ငွေဆောင်မြို့အနီးရှိ ပင်လယ်ပြင်အတွင်းမှ ထူးဆန်းသည့် ပေါက်ကွဲသံသုံးချက် ကြားရ ကြောင်
း ငွေဆောင်မြို့နှင့် ဖုန်းမောင်ကြိုင်ကျေးရွာတွင် နေထိုင်သော ဒေသခံများက ပြောပါတယ်။
အဆိုပါ ပေါက်ကွဲသံများကို ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၂ နာရီခ့်တွင် တစ်ကြိမ်၊ ည ၉ နာရီခန့်တွင်
တစ်ကြိမ်နှင့် ဖေဖော်ဝါရီ ၃ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်ကြားခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။
“နေ့ခင်းဘက် ဝုန်းခနဲမြည် တဲ့အသံက ရွာက အိမ်တွေတောင် တုန်သွားတယ်။ အသံလာတာက
ပင်လယ်ထဲကဆိုပေမယ့် ရွာနဲ့ နီးနီးနားနားမှာ ကြားရတာ။ ဒီနေ့ မနက်ပိုင်းကတော့ သိပ်အသံ မကျယ်ဘူး”ဟု
ဖုန်းမောင်ကြိုင် ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်း က ပြောပါတယ်။
ယခင်က ငွေဆောင်ကမ်း ခြေတွင် အပန်းဖြေ လာရောက်သူ များက မီးရှူးမီးပန်းများ ဖောက်ခဲ့သော်လည်း
ယခုအခါ ကမ်းခြေ ပိတ်ထားသဖြင့် ဧည့်သည်မရှိ ကြောင်း ငွေဆောင်မြို့ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင် မြင့်က ပြောပါတယ်။
ထို့အပြင် ကြားခဲ့ရသည့် အသံသည် မီးရှူးမီးပန်းဖောက် သည့်အသံနှင့်မတူဘဲ ထူးဆန်း သည့် အသံဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
အဆိုပါ အခြေအနေအား ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါပေါက်ကွဲသံများ
အား ၎င်းအနေဖြင့် မကြားမိသကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်ခဲ့သည်ကိုလည်းမသိရှိကြောင်း၊ ဒေသအတွင်း
တည်ငြိမ်အေးဆေးမှုရှိပြီး ထူးထူးခြားခြား ဖြစ်စဉ်မျိုးမရှိကြောင်း၊ အဆိုပါအခြေအနေအား
ဆက်လက်စုံစမ်းမည် ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
zawgyi
ေငြေဆာင္ၿမိဳ႕အနီးရွိ ပင္လယ္ျပင္အတြင္းမွ ထူးဆန္းသည့္ ေပါက္ကြဲသံသုံးခ်က္ ၾကားရ ေၾကာင္
း ေငြေဆာင္ၿမိဳ႕ႏွင့္ ဖုန္းေမာင္ႀကိဳင္ေက်း႐ြာတြင္ ေနထိုင္ေသာ ေဒသခံမ်ားက ေျပာပါတယ္။
အဆိုပါ ေပါက္ကြဲသံမ်ားကို ေဖေဖာ္ဝါရီ ၂ ရက္ ေန႔လယ္ ၂ နာရီခ့္တြင္ တစ္ႀကိမ္၊ ည ၉ နာရီခန႔္တြင္
တစ္ႀကိမ္ႏွင့္ ေဖေဖာ္ဝါရီ ၃ နံနက္ ၁၀ နာရီခန႔္တြင္ တစ္ႀကိမ္ၾကားခဲ့ရေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။
“ေန႔ခင္းဘက္ ဝုန္းခနဲျမည္ တဲ့အသံက ႐ြာက အိမ္ေတြေတာင္ တုန္သြားတယ္။ အသံလာတာက
ပင္လယ္ထဲကဆိုေပမယ့္ ႐ြာနဲ႔ နီးနီးနားနားမွာ ၾကားရတာ။ ဒီေန႔ မနက္ပိုင္းကေတာ့ သိပ္အသံ မက်ယ္ဘူး”ဟု
ဖုန္းေမာင္ႀကိဳင္ ေက်း႐ြာ ရာအိမ္မႉး ဦးတင္ထြန္း က ေျပာပါတယ္။
ယခင္က ေငြေဆာင္ကမ္း ေျခတြင္ အပန္းေျဖ လာေရာက္သူ မ်ားက မီးရႉးမီးပန္းမ်ား ေဖာက္ခဲ့ေသာ္လည္း
ယခုအခါ ကမ္းေျခ ပိတ္ထားသျဖင့္ ဧည့္သည္မရွိ ေၾကာင္း ေငြေဆာင္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးခင္ ျမင့္က ေျပာပါတယ္။
ထို႔အျပင္ ၾကားခဲ့ရသည့္ အသံသည္ မီးရႉးမီးပန္းေဖာက္ သည့္အသံႏွင့္မတူဘဲ ထူးဆန္း သည့္ အသံျဖစ္ေၾကာင္း ၎က ဆိုပါတယ္။
အဆိုပါ အေျခအေနအား ေငြေဆာင္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေက်ာ္ထံ ဆက္သြယ္ေမးျမန္းခဲ့ရာ အဆိုပါေပါက္ကြဲသံမ်ား
အား ၎အေနျဖင့္ မၾကားမိသကဲ့သို႔ ေပါက္ကြဲသံ ထြက္ေပၚခဲ့သည္ကိုလည္းမသိရွိေၾကာင္း၊ ေဒသအတြင္း
တည္ၿငိမ္ေအးေဆးမႈရွိၿပီး ထူးထူးျခားျခား ျဖစ္စဥ္မ်ိဳးမရွိေၾကာင္း၊ အဆိုပါအေျခအေနအား
ဆက္လက္စုံစမ္းမည္ ျဖစ္ ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။