုယ္ခံပညာေပါင္းစုံအားကစားသမားတစ္ဦးပဲျဖစ္ၿပီးေတာ့၊ႏိုင္ငံေရးသမားတေယာက္လဲမဟုတ္ပါဘူး။

ကမာၻ႔အင္အားႀကီးႏိုင္ငံေတြကလည္းသည္အျဖစ္အပ်က္ေတြမွာပါဝင္လုပ္ေဆာင္အေျဖရွာေနၾကပါတယ္။

ဒါေပမယ့္အားလုံးကစိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီးစိတ္ထြက္ေပါက္ေပးဖို႔အတြက္

လိုအပ္တယ္ဆိုရင္ေတာ့၊အားလုံးအတြက္ကြၽန္ေတာ္အၿမဲရွိေနပါတယ္။

ကြၽန္ေတာ့္ကိုေဝဖန္ေထာက္ျပၿပီးသတင္းစကားေပးပို႔တဲ့အတြက္လည္းေက်းဇူးတင္ပါတယ္

။ကြၽန္ေတာ္သိကြၽမ္းတဲ့အရာကအားကစားပါ။ကြၽန္ေတာ္က.

အားကစားသမားပါ၊ႏိုင္ငံေရးသမားတေယာက္မဟုတ္ပါဘူး။

ျမန္မာႏိုင္ငံမွာဘယ္လိုႏိုင္ငံေရးအေျခအေနျဖစ္ေနပါေစ၊ျမန္မာႏိုင္ငံကိုအေကာင္းဆုံးပဲျဖစ္ေစခ်င္ပါတယ္။

ဒီလိုမေသခ်ာမေရရာတဲ့အေျခအေနမွာ၊အားလုံးစည္းစည္းလုံးလုံးရွိေနဖို႔ကအရမ္းအေရးႀကီးပါတယ္။

ကြၽန္ေတာ္အမ်ားႀကီးမလုပ္ေဆာင္ႏိုင္ေပမယ့္၊ကြၽန္ေတာ္တို႔ရဲ႕လူမႉအဖြဲ႕အစည္းကိုပိုမိုမွ်တေကာင္းမြန္တဲ့

အဖြဲ႕အစည္းျဖစ္လာေစဖို႔ကြၽန္ေတာ္တတ္စြမ္းတဲ့ဘက္ကေနအေကာင္းဆုံး

လုပ္ေဆာင္မယ္ဆိုတာကိုေတာ့ကြၽန္ေတာ္အားလုံးကိုကတိျပဳပါတယ္။

ကြၽန္ေတာ္ရဲ႕သေဘာထားခံယူခ်က္ကျမန္မာႏိုင္ငံသားအားလုံးနဲ႔အတူတူပဲဆိုတဲ့ကြၽန္ေတာ့္ခံစားခ်က္ကို

ေဖာ္ျပဖို႔အတြက္ကြၽန္ေတာ္အေနနဲ႔ဒြိဟျဖစ္ၿပီးေတြေဝေနခဲ့တာလုံးဝမဟုတ္ပါဘူး။

ဒါေပမယ့္ကြၽန္ေတာ္မွာလဲကြၽန္ေတာ့္အခက္အခဲနဲ႔ကြၽန္ေတာ္ရွိတယ္ဆိုတာကိုနားလည္ေပးဖို႔ေမတၱာရပ္ခံပါတယ္။

ျမန္မာႏိုင္ငံမွာတရားမွ်တမႈအစဥ္အၿမဲျဖစ္တည္ပါေစလို႔ကြၽန္ေတာ္ဆႏၵျပဳဆုေတာင္းပါတယ္။

အားလုံးကိုခ်စ္ခင္တဲ့ ေအာင္လအင္ဆန္