News

ပန်ဆယ်လိုကို အကြောင်းမရှိ အကြောင်းရှာပြီး ဆွဲစိဖို့ ကြံနေကြပြီ

ပန်ဆယ်လိုကို အကြောင်းမရှိ အကြောင်းရှာပြီး ဆွဲစိဖို့ ကြံနေကြပြီ..

(ရေးသားသူ – အိပန်ဆယ်လို)

ဒီနေ့မနက် ကျွန်မအိမ်ကို သူတို့ ထပ်ရောက်လာပါတယ်။ ဘယ်လိုပြစ်မှုနဲ့ ရှာမှာလဲ မေးတော့

ကျွန်မဘဏ်အကောင့်ထဲမှာ ပိုက်ဆံတွေ များနေလို့ပါတဲ့။ သိန်းပေါင်းသောင်းချီရှိနေလို့ပါတဲ့။

ဖေ့စ်ဘုတ်ပေါ်မှာ ဖွနေတဲ့ တင်ဒါရတယ်တို့၊ ငွေကြေးခဝါချတယ်တို့ဆိုတဲ့ ဂုဏ်သိက္ခာမရှိတဲ့ ပုဒ်မတွေ

တပ်တော့မယ်လို့ ယူဆပါတယ်။ ကျွန်မကို နိုင်ငံရေးပုဒ်မတပ်ပြီး ဂုဏ်တင်မယ်တော့ မထင်ပါ။

ကျွန်မအနေနဲ့ အခုအချိန်မှာ ဘာမှတတ်နိုင်တဲ့ အင်အားမရှိပါ။ စစ်အာဏာသိမ်း အခြေအနေမှာ

ကျွန်မဘဏ်အကောင့်ထဲမှာ ဘာမှမရှိလည်း ချက်ချင်းရှိသွားအောင်လုပ်ပြီး သူတို့လိုချင်တဲ့ပုဒ်မကို

ရအောင်တပ်ပါလိမ့်မယ်။ ဝရမ်းတောင်းထားတာ မပြသေးပေမယ့် ခဏနေ ဝရမ်းယူပြီးသော်လည်းကောင်း၊

ဝရမ်းမပါဘဲသော်လည်းကောင်း ပြန်လာပါလိမ့်မယ်။ တံခါးဖွင့်ပေးလိုက်ပါတော့မယ်။

ကျွန်မအနေနဲ့ အခုအချိန်မှာ တိုင်တည်စရာ လူထုပဲ ရှိပါတယ်။ ကျွန်မရဲ့ သမီးလေး၊ ကျွန်မရဲ့

သက်ရှိထင်ရှားမိဘနဲ့ ကျိန်တွယ်ပြီး ပြောပါတယ်။ ကျွန်မဘဝမှာ သိန်းပေါင်းသောင်းချီဆိုတဲ့ငွေကို

မမြင်ဖူးခဲ့ပါ။ မကိုင်ဖူးခဲ့ပါ။ မရဖူးခဲ့ဘူး။ အခု ဝယ်ယူထားတဲ့ အိမ်ဟာ ကျွန်မနဲ့ ကျွန်မမိသားစုရဲ့

ဆယ့်တစ်နှစ်တာ ကျိုးကျိုးကုတ်ကုတ်ရှာဖွေထားတဲ့ ငွေပါ။ ဘဏ်မှာ Home Loan ချေးငွေနဲ့ ဝယ်ယူပြီး

လစဉ်ဆပ်နေတာပါ။ စာရွက်စာတမ်းအားလုံးရှိပါတယ်။ နိုင်ငံတော်ဆီ ငွေဖြူနဲ့ အခွန်ငွေဆောင်ပြီး တရားဝင်ဝယ်ယူထားတာပါ။

ကျွန်မ ဘဏ်အကောင့်ထဲမှာ သိန်းပေါင်းသောင်းချီတစ်ခါမှ မရှိခဲ့ဖူးပါ။ ရတနာရောင်းချခြင်းဟာလည်း

ရွှေဆိုင်တွေ ပန်းထိမ်တွေက ယုံကြည်မှုအားဖြင့် ပစ္စည်းချပေး၊ ရောင်းပြီး ပိုက်ဆံပြန်ပေး စနစ်နဲ့ပါ။

ရတနာအရောင်းအဝယ်လုပ်သူဖြစ်တဲ့အတွက် ဘဏ်အကောင့်ထဲ ငွေဝင်ငွေထွက်များပေမယ့် သိန်းပေါင်းသောင်းချီတစ်ခါမှ

မရှိခဲ့ဖူးပါ။ သိန်းတစ်ထောင်ပတ်လည်အပြင် တစ်ခါမှကို မရှိဖူးပါ။

အမေဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ခဲ့စဉ် ကာလတောက်လျှောက် အမေ့ကို ချစ်ခင်ခြင်းသီးသန့်မှ လွဲ၍

ကိုယ်ကျိုးစီးပွါး ပတ်သက်ခဲ့ခြင်းမရှိပါ။ အစိုးရလုပ်ငန်းများ၊ တင်ဒါများ စသဖြင့် ကိုယ်ကျိုးစီးပွါးများ တစ်ခါမှ ပတ်သက်ခဲ့ခြင်းမရှိပါ။

ဒီစကားတွေကို ကျွန်မအသက်အပြင် ကျွန်မမိသားစုနဲ့ပါ ကျိန်တွယ်ပြီး ပြောပါတယ်။ ဖေ့စ်ဘုတ်မှာ ကျွန်မစီးပွါးရေးနဲ့

ပတ်သက်ပြီး အပုတ်ချသမျှ ကျွန်မ မဖြေရှင်းခဲ့ပါ။ အခုက ကျွန်မကို ဒီလို တကယ်ဖြစ်အောင် အမှုဆင်ဖန်တီးတော့မှာ

ဖြစ်တဲ့အတွက် အများသိအောင် ပြောဖို့ လိုအပ်တဲ့အတွက် ပြောရခြင်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်မှာ အမှန်ဟာ အမှားဖြစ်သွားအောင် ဖန်တီးနိုင်တယ်။ အာဏာရှင်စနစ်မှာ

ဥပဒေမရှိဘူး။ အမှန်တရား မရှိဘူး။ ရှူနေတဲ့လေကအစ သန့်စင်မှု မရှိဘူး

။ နိုးလာတဲ့ မနက်တိုင်းမှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။

စစ်အာဏာရှင်စနစ် ကျရှုံးပါစေ။ (အိပန်ဆယ်လို)

zawgyi

ပန္ဆယ္လိုကို အေၾကာင္းမရွိ အေၾကာင္းရွာၿပီး ဆြဲစိဖို႔ ႀကံေနၾကၿပီ..

(ေရးသားသူ – အိပန္ဆယ္လို)

ဒီေန႔မနက္ ကြၽန္မအိမ္ကို သူတို႔ ထပ္ေရာက္လာပါတယ္။ ဘယ္လိုျပစ္မႈနဲ႔ ရွာမွာလဲ ေမးေတာ့

ကြၽန္မဘဏ္အေကာင့္ထဲမွာ ပိုက္ဆံေတြ မ်ားေနလို႔ပါတဲ့။ သိန္းေပါင္းေသာင္းခ်ီရွိေနလို႔ပါတဲ့။

ေဖ့စ္ဘုတ္ေပၚမွာ ဖြေနတဲ့ တင္ဒါရတယ္တို႔၊ ေငြေၾကးခဝါခ်တယ္တို႔ဆိုတဲ့ ဂုဏ္သိကၡာမရွိတဲ့ ပုဒ္မေတြ

တပ္ေတာ့မယ္လို႔ ယူဆပါတယ္။ ကြၽန္မကို ႏိုင္ငံေရးပုဒ္မတပ္ၿပီး ဂုဏ္တင္မယ္ေတာ့ မထင္ပါ။

ကြၽန္မအေနနဲ႔ အခုအခ်ိန္မွာ ဘာမွတတ္ႏိုင္တဲ့ အင္အားမရွိပါ။ စစ္အာဏာသိမ္း အေျခအေနမွာ

ကြၽန္မဘဏ္အေကာင့္ထဲမွာ ဘာမွမရွိလည္း ခ်က္ခ်င္းရွိသြားေအာင္လုပ္ၿပီး သူတို႔လိုခ်င္တဲ့ပုဒ္မကို

ရေအာင္တပ္ပါလိမ့္မယ္။ ဝရမ္းေတာင္းထားတာ မျပေသးေပမယ့္ ခဏေန ဝရမ္းယူၿပီးေသာ္လည္းေကာင္း၊

ဝရမ္းမပါဘဲေသာ္လည္းေကာင္း ျပန္လာပါလိမ့္မယ္။ တံခါးဖြင့္ေပးလိုက္ပါေတာ့မယ္။

ကြၽန္မအေနနဲ႔ အခုအခ်ိန္မွာ တိုင္တည္စရာ လူထုပဲ ရွိပါတယ္။ ကြၽန္မရဲ႕ သမီးေလး၊ ကြၽန္မရဲ႕

သက္ရွိထင္ရွားမိဘနဲ႔ က်ိန္တြယ္ၿပီး ေျပာပါတယ္။ ကြၽန္မဘဝမွာ သိန္းေပါင္းေသာင္းခ်ီဆိုတဲ့ေငြကို

မျမင္ဖူးခဲ့ပါ။ မကိုင္ဖူးခဲ့ပါ။ မရဖူးခဲ့ဘူး။ အခု ဝယ္ယူထားတဲ့ အိမ္ဟာ ကြၽန္မနဲ႔ ကြၽန္မမိသားစုရဲ႕

ဆယ့္တစ္ႏွစ္တာ က်ိဳးက်ိဳးကုတ္ကုတ္ရွာေဖြထားတဲ့ ေငြပါ။ ဘဏ္မွာ Home Loan ေခ်းေငြနဲ႔ ဝယ္ယူၿပီး

လစဥ္ဆပ္ေနတာပါ။ စာ႐ြက္စာတမ္းအားလုံးရွိပါတယ္။ ႏိုင္ငံေတာ္ဆီ ေငြျဖဴနဲ႔ အခြန္ေငြေဆာင္ၿပီး တရားဝင္ဝယ္ယူထားတာပါ။

ကြၽန္မ ဘဏ္အေကာင့္ထဲမွာ သိန္းေပါင္းေသာင္းခ်ီတစ္ခါမွ မရွိခဲ့ဖူးပါ။ ရတနာေရာင္းခ်ျခင္းဟာလည္း

ေ႐ႊဆိုင္ေတြ ပန္းထိမ္ေတြက ယုံၾကည္မႈအားျဖင့္ ပစၥည္းခ်ေပး၊ ေရာင္းၿပီး ပိုက္ဆံျပန္ေပး စနစ္နဲ႔ပါ။

ရတနာအေရာင္းအဝယ္လုပ္သူျဖစ္တဲ့အတြက္ ဘဏ္အေကာင့္ထဲ ေငြဝင္ေငြထြက္မ်ားေပမယ့္ သိန္းေပါင္းေသာင္းခ်ီတစ္ခါမွ

မရွိခဲ့ဖူးပါ။ သိန္းတစ္ေထာင္ပတ္လည္အျပင္ တစ္ခါမွကို မရွိဖူးပါ။

အေမေဒၚေအာင္ဆန္းစုၾကည္ အုပ္ခ်ဳပ္ခဲ့စဥ္ ကာလေတာက္ေလွ်ာက္ အေမ့ကို ခ်စ္ခင္ျခင္းသီးသန္႔မွ လြဲ၍

ကိုယ္က်ိဳးစီးပြါး ပတ္သက္ခဲ့ျခင္းမရွိပါ။ အစိုးရလုပ္ငန္းမ်ား၊ တင္ဒါမ်ား စသျဖင့္ ကိုယ္က်ိဳးစီးပြါးမ်ား တစ္ခါမွ ပတ္သက္ခဲ့ျခင္းမရွိပါ။

ဒီစကားေတြကို ကြၽန္မအသက္အျပင္ ကြၽန္မမိသားစုနဲ႔ပါ က်ိန္တြယ္ၿပီး ေျပာပါတယ္။ ေဖ့စ္ဘုတ္မွာ ကြၽန္မစီးပြါးေရးနဲ႔

ပတ္သက္ၿပီး အပုတ္ခ်သမွ် ကြၽန္မ မေျဖရွင္းခဲ့ပါ။ အခုက ကြၽန္မကို ဒီလို တကယ္ျဖစ္ေအာင္ အမႈဆင္ဖန္တီးေတာ့မွာ

ျဖစ္တဲ့အတြက္ အမ်ားသိေအာင္ ေျပာဖို႔ လိုအပ္တဲ့အတြက္ ေျပာရျခင္း ျဖစ္ပါတယ္။

အာဏာရွင္စနစ္မွာ အမွန္ဟာ အမွားျဖစ္သြားေအာင္ ဖန္တီးႏိုင္တယ္။ အာဏာရွင္စနစ္မွာ

ဥပေဒမရွိဘူး။ အမွန္တရား မရွိဘူး။ ရႉေနတဲ့ေလကအစ သန္႔စင္မႈ မရွိဘူး

။ ႏိုးလာတဲ့ မနက္တိုင္းမွာ ဘာေမွ်ာ္လင့္ခ်က္မွ မရွိဘူး။

စစ္အာဏာရွင္စနစ္ က်ရႈံးပါေစ။ (အိပန္ဆယ္လို)