News

သံပုံးတီးပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတဲ့ သမိုင်းကြောင်းများ (သံပုံးတီးသံကို လျှော့မတွက်ကြပါနဲ့)

ရန်ကုန်မှာ သံပုံးတီးပြီး ဆန္ဒဖော်ထုတ်နေတာ ကြားရတော့ ချီလီက အမျိုးသမီးတွေ ဦးဆောင်ပြီး

အိုးခွက်တွေနဲ့ ဆန္ဒပြခဲ့တာကို ပြန်ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရသလောက် အတိုချုပ်လေး ပြန်ရေးပေးလိုက်ပါတယ်။

အိုးခွက်တီးပြီး ဆန္ဒပြတာကို cacerolazo သို့မဟုတ် casserole လို့ခ်ါပါတယ်။ ထိုစကားလုံးသည်

စပိန်ဘာသာစကား cacerola (စတူးအိုး) မှလာတာဖြစ်ပြီး၊ နောက်ဆက်တွဲ စကားလုံး -azo နှင့်

-ada သည် ရိုက်နှက်ခြင်း လို့အဓိပါယ်ရပါတယ်။ cacerolazo လှုပ်ရှားမှုသည် အာရုံစူးစိုက်မှုရရှိစေဖို့

အိုးခွက်များနှင့် ဆူညံသံများပြုလုပ်ကာ စုပေါင်း ဆန္ဒပြခြင်း ပုံစံပဲဖြစ်ပါတယ်။ ပထမဆုံးဆန္ဒပြမှုကို

၁၈၃၀ ပြည့်နှစ်များက ပြင်သစ်နိုင်ငံ လူးဝစ်ဖိလစ် ၁ အစိုးရကို ဆန့်ကျင်သူများက

ဇူလိုင်ဘုရင်စနစ်၏ အစတွင် စတင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

ဒီဓလေ့ဟာ ဟိုးအလယ်ခေတ် ရာစုနှစ်များစွာမတိုင်ခင်ထဲက ပေါ်ပေါက်ခဲ့ပြီး တစ်စုံတစ်ဦး၏

အကျင့်ယိုယွင်းမှုအတွက် အရှက်ရစေရန် လှောင်ပြောင်သရော်သော အလေ့အထ ဖြစ်ပါတယ်။

အဲ့ဓလေ့ကို အဲ့အချိန်ကာလမှာ charivari (သို့) Rough Music (ဂီတ အကြမ်း) လို့ခေါ်တွင်ပါတယ်။

ပြင်သစ်မှာ ဘုရင်စနစ်ကျရှုံးဖို့ တောင်းဆိုသူများသည် charivari လှုပ်ရှားမှုကို ညအချိန်တွေမှ

ာ မြို့၏နေရာအနှံ့တွင် ပြုလုပ်ခြင်းဖြင့် ပြင်သစ်ဘုရင်အား အရှက်ရစေခဲ့တယ်။ ပြင်သစ်သမိုင်းဆရာ

Emmanuel Fureix ၏ အဆိုအရ ထိုကဲ့သို့ မီးဖိုချောင်သုံးပစ္စည်းများကို အသုံးပြုပြီး ဧကရာဇ်ဘုရင်အား

ဆန္ဒပြခြင်းဟာ နိူင်ငံရေးအရ ထိရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုသို့ အိုးခွက်တီးပြီး

ဆန္ဒဖော်ထုတ်တဲ့ လှုပ်ရှားမှုကို ပြင်သစ်မှာ ၁၈၄၈ ဘုရင်စနစ် ကျဆုံးတဲ့အထိ လုပ်ဆောင်ခဲ့ ပါတယ်။

ရာစုနှစ်တစ်ခုကျော်ကြာ ပျောက်နေပြီးနောက် ၁၉၆၁ ခုနှစ် အယ်လ်ဂျီးရီးယား စစ်ပွဲမှာ

စစ်ပွဲဆန့်ကျင်သူတွေ ကပြန်လည်အသုံးပြုခဲ့ပြီး “The Nights of the Pans”လို့ မှတ်တမ်းတင်ထားပါတယ်။

နောက်ပိုင်းတွင် ထိုအလေ့အထမှာ ချီလီနိုင်ငံမှ စတင်၍ တောင်အမေရိကနိူင်ငံအများစုမှာ

နိူင်ငံရေးအရ ဆန္ဒဖော်ထုတ်ဖို့ ထဲထဲဝင်ဝင် အသုံးပြုလာပါတယ်။

၁၉၇၁ ခုနှစ်တွင် အစားအစာခေါင်းပါးမှုကြောင့် ဆိုရှယ်လစ်အစိုးရကို ချီလီနိုင်ငံရှိအမျိုးသမီးများက ဦးဆောင်၍

အိုးခွက်လွတ်များကို တီးခတ်၍ဆန္ဒ ပြခဲ့ပါတယ်။ ထိုလှုပ်ရှားမှုကို March of the Empty Casseroles

လို့မှတ်တမ်းတင်ခဲ့တယ်။ အမျိူးသမီးအရေး လေ့လာသူများက ထိုဥပမာကို အမျိုးသမီးများရဲ့အိမ်တွင်းရေးသည်

နိူင်ငံရေးပဲလို့ပြောဆိုရာမှာ နှိုင်းယှဉ်ပြလေ့ရှိပါတယ်။ ထို့နောက် ၁၉၈၃ခုနှစ် မေလ ၁၁ ရက်တွင်

အာဏာပိုင်များက ညမထွက်ရအမိန့်ကိုထုတ်ပြန်ခဲ့သောကြောင့် အိမ်မှာနေနေရသော်လည်း ချီလီ၏ ပထမဆုံးသော

တစ်နိူင်ငံလုံးပါဝင်သော cacerolazo ကို ထိုညမှာပဲ ကျင်းပခဲ့ပါတယ်။ ထိုမှတဆင့် ဒေသတွင်း ကူးစက်ကာ

အခြားတောင်အမေရိကနိူင်ငံများဖြစ်သော အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ဗင်နီဇွဲလား တို.မှာပါ အသုံးပြုခဲ့ကြပါသည်။

ဒီဘက်ခေတ်ပိုင်းမှာတော့ အောက်တိုဘာ ၂၀၁၉ မှာ ကာဖျူးထုတ်တာနဲ့ စစ်တတ်ရဲ့လွှမ်းမိုးမှုကို

ဆန့်ကျင်ဖို့ ချီလီမှာ cacerolazo ပြန်လည်အသုံးပြုခဲ့ပြီး၊ ၂၀၂၀ မှာတော့ ချီလီမှာပဲကိုဗစ် ကြောင့်

အစားအစာငတ်မွတ်လာသူတွေက cacerolazo လှုပ်ရှားမှုနဲ့ ဆန္ဒပြကြခဲ့ပါတယ်။ ထူးထူးခြားခြား မတူညီတဲ့

ရည်ရွယ်ချက်နဲ့အသုံးပြုတာတော့ အိန္ဒိယမှာ ကိုဗစ် အတွက် တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို

ဂုဏ်ပြုတဲ့အနေနဲ့ အိုးခွက်တွေတီး အားပေးဂုဏ်ပြုခဲ့တယ်ဆိုပါတယ်။

မနေ့က မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သံဗုးတီး (သို.) cacerolazo နဲ့ ဆန္ဒဖော်ထုတ်တာလဲ

ဝီကီပေါ်မှတ်တမ်းရှိနေပါပြီ။ သမိုင်းမှာ အောင်မြင်မှုအများကြီး ရှိထားတဲ့ သံဗုံးတီး (cacerolazo)

လှုပ်ရှားမှုနဲ့ မြန်မာမှာလည်း စစ်အာဏာရှင်စနစ်ကိုအောင်အောင်မြင်မြင် တိုက်ထုတ်နိူင်ပါစေလို့ ဆန္ဒပြုပါတယ်။

ဖြူဖြူ

zawgyi

ရန္ကုန္မွာ သံပုံးတီးၿပီး ဆႏၵေဖာ္ထုတ္ေနတာ ၾကားရေတာ့ ခ်ီလီက အမ်ိဳးသမီးေတြ ဦးေဆာင္ၿပီး

အိုးခြက္ေတြနဲ႔ ဆႏၵျပခဲ့တာကို ျပန္ရွာဖတ္ျဖစ္ပါတယ္။ ဖတ္ရသေလာက္ အတိုခ်ဳပ္ေလး ျပန္ေရးေပးလိုက္ပါတယ္။

အိုးခြက္တီးၿပီး ဆႏၵျပတာကို cacerolazo သို႔မဟုတ္ casserole လို႔ခ္ါပါတယ္။ ထိုစကားလုံးသည္

စပိန္ဘာသာစကား cacerola (စတူးအိုး) မွလာတာျဖစ္ၿပီး၊ ေနာက္ဆက္တြဲ စကားလုံး -azo ႏွင့္

-ada သည္ ႐ိုက္ႏွက္ျခင္း လို႔အဓိပါယ္ရပါတယ္။ cacerolazo လႈပ္ရွားမႈသည္ အာ႐ုံစူးစိုက္မႈရရွိေစဖို႔

အိုးခြက္မ်ားႏွင့္ ဆူညံသံမ်ားျပဳလုပ္ကာ စုေပါင္း ဆႏၵျပျခင္း ပုံစံပဲျဖစ္ပါတယ္။ ပထမဆုံးဆႏၵျပမႈကို

၁၈၃၀ ျပည့္ႏွစ္မ်ားက ျပင္သစ္ႏိုင္ငံ လူးဝစ္ဖိလစ္ ၁ အစိုးရကို ဆန႔္က်င္သူမ်ားက

ဇူလိုင္ဘုရင္စနစ္၏ အစတြင္ စတင္ခဲ့တယ္လို႔ မွတ္တမ္းတင္ထားပါတယ္။

ဒီဓေလ့ဟာ ဟိုးအလယ္ေခတ္ ရာစုႏွစ္မ်ားစြာမတိုင္ခင္ထဲက ေပၚေပါက္ခဲ့ၿပီး တစ္စုံတစ္ဦး၏

အက်င့္ယိုယြင္းမႈအတြက္ အရွက္ရေစရန္ ေလွာင္ေျပာင္သေရာ္ေသာ အေလ့အထ ျဖစ္ပါတယ္။

အဲ့ဓေလ့ကို အဲ့အခ်ိန္ကာလမွာ charivari (သို႔) Rough Music (ဂီတ အၾကမ္း) လို႔ေခၚတြင္ပါတယ္။

ျပင္သစ္မွာ ဘုရင္စနစ္က်ရႈံးဖို႔ ေတာင္းဆိုသူမ်ားသည္ charivari လႈပ္ရွားမႈကို ညအခ်ိန္ေတြမွ

ာ ၿမိဳ႕၏ေနရာအႏွံ႔တြင္ ျပဳလုပ္ျခင္းျဖင့္ ျပင္သစ္ဘုရင္အား အရွက္ရေစခဲ့တယ္။ ျပင္သစ္သမိုင္းဆရာ

Emmanuel Fureix ၏ အဆိုအရ ထိုကဲ့သို႔ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို အသုံးျပဳၿပီး ဧကရာဇ္ဘုရင္အား

ဆႏၵျပျခင္းဟာ ႏိူင္ငံေရးအရ ထိေရာက္မႈရွိခဲ့တယ္လို႔ ဆိုပါတယ္။ ထိုသို႔ အိုးခြက္တီးၿပီး

ဆႏၵေဖာ္ထုတ္တဲ့ လႈပ္ရွားမႈကို ျပင္သစ္မွာ ၁၈၄၈ ဘုရင္စနစ္ က်ဆုံးတဲ့အထိ လုပ္ေဆာင္ခဲ့ ပါတယ္။

ရာစုႏွစ္တစ္ခုေက်ာ္ၾကာ ေပ်ာက္ေနၿပီးေနာက္ ၁၉၆၁ ခုႏွစ္ အယ္လ္ဂ်ီးရီးယား စစ္ပြဲမွာ

စစ္ပြဲဆန႔္က်င္သူေတြ ကျပန္လည္အသုံးျပဳခဲ့ၿပီး “The Nights of the Pans”လို႔ မွတ္တမ္းတင္ထားပါတယ္။

ေနာက္ပိုင္းတြင္ ထိုအေလ့အထမွာ ခ်ီလီႏိုင္ငံမွ စတင္၍ ေတာင္အေမရိကႏိူင္ငံအမ်ားစုမွာ

ႏိူင္ငံေရးအရ ဆႏၵေဖာ္ထုတ္ဖို႔ ထဲထဲဝင္ဝင္ အသုံးျပဳလာပါတယ္။

၁၉၇၁ ခုႏွစ္တြင္ အစားအစာေခါင္းပါးမႈေၾကာင့္ ဆိုရွယ္လစ္အစိုးရကို ခ်ီလီႏိုင္ငံရွိအမ်ိဳးသမီးမ်ားက ဦးေဆာင္၍

အိုးခြက္လြတ္မ်ားကို တီးခတ္၍ဆႏၵ ျပခဲ့ပါတယ္။ ထိုလႈပ္ရွားမႈကို March of the Empty Casseroles

လို႔မွတ္တမ္းတင္ခဲ့တယ္။ အမ်ိဴးသမီးအေရး ေလ့လာသူမ်ားက ထိုဥပမာကို အမ်ိဳးသမီးမ်ားရဲ႕အိမ္တြင္းေရးသည္

ႏိူင္ငံေရးပဲလို႔ေျပာဆိုရာမွာ ႏႈိင္းယွဥ္ျပေလ့ရွိပါတယ္။ ထို႔ေနာက္ ၁၉၈၃ခုႏွစ္ ေမလ ၁၁ ရက္တြင္

အာဏာပိုင္မ်ားက ညမထြက္ရအမိန႔္ကိုထုတ္ျပန္ခဲ့ေသာေၾကာင့္ အိမ္မွာေနေနရေသာ္လည္း ခ်ီလီ၏ ပထမဆုံးေသာ

တစ္ႏိူင္ငံလုံးပါဝင္ေသာ cacerolazo ကို ထိုညမွာပဲ က်င္းပခဲ့ပါတယ္။ ထိုမွတဆင့္ ေဒသတြင္း ကူးစက္ကာ

အျခားေတာင္အေမရိကႏိူင္ငံမ်ားျဖစ္ေသာ အာဂ်င္တီးနား၊ ဥ႐ုေဂြးနဲ႔ ဗင္နီဇြဲလား တို.မွာပါ အသုံးျပဳခဲ့ၾကပါသည္။

ဒီဘက္ေခတ္ပိုင္းမွာေတာ့ ေအာက္တိုဘာ ၂၀၁၉ မွာ ကာဖ်ဴးထုတ္တာနဲ႔ စစ္တတ္ရဲ႕လႊမ္းမိုးမႈကို

ဆန႔္က်င္ဖို႔ ခ်ီလီမွာ cacerolazo ျပန္လည္အသုံးျပဳခဲ့ၿပီး၊ ၂၀၂၀ မွာေတာ့ ခ်ီလီမွာပဲကိုဗစ္ ေၾကာင့္

အစားအစာငတ္မြတ္လာသူေတြက cacerolazo လႈပ္ရွားမႈနဲ႔ ဆႏၵျပၾကခဲ့ပါတယ္။ ထူးထူးျခားျခား မတူညီတဲ့

ရည္႐ြယ္ခ်က္နဲ႔အသုံးျပဳတာေတာ့ အိႏၵိယမွာ ကိုဗစ္ အတြက္ တိုက္ပြဲဝင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို

ဂုဏ္ျပဳတဲ့အေနနဲ႔ အိုးခြက္ေတြတီး အားေပးဂုဏ္ျပဳခဲ့တယ္ဆိုပါတယ္။

မေန႔က ျမန္မာျပည္မွာ စစ္အာဏာသိမ္းတာကို ဆန႔္က်င္တဲ့ သံဗုးတီး (သို.) cacerolazo နဲ႔ ဆႏၵေဖာ္ထုတ္တာလဲ

ဝီကီေပၚမွတ္တမ္းရွိေနပါၿပီ။ သမိုင္းမွာ ေအာင္ျမင္မႈအမ်ားႀကီး ရွိထားတဲ့ သံဗုံးတီး (cacerolazo)

လႈပ္ရွားမႈနဲ႔ ျမန္မာမွာလည္း စစ္အာဏာရွင္စနစ္ကိုေအာင္ေအာင္ျမင္ျမင္ တိုက္ထုတ္ႏိူင္ပါေစလို႔ ဆႏၵျပဳပါတယ္။

ျဖဴျဖဴ