မြန်မာပြည်သူတို့၏ ပွဲဦးထွက် အောင်မြင်မှု – ကုလ လုံခြုံရေး ကောင်စီ ကြေညာချက်ထုတ်ပြီ
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရေး နှင့် မြန်မာ၏
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို ဆက်လက် ထောက်ခံသွားမည်ဆိုသော
ကြေညာချက် ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံး မှ ကန့်ကွက်သူ မရှိ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ဒီမိုကရေစီ အဆောက်အအုံများဖြစ်သော လွှတ်တော်နှင့် ယင်း၏ လုပ်ငန်းစဉ်များကို လေးစားရန်၊
အကြမ်းဖက်မှုကို ရှောင်ကျဉ်ပြီး လူ့အခွင့်အရေး နှင့် လွတ်လပ်ခွင့်များကို စောင့်ထိန်းရန်
တောင်းဆိုကြောင်း ကြေညာချက်တွင် ပါရှိခဲ့သည်။ လေ့လာသူများက လုံခြုံရေး ကောင်စီ
အဖွဲ့ဝင်များအကြား ရှားရှားပါးပါး ညီညွတ်မှု တရပ်အဖြစ် သုံးသပ်ခဲ့ကြသည်။
တရုတ် တို့ ပြာယာခတ်လာ ယခုပင်လျှင် တရုတ် အစိုးရ အာဘော် တပိုင်း ဖြစ်သည့် ဂလိုဘယ်တိုင်းမ်
သတင်းစာမှ မြန်မာနိုင်ငံတွင်းရှိ တရုတ်ကုမ္ပဏီများ အထူးသတိဝိရိယ ရှိကြရန် နှင့် နိုင်ငံတွင်းရှိ
အခြေခံ အဆောက်အအုံ စီမံကိန်းများ ပျက်ပြားမည့် အန္တရာယ်ရှိနေပြီဟု ရေးသား သတိပေးလာပြီဖြစ်သည်။
လက်ရှိ တရုတ် အတွက် စဉ်းစားရ ခက်နေသည်က မင်းအောင်လှိုင် ရဲ့ အစိုးရ ဟူသောအဖွဲ့သည်
ရေရှည် ခံမည်လော၊ လက်ရှိ ဖြစ်ပေါ်လာနေသော အခြေအနေများအရမသေချာ၊ ထိုသို့သော
စစ်အုပ်စုအားထောက်ခံကြောင်း ထင်ထင်ရှားရှား ပြလိုက်မိသည်နှင့် နောက်ပိုင်းတွင် တရားဝင်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် အစိုးရ အပါအဝင် မြန်မာပြည်သူများနှင့် ဆက်ဆံရေး က မည်သို့မျှ အဖတ်ဆည်မရအောင် ပျက်ပြားသွားပေတော့မည်။
ယင်းနှင့် အတူ တရုတ်၏ ပိုးလမ်းမ စီမံကိန်းကြီးလည်း ရေစုန်မျော သွားပေတော့မည်။ တရုတ်တို့ အဖို့
ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ဖြစ်နေပေပြီ။ ထိုအနေအထားများမှ သွေးအေး မသွားစေရန် နိုင်ငံရေး
ဖိအားပေးမှုများ နည်းမျိုးစုံ ဖြင့် အဆက်မပြတ် ပြုလုပ်သွားရပေတော့မည်၊ မြို့ပြ
အာဏာဖီဆန်ရေး လှုပ်ရှားမှူ များ အရှိန်အဟုန် မြှင့်တင်ထားမှ ဖြစ်ပေမည်။
ထိုအထဲတွင်တရုတ်သံရုံးအားယဉ်ကျေးစွာ ဖြင့် စစ်အစိုးရနှင့် အဆက်အဆံ မလုပ်ရန် လူထုလူတန်းစား
အဖွဲ့အစည်း အသီးသီးမှ ကန့်ကွက်စာများ ပေးပို့ အကြောင်းကြားနိုင်ပါက လွန်စွာ ထိရောက်မည် ဖြစ်ပေသည်။
မနေ့က ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်မှ အာဏာသိမ်းပွဲ မအောင်မြင်စေရဟု ကြုံးဝါးသွားသော
စကားကို ထောက်ရင် ပြည်တွင်း ပြည်ပမှ နိုင်ငံရေး မရ ဖိအားပေးနေမှု များ အရှိန်မြင့်လာတာ နဲ့
အမျှ ၎င်းတို့အား တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုဖို့ အလားအလာ နည်းနေပြီ ဖြစ်သည်။

YANGON, MYANMAR – 2021/02/02: A soldier stands on guard outside Yangon Hindu temple.
Myanmar’s military detained State Counsellor of Myanmar Aung San Suu Kyi and declared a state of emergency while seizing the power in the country for a year after losing the election against the National League for Democracy (NLD). (Photo by Aung Kyaw Htet/SOPA Images/LightRocket via Getty Images)
စစ်တပ် အသက် မဆက်နိုင်ရေး အတွက် ပြောင်းလဲနေပြီ ဖြစ်သော လူမှု စီးပွားရေး နယ်ပယ်မှ လူထု၏
တက်ကြွစွာ ပါဝင်လာရန်၊ အနောက်အုပ်စုနှင့် ကုလမှ ပြင်းထန်စွာ စီးပွားရေးပိတ်ဆို့ရန် ၊ လက်အောက်
စစ်ခေါင် ဆောင်များ အကြား အသက် အန္တရာယ် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာစေရန် နှင့်
တရုတ်မှ ၎င်းတို့အပေါ် ထောက်ခံမလာရန် ကိုသာ ဦးတည်လှုပ်ရှားရမည်။
စစ်တပ် အတွင်းတွင်လည်း နိုင်ငံတကာ ဖိအားများ မကြုံဖူးအောင် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတော်
အတိုင်ပင်ခံ နှင့် သမ္မတကြီးအား လူကြားထဲ မည်သို့မျှ ချပြ၍ မရသော ပြစ်မှူမျိုးဖြင့် အခြေအနေကို
ဆိုးသည်ထက် ဆိုးအောင် ဖန်တီးလာသော မင်းအောင်လှိုင်၏ အညိုးကြီးလှသည့်အဆင်ခြင်မဲ့ လုပ်ရပ်အတွက်
စစ်ခေါင်းဆောင်များ အကြားအက်ကြောင်းထလာနေပြီ ဖြစ်သည့်အပြင် “အစိုးရအဖွဲ့ အပြောင်းအလဲပါ”
ဟု တွင်တွင် ပြောနေသော တရုတ်တို့ အရှက်ရသွားခဲ့ရပြီ လည်း ဖြစ်သည်။
ယခုအခါ ကျန်းမာရေး ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး အား မလွန်ဆန် နိုင်တော့သဖြင့်
အရပ်သားများအား စစ်ဆေးရုံများတွင် ကုသပေးမည်ဟု ကမ်းလှမ်းလာရပြီ ဖြစ်သည်။ စစ်ခေါင်းဆောင်များ
အဖို့ အကြောက်လွန် လာသော လုပ်ရပ် အဖြစ် ဖေ့စ်ဘုတ်ကို ပိတ်ပစ်ရန် ချီတုံချတုံ ဖြစ်လာနေပေပြီ။
စစ်တပ်၏ အာဏာ သည် သေနတ် ပြောင်းဝကလာသည် ဆိုသည့် ဒုတိယ ကမ္ဘာစစ် အပြီး
ထွက်ပေါ်လာသည့်သီအိုရီ ကို ယခုထိ မျက်စိမှိတ် ယုံကြည်နေမှုကို တန်ပြန်ရန် အတွက်နေပြည်တော်
ဧည့်ရိပ်သာတွင် ကျန်ရှိနေသော ရွေးချယ် တင်မြှောက်ခံကိုယ်စားလှယ် ၇၀ ခန့်က ကျမ်းသစ္စာကျိမ်ဆိုပွဲ
အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်အတွက် နိုင်ငံတဝှမ်းရှိ အမှန်တရား
နှင့် တရားမျှတမှု ကို လိုလားသော ပြည်သူ တရပ်လုံး က ထောက်ခံလျှက် ရှိနေကြပြီ ဖြစ်သည်။
တိုင်းပြည်စီးပွားရေး ယို့ယွင်းလာသည့် လက္ခဏာ အဖြစ် စတော့ ရှယ်ယာဈေးနှုန်းများ ကျဆင်းလာပြီ
း ဒေါ်လာဈေးလည်း ၁,၄၁၅ အထိ ရောက်ရှိသွားခဲ့သည်ဟု သိရသည်။ ဗဟိုဘဏ်က ဒေါ်လာ ၆.၈ သန်း
ထုတ်သုံးပြီး ဈေးကွက်ကို ထိန်းဖို့ ကြိုးစားလာခဲ့သဖြင့် အခြေအနေ ပြန်လည်တည်ငြိမ်သွားသည်ဟု
ဆိုသော်လည်း မည်မျှ ကြာအောင် ထိုသို့ လုပ်ပေးနိုင်မည်နည်း။
နိုင်ငံတွင်း ရင်းနှီးမြုပ်နှံထားကြသော ထိုင်း နှင့် ဂျပန် ကုမ္ပဏီများလည်း ပြင်းထန်လာမည့် အမေရိကန်
စီးပွားရေးဒဏ်ခတ် မှုများကို တွေးကာ ထိတ်လန့်လာနေကြပြီ ဖြစ်သည်။
အမေရိကန် အထက်လွှတ်တော်ရှိ ပါတီနှစ်ရပ်မှ စစ်ခေါင်းဆောင်များအား အာဏာလက်လွှတ်ရန်
တောင်းဆိုသည့်အဆိုကိုတင်သွင်းလိုက်ပြီ ဖြစ်သည်၊ ဦးဆောင်တင်သွင်းသည့် အထဲတွင် တဦး အပါအဝင်
ဖြစ်သည့် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဘင် ကာဒင် မှ ၎င်းတို့ အနေဖြင့်တခုခု ကို
ရွေးချယ်ရတော့မည် ဖြစ်ပြီး မိမိတို့ ဖက်မှ အသုံးပြုနိုင်သည့် ကိရိယာ
တန်ဆာပလာများ အဆင်သင့်ရှိနေပြီ ဖြစ်သည်ဟု ပြောကြားလိုက်သည်။
စစ်ဗိုလ်ချုပ်ကြီးများ အတွက်အချက် မှားခဲ့ကြပြန်ပြီ၊ ၎င်းတို့ ဖန်တီးခဲ့သော ရခိုင်ပြည်နယ်အတွင်း
အကြမ်းဖက်မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာက ယခင်ကလို လိုလိုလားလားမရှိတော့သဖြင့်
၎င်းတို့၏ လုပ်ရပ်ကို သာမန်ကာရှံကာ လောက် သာ ရှုတ်ချမည်၊ တရုတ်နှင့် ပေါင်းသွားမည်စိုး၍
ဘာမှ မထိရဲ မတို့ရဲ လောက်ဟု တွေးထားမှုများက တက်တက်စင် လွဲသွားခဲ့ပြီ ဖြစ်သည်။
သီးခြား ဖြစ်စဉ် တရပ် အဖြစ် ပင်လယ်ကွေ့ ဒေသတွင် ဖြန့်ချထားသော အမေရိကန် နိမစ်ဇ်
တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘော အုပ်စု အား ဟာဝိုင်အီတွင် အခြေစိုက်သည့် အင်ဒို-ပစိဖိတ်
စစ်ဌာနချုပ်သို့ ရွှေ့ပြောင်းပေး လိုက်ပြီ ဖြစ်၍ အင်ဒို-ပစိဖိတ် လှုပ်ရှား နယ်မြေထဲသို့ ဦးတည်ခုတ်မောင်းလာနေပြီဟု
ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရ ဂျွန် ကပ်ဘီ အား ကိုးကား၍ အယ်ဂျာဇီယား သတင်းဌာန က ဆိုသည်။
အရှေ့အလယ်ပိူင်းတွင် ကိုးလကြာ ရောက်နေပြီးသော အဆိုပါ တိုက်ခိုက်ရေး လေယာဉ် တင်
သင်္ဘောအုပ်စုအား အမေရိကန်သို့ ပြန်ခေါ်သင့်နေပြီ ဖြစ်သော်လည်း အဘယ်ကြောင့် နေရာရွှေ့ပြောင်းပေးရသနည်း
ဆိုသည်အား ကပ်ဘီမှ တစုံတရာ ထင်မြင်ချက်ပေးရန် ငြင်းဆန်သွားခဲ့သည်။
လှစိုးဝေ
zawgyi
ျမန္မာျပည္သူတို႔၏ ပြဲဦးထြက္ ေအာင္ျမင္မႈ – ကုလ လုံၿခဳံေရး ေကာင္စီ ေၾကညာခ်က္ထုတ္ၿပီ
ကုလသမဂၢ လုံၿခဳံေရး ေကာင္စီ မွ ဖမ္းဆီးခံထားရသူမ်ားအား ျပန္လႊတ္ေပးေရး ႏွင့္ ျမန္မာ၏
ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ကို ဆက္လက္ ေထာက္ခံသြားမည္ဆိုေသာ
ေၾကညာခ်က္ ကို အဖြဲ႕ဝင္ ၁၅ ႏိုင္ငံစလုံး မွ ကန႔္ကြက္သူ မရွိ ထုတ္ျပန္လိုက္ၿပီ ျဖစ္သည္။
ဒီမိုကေရစီ အေဆာက္အအုံမ်ားျဖစ္ေသာ လႊတ္ေတာ္ႏွင့္ ယင္း၏ လုပ္ငန္းစဥ္မ်ားကို ေလးစားရန္၊
အၾကမ္းဖက္မႈကို ေရွာင္က်ဥ္ၿပီး လူ႔အခြင့္အေရး ႏွင့္ လြတ္လပ္ခြင့္မ်ားကို ေစာင့္ထိန္းရန္
ေတာင္းဆိုေၾကာင္း ေၾကညာခ်က္တြင္ ပါရွိခဲ့သည္။ ေလ့လာသူမ်ားက လုံၿခဳံေရး ေကာင္စီ
အဖြဲ႕ဝင္မ်ားအၾကား ရွားရွားပါးပါး ညီၫြတ္မႈ တရပ္အျဖစ္ သုံးသပ္ခဲ့ၾကသည္။
တ႐ုတ္ တို႔ ျပာယာခတ္လာ ယခုပင္လွ်င္ တ႐ုတ္ အစိုးရ အာေဘာ္ တပိုင္း ျဖစ္သည့္ ဂလိုဘယ္တိုင္းမ္
သတင္းစာမွ ျမန္မာႏိုင္ငံတြင္းရွိ တ႐ုတ္ကုမၸဏီမ်ား အထူးသတိဝိရိယ ရွိၾကရန္ ႏွင့္ ႏိုင္ငံတြင္းရွိ
အေျခခံ အေဆာက္အအုံ စီမံကိန္းမ်ား ပ်က္ျပားမည့္ အႏၲရာယ္ရွိေနၿပီဟု ေရးသား သတိေပးလာၿပီျဖစ္သည္။
လက္ရွိ တ႐ုတ္ အတြက္ စဥ္းစားရ ခက္ေနသည္က မင္းေအာင္လႈိင္ ရဲ႕ အစိုးရ ဟူေသာအဖြဲ႕သည္
ေရရွည္ ခံမည္ေလာ၊ လက္ရွိ ျဖစ္ေပၚလာေနေသာ အေျခအေနမ်ားအရမေသခ်ာ၊ ထိုသို႔ေသာ
စစ္အုပ္စုအားေထာက္ခံေၾကာင္း ထင္ထင္ရွားရွား ျပလိုက္မိသည္ႏွင့္ ေနာက္ပိုင္းတြင္ တရားဝင္အမ်ိဳးသားဒီမိုကေရစီ
အဖြဲ႕ခ်ဳပ္ အစိုးရ အပါအဝင္ ျမန္မာျပည္သူမ်ားႏွင့္ ဆက္ဆံေရး က မည္သို႔မွ် အဖတ္ဆည္မရေအာင္ ပ်က္ျပားသြားေပေတာ့မည္။
ယင္းႏွင့္ အတူ တ႐ုတ္၏ ပိုးလမ္းမ စီမံကိန္းႀကီးလည္း ေရစုန္ေမ်ာ သြားေပေတာ့မည္။ တ႐ုတ္တို႔ အဖို႔
ႀကိဳးတန္းေပၚ လမ္းေလွ်ာက္ေနရသလို ျဖစ္ေနေပၿပီ။ ထိုအေနအထားမ်ားမွ ေသြးေအး မသြားေစရန္ ႏိုင္ငံေရး
ဖိအားေပးမႈမ်ား နည္းမ်ိဳးစုံ ျဖင့္ အဆက္မျပတ္ ျပဳလုပ္သြားရေပေတာ့မည္၊ ၿမိဳ႕ျပ
အာဏာဖီဆန္ေရး လႈပ္ရွားမႉ မ်ား အရွိန္အဟုန္ ျမႇင့္တင္ထားမွ ျဖစ္ေပမည္။
ထိုအထဲတြင္တ႐ုတ္သံ႐ုံးအားယဥ္ေက်းစြာ ျဖင့္ စစ္အစိုးရႏွင့္ အဆက္အဆံ မလုပ္ရန္ လူထုလူတန္းစား
အဖြဲ႕အစည္း အသီးသီးမွ ကန႔္ကြက္စာမ်ား ေပးပို႔ အေၾကာင္းၾကားႏိုင္ပါက လြန္စြာ ထိေရာက္မည္ ျဖစ္ေပသည္။
မေန႔က ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္မွ အာဏာသိမ္းပြဲ မေအာင္ျမင္ေစရဟု ႀကဳံးဝါးသြားေသာ
စကားကို ေထာက္ရင္ ျပည္တြင္း ျပည္ပမွ ႏိုင္ငံေရး မရ ဖိအားေပးေနမႈ မ်ား အရွိန္ျမင့္လာတာ နဲ႔
အမွ် ၎တို႔အား တရားဝင္ အစိုးရ အျဖစ္ အသိအမွတ္ ျပဳဖို႔ အလားအလာ နည္းေနၿပီ ျဖစ္သည္။
စစ္တပ္ အသက္ မဆက္ႏိုင္ေရး အတြက္ ေျပာင္းလဲေနၿပီ ျဖစ္ေသာ လူမႈ စီးပြားေရး နယ္ပယ္မွ လူထု၏
တက္ႂကြစြာ ပါဝင္လာရန္၊ အေနာက္အုပ္စုႏွင့္ ကုလမွ ျပင္းထန္စြာ စီးပြားေရးပိတ္ဆို႔ရန္ ၊ လက္ေအာက္
စစ္ေခါင္ ေဆာင္မ်ား အၾကား အသက္ အႏၲရာယ္ စိုးရိမ္စိတ္မ်ား ျဖစ္ေပၚလာေစရန္ ႏွင့္
တ႐ုတ္မွ ၎တို႔အေပၚ ေထာက္ခံမလာရန္ ကိုသာ ဦးတည္လႈပ္ရွားရမည္။
စစ္တပ္ အတြင္းတြင္လည္း ႏိုင္ငံတကာ ဖိအားမ်ား မႀကဳံဖူးေအာင္ ရင္ဆိုင္ေနရခ်ိန္တြင္ ႏိုင္ငံေတာ္
အတိုင္ပင္ခံ ႏွင့္ သမၼတႀကီးအား လူၾကားထဲ မည္သို႔မွ် ခ်ျပ၍ မရေသာ ျပစ္မႉမ်ိဳးျဖင့္ အေျခအေနကို
ဆိုးသည္ထက္ ဆိုးေအာင္ ဖန္တီးလာေသာ မင္းေအာင္လႈိင္၏ အညိဳးႀကီးလွသည့္အဆင္ျခင္မဲ့ လုပ္ရပ္အတြက္
စစ္ေခါင္းေဆာင္မ်ား အၾကားအက္ေၾကာင္းထလာေနၿပီ ျဖစ္သည့္အျပင္ “အစိုးရအဖြဲ႕ အေျပာင္းအလဲပါ”
ဟု တြင္တြင္ ေျပာေနေသာ တ႐ုတ္တို႔ အရွက္ရသြားခဲ့ရၿပီ လည္း ျဖစ္သည္။
ယခုအခါ က်န္းမာေရး ဝန္ထမ္းမ်ား၏ အၾကမ္းမဖက္ အာဏာဖီဆန္ေရး အား မလြန္ဆန္ ႏိုင္ေတာ့သျဖင့္
အရပ္သားမ်ားအား စစ္ေဆး႐ုံမ်ားတြင္ ကုသေပးမည္ဟု ကမ္းလွမ္းလာရၿပီ ျဖစ္သည္။ စစ္ေခါင္းေဆာင္မ်ား
အဖို႔ အေၾကာက္လြန္ လာေသာ လုပ္ရပ္ အျဖစ္ ေဖ့စ္ဘုတ္ကို ပိတ္ပစ္ရန္ ခ်ီတုံခ်တုံ ျဖစ္လာေနေပၿပီ။
စစ္တပ္၏ အာဏာ သည္ ေသနတ္ ေျပာင္းဝကလာသည္ ဆိုသည့္ ဒုတိယ ကမာၻစစ္ အၿပီး
ထြက္ေပၚလာသည့္သီအိုရီ ကို ယခုထိ မ်က္စိမွိတ္ ယုံၾကည္ေနမႈကို တန္ျပန္ရန္ အတြက္ေနျပည္ေတာ္
ဧည့္ရိပ္သာတြင္ က်န္ရွိေနေသာ ေ႐ြးခ်ယ္ တင္ေျမႇာက္ခံကိုယ္စားလွယ္ ၇၀ ခန႔္က က်မ္းသစၥာက်ိမ္ဆိုပြဲ
အခမ္းအနားကို ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၎တို႔၏ လုပ္ရပ္အတြက္ ႏိုင္ငံတဝွမ္းရွိ အမွန္တရား
ႏွင့္ တရားမွ်တမႈ ကို လိုလားေသာ ျပည္သူ တရပ္လုံး က ေထာက္ခံလွ်က္ ရွိေနၾကၿပီ ျဖစ္သည္။
တိုင္းျပည္စီးပြားေရး ယို႔ယြင္းလာသည့္ လကၡဏာ အျဖစ္ စေတာ့ ရွယ္ယာေဈးႏႈန္းမ်ား က်ဆင္းလာၿပီ
း ေဒၚလာေဈးလည္း ၁,၄၁၅ အထိ ေရာက္ရွိသြားခဲ့သည္ဟု သိရသည္။ ဗဟိုဘဏ္က ေဒၚလာ ၆.၈ သန္း
ထုတ္သုံးၿပီး ေဈးကြက္ကို ထိန္းဖို႔ ႀကိဳးစားလာခဲ့သျဖင့္ အေျခအေန ျပန္လည္တည္ၿငိမ္သြားသည္ဟု
ဆိုေသာ္လည္း မည္မွ် ၾကာေအာင္ ထိုသို႔ လုပ္ေပးႏိုင္မည္နည္း။
ႏိုင္ငံတြင္း ရင္းႏွီးျမဳပ္ႏွံထားၾကေသာ ထိုင္း ႏွင့္ ဂ်ပန္ ကုမၸဏီမ်ားလည္း ျပင္းထန္လာမည့္ အေမရိကန္
စီးပြားေရးဒဏ္ခတ္ မႈမ်ားကို ေတြးကာ ထိတ္လန႔္လာေနၾကၿပီ ျဖစ္သည္။
အေမရိကန္ အထက္လႊတ္ေတာ္ရွိ ပါတီႏွစ္ရပ္မွ စစ္ေခါင္းေဆာင္မ်ားအား အာဏာလက္လႊတ္ရန္
ေတာင္းဆိုသည့္အဆိုကိုတင္သြင္းလိုက္ၿပီ ျဖစ္သည္၊ ဦးေဆာင္တင္သြင္းသည့္ အထဲတြင္ တဦး အပါအဝင္
ျဖစ္သည့္ ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ ဘင္ ကာဒင္ မွ ၎တို႔ အေနျဖင့္တခုခု ကို
ေ႐ြးခ်ယ္ရေတာ့မည္ ျဖစ္ၿပီး မိမိတို႔ ဖက္မွ အသုံးျပဳႏိုင္သည့္ ကိရိယာ
တန္ဆာပလာမ်ား အဆင္သင့္ရွိေနၿပီ ျဖစ္သည္ဟု ေျပာၾကားလိုက္သည္။
စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား အတြက္အခ်က္ မွားခဲ့ၾကျပန္ၿပီ၊ ၎တို႔ ဖန္တီးခဲ့ေသာ ရခိုင္ျပည္နယ္အတြင္း
အၾကမ္းဖက္မႈမ်ားေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္အား ကမာၻက ယခင္ကလို လိုလိုလားလားမရွိေတာ့သျဖင့္
၎တို႔၏ လုပ္ရပ္ကို သာမန္ကာရွံကာ ေလာက္ သာ ရႈတ္ခ်မည္၊ တ႐ုတ္ႏွင့္ ေပါင္းသြားမည္စိုး၍
ဘာမွ မထိရဲ မတို႔ရဲ ေလာက္ဟု ေတြးထားမႈမ်ားက တက္တက္စင္ လြဲသြားခဲ့ၿပီ ျဖစ္သည္။
သီးျခား ျဖစ္စဥ္ တရပ္ အျဖစ္ ပင္လယ္ေကြ႕ ေဒသတြင္ ျဖန႔္ခ်ထားေသာ အေမရိကန္ နိမစ္ဇ္
တိုက္ခိုက္ေရး ေလယာဥ္တင္သေဘၤာ အုပ္စု အား ဟာဝိုင္အီတြင္ အေျခစိုက္သည့္ အင္ဒို-ပစိဖိတ္
စစ္ဌာနခ်ဳပ္သို႔ ေ႐ႊ႕ေျပာင္းေပး လိုက္ၿပီ ျဖစ္၍ အင္ဒို-ပစိဖိတ္ လႈပ္ရွား နယ္ေျမထဲသို႔ ဦးတည္ခုတ္ေမာင္းလာေနၿပီဟု
ပင္တဂြန္ စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဂြၽန္ ကပ္ဘီ အား ကိုးကား၍ အယ္ဂ်ာဇီယား သတင္းဌာန က ဆိုသည္။
အေရွ႕အလယ္ပိူင္းတြင္ ကိုးလၾကာ ေရာက္ေနၿပီးေသာ အဆိုပါ တိုက္ခိုက္ေရး ေလယာဥ္ တင္
သေဘၤာအုပ္စုအား အေမရိကန္သို႔ ျပန္ေခၚသင့္ေနၿပီ ျဖစ္ေသာ္လည္း အဘယ္ေၾကာင့္ ေနရာေ႐ႊ႕ေျပာင္းေပးရသနည္း
ဆိုသည္အား ကပ္ဘီမွ တစုံတရာ ထင္ျမင္ခ်က္ေပးရန္ ျငင္းဆန္သြားခဲ့သည္။
လွစိုးေဝ