News

ဦးပိုင်က ဝန်ထမ်းတွေပါ သပိတ်မှောက်ကြပြီ

ဦးပိုင်က ဝန်ထမ်းတွေပါ သပိတ်မှောက်ကြပြီ ….

တရုတ်နှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် ဖက်စပ် ကြေးနီထုတ်စီမံကိန်းများမှ

မြန်မာဝန်ထမ်းများ အလုပ်မဆင်းဘဲ စစ်အာဏာသိမ်းမှုကို သပိတ်မှောက်

မျက်မှောက်ခေတ်

တရုတ်နိုင်ငံနှင့် မြန်မာအစိုးရ၊ စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့

အကြီးစားသတ္တုတွင်းလုပ်ငန်းတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ကြေးနီစီမံကိန်းရှိ

မြန်မာအလုပ်သမားတွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အလုပ်မဆင်းဘဲနဲ့

စစ်အာဏာရှင်ကို သပိတ်မှောက်မှု စတင်လိုက်ပါတယ်။

ဒီသပိတ်မှောက်ဆန္ဒပြမှုမှာ မြန်မာ-ယန်စီကုမ္ပဏီ၊ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၊ စီနိုဟိုက်ဒရိုကုမ္ပဏီ၊

ပေါက်အောက်ရှင်း ကုမ္ပတွေက မြန်မာဝန်ထမ်းတွေ ပါဝင်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အနေနဲ့

လက်ပတ်နီပတ်ကာ သပိတ်မှောက် ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုက တရုတ်ရဲ့ ပါဝင်ပတ်သက်မှုမကင်းဘူးလို့လည်း ပြည်သူလူထုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊

အရပ်ဖက်အဖွဲ့အစည်းတွေကြားလူထုတွေကြားမှာ သံသယရှိနေကြပါတယ်။

လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတွေပါဝင်တဲ့ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်

ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေလည်း နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ- Facebook / Khitthit media

zawgyi

ဦးပိုင္က ဝန္ထမ္းေတြပါ သပိတ္ေမွာက္ၾကၿပီ ….

တ႐ုတ္ႏွင့္ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရး ဦးပိုင္ ဖက္စပ္ ေၾကးနီထုတ္စီမံကိန္းမ်ားမွ

ျမန္မာဝန္ထမ္းမ်ား အလုပ္မဆင္းဘဲ စစ္အာဏာသိမ္းမႈကို သပိတ္ေမွာက္

မ်က္ေမွာက္ေခတ္

တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာအစိုးရ၊ စစ္တပ္ပိုင္ဦးပိုင္ကုမၸဏီတို႔ ပူးေပါင္းၿပီး လုပ္ေဆာင္ေနတဲ့

အႀကီးစားသတၱဳတြင္းလုပ္ငန္းေတြျဖစ္တဲ့ စစ္ကိုင္းတိုင္းအတြင္းက ေၾကးနီစီမံကိန္းရွိ

ျမန္မာအလုပ္သမားေတြက ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာ အလုပ္မဆင္းဘဲနဲ႔

စစ္အာဏာရွင္ကို သပိတ္ေမွာက္မႈ စတင္လိုက္ပါတယ္။

ဒီသပိတ္ေမွာက္ဆႏၵျပမႈမွာ ျမန္မာ-ယန္စီကုမၸဏီ၊ ျမန္မာ-ဝမ္ေပါင္ကုမၸဏီ၊ စီႏိုဟိုက္ဒ႐ိုကုမၸဏီ၊

ေပါက္ေအာက္ရွင္း ကုမၸေတြက ျမန္မာဝန္ထမ္းေတြ ပါဝင္ၿပီး အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ အေနနဲ႔

လက္ပတ္နီပတ္ကာ သပိတ္ေမွာက္ ကန႔္ကြက္ဆႏၵထုတ္ေဖာ္ေနၾကတာလည္း ျဖစ္ပါတယ္။

စစ္အာဏာသိမ္းမႈက တ႐ုတ္ရဲ႕ ပါဝင္ပတ္သက္မႈမကင္းဘူးလို႔လည္း ျပည္သူလူထုေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊

အရပ္ဖက္အဖြဲ႕အစည္းေတြၾကားလူထုေတြၾကားမွာ သံသယရွိေနၾကပါတယ္။

လက္ရွိမွာ ႏိုင္ငံ့ဝန္ထမ္းေတြပါဝင္တဲ့ အာဏာသိမ္းစစ္အစိုးရကို ဆန႔္က်င္

ကန႔္ကြက္တဲ့ လႈပ္ရွားမႈေတြလည္း ေနရာအႏွံ႔မွာ ပုံစံမ်ိဳးစုံနဲ႔ ျပဳလုပ္ေနၾကပါတယ္။

ဓာတ္ပုံ- Facebook / Khitthit media