News

စည်ပင်ရိပ်သာမှာ ကျန်ရှိနေတဲ့ အန်နယ်လ်ဒီအမတ်တွေ လွှတ်တော် ခေါ်ပြီ

စည်ပင်ရိပ်သာမှာ ကျန်ရှိနေတဲ့ အန်နယ်လ်ဒီအမတ်တွေ လွှတ်တော် ခေါ်ပြီ

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လို စစ်အာဏာသိမ်းမှုမျိုးကမှ

ပယ်ဖျက်လို့ မရတဲ့အတွက်၊ ဒီနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲကျန်ရှိနေတဲ့

အန်နယ်လ်ဒီ အမတ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူလိုက်ပါတယ်။

လွှတ်တော် ခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို

ကျေပွန် အောင် ထမ်းဆောင်မယ်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း မင်္ဂလ

တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

အခုချိန်ထိ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ အန်နယ်လ်ဒီ အမတ် ၇၀ ခန့်ရှိပါတယ်။

ကျန်တဲ့အမတ် ၄၀၀ ကျော်ကိုလည်း အွန်လိုင်းကနေ ကျမ်းသစ္စာကျိန်ဆိုတဲ့ ကတိပြုလွှာတွေအတွက်

လက်မှတ်တွေကောက်ယူ သွားမယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

zawgyi

စည္ပင္ရိပ္သာမွာ က်န္ရွိေနတဲ့ အန္နယ္လ္ဒီအမတ္ေတြ လႊတ္ေတာ္ ေခၚၿပီ

ျပည္သူက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဘယ္လို စစ္အာဏာသိမ္းမႈမ်ိဳးကမွ

ပယ္ဖ်က္လို႔ မရတဲ့အတြက္၊ ဒီေန႔ ေဖေဖၚဝါရီလ ၄ ရက္ေန႔ စည္ပင္ဧည့္ရိပ္သာမွာ မျပန္ဘဲက်န္ရွိေနတဲ့

အန္နယ္လ္ဒီ အမတ္ ၇၀ စုေပါင္းၿပီး ကိုယ္တိုင္လႊတ္ေတာ္ေခၚယူလိုက္ပါတယ္။

လႊတ္ေတာ္ ေခၚယူတဲ့ အထိမ္းအမွတ္အေနနဲ႔ လႊတ္ေတာ္ပထမေန႔မွာ ျပဳလုပ္ေလ့ရွိတဲ့ “ျပည္သူ႔တာဝန္ကို

ေက်ပြန္ ေအာင္ ထမ္းေဆာင္မယ္” ဆိုတဲ့ ကတိသစၥာျပဳလႊာေတြကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဒီလႈပ္ရွားမႈကို ၂၀၂၀ ေ႐ြးေကာက္ပြဲအႏိုင္ရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ရန္ကုန္တိုင္း မဂၤလ

ေတာင္ၫြန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚျဖဴျဖဴသင္း၊ မႏၲေလးတိုင္း မဟာေအာင္ေျမၿမိဳ႕နယ္

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္စိုးလင္း တို႔က ဦးေဆာင္စီစဥ္ခဲ့တာျဖစ္ပါတယ္။

အခုခ်ိန္ထိ စည္ပင္ဧည့္ရိပ္သာမွာ မျပန္ဘဲ က်န္ရွိေနတဲ့ အန္နယ္လ္ဒီ အမတ္ ၇၀ ခန႔္ရွိပါတယ္။

က်န္တဲ့အမတ္ ၄၀၀ ေက်ာ္ကိုလည္း အြန္လိုင္းကေန က်မ္းသစၥာက်ိန္ဆိုတဲ့ ကတိျပဳလႊာေတြအတြက္

လက္မွတ္ေတြေကာက္ယူ သြားမယ္လို႔ ေဒၚျဖဴျဖဴသင္းက ေျပာပါတယ္။