မန္တလေးမှာ သံပုံးတီးလို့လို့ တရက်ထဲ လူ ၃၀ ကျော် အဖမ်းခံရ
နေအိမ်တွေကနေ သံပုံးတီးခဲ့လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသား၊ အမျိုးသမီး ၂၀ကျော်
ဖေဖော်ဝါရီလ ၄ ရက်နေ့ မနေ့ညက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မနက်
ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။
“ကွမ်းယာရောင်းရင်း ထိုင်ပြီး သံပုံးတီးနေတာကို ဆွဲခေါ်ဖမ်းသွားတာပါ။ ဖမ်းခံရသူတွေက
အခြေခံလူတန်းစားတွေကြီးပဲမို့ ဒီကနေ့ ဆိုင်တောက်မထွက်ရပါဘူး။ ဒီလို မတီးရဘူးလို့လည်း
ရပ်ကွပ်အုပ်ချုပ်ရေးရုံးက အသိပေးထားတာ မရှိပါဘူး” လို့ အမျိုးသားဖြစ်သူ ဖမ်းခံရလို့
တရားရုံးကို လာရောက်နေတဲ့ မကြူကြူသင်း က ပြောပါတယ်။
သံပုံးတီးခဲ့တာကြောင့် မန္တလေးခရိုင်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အနယ်နယ်အရပ်ရပ်က ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့
ညစဉ် ၈ နာရီဆိုရင် သံပုံးတီးတဲ့ လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညက စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
zawgyi
မႏၲေလးမွာ သံပုံးတီးလို႔လို႔ တရက္ထဲ လူ ၃၀ ေက်ာ္ အဖမ္းခံရ
ေနအိမ္ေတြကေန သံပုံးတီးခဲ့လို႔ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္က အမ်ိဳးသား၊ အမ်ိဳးသမီး ၂၀ေက်ာ္
ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ မေန႔ညက ဖမ္းဆီးခံခဲ့ရၿပီး ဒီေန႔မနက္
ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးေနပါတယ္။
“ကြမ္းယာေရာင္းရင္း ထိုင္ၿပီး သံပုံးတီးေနတာကို ဆြဲေခၚဖမ္းသြားတာပါ။ ဖမ္းခံရသူေတြက
အေျခခံလူတန္းစားေတြႀကီးပဲမို႔ ဒီကေန႔ ဆိုင္ေတာက္မထြက္ရပါဘူး။ ဒီလို မတီးရဘူးလို႔လည္း
ရပ္ကြပ္အုပ္ခ်ဳပ္ေရး႐ုံးက အသိေပးထားတာ မရွိပါဘူး” လို႔ အမ်ိဳးသားျဖစ္သူ ဖမ္းခံရလို႔
တရား႐ုံးကို လာေရာက္ေနတဲ့ မၾကဴၾကဴသင္း က ေျပာပါတယ္။
သံပုံးတီးခဲ့တာေၾကာင့္ မႏၲေလးခ႐ိုင္အတြင္း လူ ၃၀ ေက်ာ္ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
အနယ္နယ္အရပ္ရပ္က ျပည္သူေတြဟာ စစ္တပ္က အာဏာသိမ္းတာကို ဆန႔္က်င္တဲ့ အေနနဲ႔
ညစဥ္ ၈ နာရီဆိုရင္ သံပုံးတီးတဲ့ လႈပ္ရွားမႈကို ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ညက စတင္လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။