News

ပြည်သူကို ပြည်သူ့ဆရာဝန်တွေ အခမဲ့ကုပေးပြီ (အကူအညီတောင်းတာနဲ့ ချက်ချင်းလာကု ပေးတာပါ)

ပြည်သူကို ပြည်သူ့ဆရာဝန်တွေ အခမဲ့ကုပေးပြီ (အကူအညီတောင်းတာနဲ့ ချက်ချင်းလာကု ပေးတာပါ)

ဒီချိန်ကြီး (ည၁၁နာရီ) အိမ်ဘေးက အကိုတယောက် နေမကောင်းဖြစ်လို့

ဘယ်ဆေးခန်းမှလည်းပြေးမရ၊ ဆေးရုံကလည်း အခြေအနေ ဘာမှန်းမသိတာနဲ့

အမေကတဆင့် ဌ/ရပ်ကွက်၊ ဂန္ဓမာ group က ဆရာဝန်တွေဆီအကူအညီလိုရင်တောင်းလို့ရတယ်ဆိုတဲ့

post တွေ့လို့ အဆက်အသွယ်ရပြီး ဖုန်းဆက်ပြီးအကူအညီတောင်းလိုက်တာ၊ ချက်ချင်းကို

လူနာအိမ်ရှေ့ထိရောက်လာပြီး ကုပေးသွားတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဆေးဖိုးလည်း တပြားမှ မယူသလို အလှူငွေထည့်ဖို့ လုပ်တော့လည်း သူတို့လက်မခံလို့ ရုံးမှာပဲ

အလှူငွေလာလှူခိုင်းပါတယ်။ အချိန်မရွေး လှမ်းခေါ်ပြီး အကူအညီတောင်းနိုင်ပါတယ်တဲ့ ကျေးဇူးအခါခါတင်မိပါတယ်

Thet Thet Yadanar Thein

zawgyi








