News


“ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတွေ ပါဝင်လာ ”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့ ဖဲကြိုးနီ

လှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတချို့လည်း ပါဝင်လာပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပညာရေးဝန်ထမ်းတွေ ဒီနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းက

လက်သုံးချောင်းထောင်ပြီး ဖဲကြိုးနီတွေ တပ်ဆင်ကာ ခုလို ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။

“စစ်အာဏာရှင်ကို မကြိုက်လို့ ဆန့်ကျင်တဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်တာဖြစ်ပါတယ်။

ကန့်ဘလူမြို့ပေါ်က မူလတန်း၊ အလယ်တန်း၊အထက်တန်းပြ ရာထူးပေါင်းစုံနဲ့ ကျောင်းပေါင်းစုံက

ပညာရေးဝန်ထမ်းတွေ ပါဝင်ပါတယ်” လို့ ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်တဲ့ ကျောင်းဆရာမတစ်ဦးကြေပြောပါတယ်။

zawgyi






