International News

စစ်တပ်အာဏာသိမ်းလုပ်ရပ် မအောင်မြင်စေရန် ဆောင်ရွက်သွားမည်ဟု ကုလအတွင်းရေးမှူးချုပ် ကတိပြု

စစ်တပ်အာဏာသိမ်းလုပ်ရပ် မအောင်မြင်စေရန် ဆောင်ရွက်သွားမည်ဟု ကုလအတွင်းရေးမှူးချုပ် ကတိပြု

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ နိုင်ငံတကာ အသိုက်အဝန်းမှ အဓိက ကျသူများ အပါအဝင် အားလုံးကို

စုစည်း၍ လက်ရှိ စစ်တပ်၏ အာဏာသိမ်းလုပ်ရပ် အောင်မြင်ခြင်း မရှိစေရန် ကြိုးပမ်းသွားမည်ဟု

ကတိပေးသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ နှင့် အင်တာဗျူးတွင် ထုတ်ဖေါ်ပြော ကြားလိုက်ပြီ ဖြစ်သည်။

မြန်မာစစ်တပ် အားလည်း ထိုကဲ့သို့သော လုပ်နည်းလုပ် ဟန်များဖြင့် နိုင်ငံကို အုပ်ချုပ်၍ မဖြစ်

ဆိုသည်ကို သဘောပေါက်အောင် လုပ်ရမည်ဟု ပြောသွားခဲ့ပြန်သည်။

မည်သူက စလိုက်သည် မသိနိုင်ငံတွင်း တွင် ၇၂ နာရီ စောင့်၊ အာဏာသိမ်း အထမမြောက် ဆိုသော

စကားများ၊ နိုင်ငံတကာက ကြည့်မနေ ဆိုသော စကားများ အကြားတွင် အာဏာသိမ်း တပ်များသည်

သူတို့၏ အုပ်ချုပ်ရေးကို အခိုင်အမာ တည်ဆောက်လျှက် ရှိနေပြီဖြစ်သည်။ နိုင်ငံတော် စီမံခန့်ခွဲရေး

ကောင်စီ ဆိုကာ မဲအရေ အတွက် ထောင်ဂဏန်းမျှသာရရှိသော ပါတီငယ်များမှ

ခေါင်းဆောင်များကို ဆွဲထုတ်ဖွဲ့စည်းလာကြသည်။

နောက်ဆုံး လုပ်ရပ်အဖြစ် ပြည်သူ ၈၃% မှ တခဲနက် ရွေးကောက်တင်မြှောက်ထားသေ

ာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည် နှင့် သမ္မတကြီး

ဦးဝင်းမြင့်တို့အား လူကြားထဲတွင် ချပြ၍ မရလောက်အောင် လွန်စွာ

ရယ်ဖွယ်ကောင်းလှသည့် ပြစ်မှူ အသီးသီး ဖြင့် စွပ်စွဲလိုက်ပြီ ဖြစ်သည်။

၎င်းတို့၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ၏ နေပြည်တော်အိမ်သို့ဝင်ရောက် ရှာဖွေရာ

တရားမဝင်တင်သွင်းလာသော လမ်းလျှောက် စကားပြောစက် ၁၅ လုံး ရှာဖွေ သိမ်းဆည်းရရှိခဲ့မှု၊

နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်သည် ၎င်းအား ထောက်ခံသူများအား အပြင် ထွက်၍

လက်ဝှေ့ရမ်းပြသခဲ့သည့် အတွက် ကိုဗစ် တားမြစ်ချက်ကို ဖေါက်ဖျက်မှုများဖြင့်

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့အထိ အကျဉ်းချထားလိုက်ပြီ ဖြစ်သည်ဟု နယူး ယောက်တိုင်းမ် သတင်းစာက

ရေးသားခဲ့သည်။ ၎င်းတို့၏ လှုပ်ရှားမှုများကို သုံးသပ်က အယူအဆနှစ်မျိုး ထွက်ပေါ်လာနိုင်သည်။

ပထမက မနေ့က ပြီးစီးသွားခဲ့သော ကုလလုံခြုံရေး ကောင်စီ တံခါးပိတ် အစည်းအဝေးတွင် ၎င်းတို့အား

တကမ္ဘာလုံးမှ စီးပွားရေး ပိတ်ဆို့ရန် အသာထား ရှူတ်ချကြောင်း ကြေညာချက်ကိုပင် အောင်မြင်စွာ

ထုတ်ပြန်နိုင်ခြင်း မရှိ၍ ရဲတင်းလာခြင်း။ ဒုတိယက အမေရိကန်၏ လျပ်တပြက် လှုပ်ရှားလာမည်ကို

လွန်စွာ တုန်လှုပ်လာသဖြင့် တနေရာရာတွင် ဓါးစာခံ အဖြစ် ထိန်းသိမ်းထားခြင်း ဟူ၍သာ ယူဆနိုင်သည်။

ယမန်နေ့က ပင်တဂွန် စစ်ဌာနချုပ်မှ ပြောခွင့်ရ ဂျွန်ကပ်ဘီ မှ မိမိတို့အနေဖြင့် မြန်မာ အရေးကို

စစ်ရေးအရ ဖြေရှင်းရန် မရှိသေးကြောင်း၊ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြောင်း သတင်းထောက်များကို

ပြောသွားသည်ဟု ရုရှား၏ စပွတ်နစ် သတင်းဌာနမှာ ဖေါ်ပြသွားခဲ့သည့် စကားများကလည်း ရှိနေသည်။

အမေရိကန်တို့ မြန်မာပြည်အား ကျုးကျော်လာမည် မဟုတ် ဆိုသည်ကို အားလုံးက လက်ခံထားကြပြီး ဖြစ်သော်လည်း

၎င်းတို့ အဖို့က မြို့တော်ကြီးကိုပင် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ အကုန်အကျခံ၍ ရွှေ့ပြောင်းခဲ့သည်အထိ

ယုံကြည်ခဲ့ကြသည်၊ ရာနှုန်း အနည်းငယ်မျှ ဖြစ်နိုင်ချေ ရှိသည်ဆိုလျှင်ပင် စိတ်ချလက်ချ မနေရဲကြသူများ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ လက်ရှိ အာဏာသိမ်း ခေါင်းဆောင်များအား ဆွေးနွေးညှိနှိုင်း ခြင်းဖြင့် အဖြေရှာရန်

မဝံ့မရဲတိုက်တွန်း နေကြသည့် တရုတ် အပါအဝင် အာဆီယံနိုင်ငံ အချို့အား ပြတ်သားစွာ အဖြေပေး

လိုက်ခြင်းပင် ဖြစ်ပေတော့သည်။ မြန်မာ ပြည်သူများအဖို့က တရုတ်အား existential threat

လက်ရှိ အန္တရာယ်ပြုနေသော ခြိမ်းခြောက်မှုကြီး အဖြစ် တဖြေးဖြး ရှု့မြင်လာနေကြပြီ ဖြစ်သည်။

ဂျီ-၇ နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများမှ လူထု ဆန္ဒဖြင့် တင်မြှောက်ထားသော အစိုးရအား

အာဏာပြန်လွှဲပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် ပြဿနာ ဖြစ်လာရသည်ကား နိုင်ငံတကာ

ငွေကြေးရံပုံငွေ အဖွဲ့ကြီးပင် ဖြစ်သည်။ ၎င်းတို့မှ ယခင်က အတည်ပြုထားပြီးဖြစ်သော မြန်မာ၏

ကိုဗစ်-၁၉ ကာလ စီးပွားရေး အကူအညီပေးရေး အစီအစဉ် တစိတ်တပိုင်း အဖြစ် ဒေါ်လာ

သန်း ၃၅၀ အား အာဏာ မသိမ်းမီ တပတ်က လွှဲပြောင်းပေးခဲ့မိခြင်း ဖြစ်ပင်ဖြစ်ပြီး ပြန်ရနိုင်စရာ

လမ်းမမြင်တော့ဟု အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ရိုက်တာ သတင်းဌာနသို့ အီးမေးလ်ဖြင့် အတည်ပြု ပေးခဲ့သည်။

ယခုအခါ ၂၀၁၉ ဇွန်လကတည်းက ချင်း နှင့် ရခိုင်ပြည်နယ် ရှိ ရှစ်မြို့နယ်တွင် ရပ်ဆိုင်းခဲ့သော

အင်တာနက်လိုင်းဖြတ် တောက်မှုကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်ဟု တယ်လီနောက

အတည်ပြု ပြောကြားခဲ့သည် ၎င်းတို့၏ အကြံအစည်ကို သုံးသပ်ရမည် ဆိုလျှင် ပုံမှန် လူတယောက်၏

အတွေး အခေါ်မျိုးနှင့် စဉ်းစား၍ မရ၊ ယခုလည်း အာဏာ သိမ်းမည်လား ဆိုသည်ကို ဖြစ်နိုင်ချေ

ရှိမရှိ မေးခွန်းကို မည်သူမျှ ၁၀၀% သေချာသည်ဟု မပြောနိုင်၊ ကျွန်တော် အပါအဝင် အတော်များများက

ခြိမ်းခြောက်သည့် အဆင့်တွင်သာ ရှိသည်ဟု ဖြစ်နို ချေ ၃၀% သာ ရှိသည်ဟု တွက်ဆခဲ့သည်ကိုတော့ ဝန်ခံရပေမည်။

တကယ်တော့ ဘာမဆို လုပ်ရဲသူကို ညဏ်ချင်းယှဉ်ပြိုင်ခဲ့မှုကိုသာ အပြစ်တင်ရပေတော့မည်။ ၎င်းတို့၏

ခေါင်းဆောင်က သူ့အတွက် Do or Die အနေအထား ဖြစ်လာသည်၊ သူ့လူများကိုလည်း မအောင် မြင်နိုင်စရာ

အကြောင်းမရှိဟု ဆိုကာ ချပြမည်သာ ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ဖက်က အသာစီးရနေသော်လည်း

အခြေနေများက မည်သူမျှ ယတိပြတ် မပြောနိုင်သေးသည့် အနေအထားတွင် ရှိနေသည်။ ဤသည်ကို

ရိပ်စားမိသော ပညာရှင် အတော်များများက ၎င်းတို့ အစိုးရအဖွဲ့တွင် မပါဝင်လိုကြဟု သတင်းများ ထွက်နေသည်။

ပြည်သူသာအဓိက ဖြစ်၍ ၎င်းတို့အား အခုတော့ ပုံမှန် ဖြစ်သွားပြီ မဟုတ်လား။ Business as usual ဟု

အဖြစ်မခံရန် အရေးကြီးနေသည်၊ ၎င်းတို့အဖို့ကား ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အား မည်သို့မျှ

အာဏာပြန်မရရေး၊ ရွေးကောက်ပွဲတွင် အနိုင်မရရေးတို့ကို အသေအချာ အကျအန ထိုင်းကဲ့သို့ စီမံပြီးမှသာ

လွှဲပေးကောင်း လွှဲပေးနိုင် ဖွယ်ရှိသည်။ ဤသို့ဖြင့် မြန်မာပြည်သည် စစ်အာဏရှင်တပိုင်း ဘဝဖြင့်

မိမိတို့ သားသမီးများ လူဖြစ် ကြီးပြင်းလာသည့် အခါတွင်လည်း အခြားနိုင်ငံသားများလို လူချင်းတူတူ

သူချင်းမျှမျှ နေသွားရဖွယ်လည်း မရှိ သူတို့ တခါတရံ စိတ်ကောင်းဝင်၍ ပေးလာသည့် အခွင့်အရေးလေးများကြားတွင်

ရရစားစား ဘဝဖြင့် နေထိုင်သွားကြရတော့မည့် အန္တရာယ်ကြီးကို ပြည်သူများက

ညီညီညွတ်ညွတ်ဖြင့် ကာကွယ်ရမည့် သမိုင်းပေး တာဝန်ကြီး ကျရောက်လာပြီ ဖြစ်သည်။

စစ်အာဏာရှင်တို့ကတော့ ၎င်းတို့၏ နှစ် ၆၀ ခရီးရှည်ကြီး ပြန်လည် စတင်ရန် စက်နှိုးနေပြီ ဖြစ်သည်။

ယခုအခါ အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီး၏ ဒုတိယနေ့အဖြစ် နိုင်ငံတော် သီချင်းများ သံပြိုင်သီဆိုခြင်း

နှင့် ဖယောင်းတိုင်များ ထွန်းညှိကာ အကြမ်းမဖက် ဆက်လက် တိုက်ပွဲဝင်လျက် ရှိသည်ဟု သိရသည်။

ထို့ပြင် စစ်တပ်၏ လက်ဝေခံ လုပ်ငန်း တခု ဖြစ်သော မိုင်တဲလ် မှ ဝန်ထမ်းများ နှုတ်ထွက်သွားကြပြီး

လူထုကလည်း စတင် သပိတ်မှောက် နေကြပြီဟု သတင်းများ ထွက်ပေါ်နေပေသည်။ ၂၀၁၁ အတွင်း

တူနစ်ရှား ရှိ မြို့လေး တမြို့မှ လက်တွန်းလှည်း အရောင်းသည် လေးမှတဆင့် အာရပ်ကမ္ဘာတခုလုံး

မီး ဟုန်းဟုန်းတောက်က စိတ်မာခက်ထန်လှ ပါသည် ဆိုသော ကဒါဖီ နှင့် မူဘာရက် တို့ နိဂုံးချုပ်သွားခဲ့ရသည့်

သာဓကများကို သင်ခန်းစာ ယူနိုင်ပါစေ ဟုသာ ဆု တောင်းရပေတော့မည်။ ပြည်သူလုထု၏ ဆန္ဒအား

လက်နက်အား ကိုးဖြင့် ချေဖျက်ရန် ကြံစည်မှုကြီးသည် ရလဒ်ကောင်းများ မည်သို့မျှပင် ထွက်ပေါ်လာနိုင်စရာ မရှိပေ။

လှစိုးဝေ

zawgyi

စစ္တပ္အာဏာသိမ္းလုပ္ရပ္ မေအာင္ျမင္ေစရန္ ေဆာင္႐ြက္သြားမည္ဟု ကုလအတြင္းေရးမႉးခ်ဳပ္ ကတိျပဳ

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္မွ ႏိုင္ငံတကာ အသိုက္အဝန္းမွ အဓိက က်သူမ်ား အပါအဝင္ အားလုံးကို

စုစည္း၍ လက္ရွိ စစ္တပ္၏ အာဏာသိမ္းလုပ္ရပ္ ေအာင္ျမင္ျခင္း မရွိေစရန္ ႀကိဳးပမ္းသြားမည္ဟု

ကတိေပးသည္ဟု ဝါရွင္တန္ပို႔စ္ သတင္းစာ ႏွင့္ အင္တာဗ်ဴးတြင္ ထုတ္ေဖၚေျပာ ၾကားလိုက္ၿပီ ျဖစ္သည္။

ျမန္မာစစ္တပ္ အားလည္း ထိုကဲ့သို႔ေသာ လုပ္နည္းလုပ္ ဟန္မ်ားျဖင့္ ႏိုင္ငံကို အုပ္ခ်ဳပ္၍ မျဖစ္

ဆိုသည္ကို သေဘာေပါက္ေအာင္ လုပ္ရမည္ဟု ေျပာသြားခဲ့ျပန္သည္။

မည္သူက စလိုက္သည္ မသိႏိုင္ငံတြင္း တြင္ ၇၂ နာရီ ေစာင့္၊ အာဏာသိမ္း အထမေျမာက္ ဆိုေသာ

စကားမ်ား၊ ႏိုင္ငံတကာက ၾကည့္မေန ဆိုေသာ စကားမ်ား အၾကားတြင္ အာဏာသိမ္း တပ္မ်ားသည္

သူတို႔၏ အုပ္ခ်ဳပ္ေရးကို အခိုင္အမာ တည္ေဆာက္လွ်က္ ရွိေနၿပီျဖစ္သည္။ ႏိုင္ငံေတာ္ စီမံခန႔္ခြဲေရး

ေကာင္စီ ဆိုကာ မဲအေရ အတြက္ ေထာင္ဂဏန္းမွ်သာရရွိေသာ ပါတီငယ္မ်ားမွ

ေခါင္းေဆာင္မ်ားကို ဆြဲထုတ္ဖြဲ႕စည္းလာၾကသည္။

ေနာက္ဆုံး လုပ္ရပ္အျဖစ္ ျပည္သူ ၈၃% မွ တခဲနက္ ေ႐ြးေကာက္တင္ေျမႇာက္ထားေသ

ာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစု ၾကည္ ႏွင့္ သမၼတႀကီး

ဦးဝင္းျမင့္တို႔အား လူၾကားထဲတြင္ ခ်ျပ၍ မရေလာက္ေအာင္ လြန္စြာ

ရယ္ဖြယ္ေကာင္းလွသည့္ ျပစ္မႉ အသီးသီး ျဖင့္ စြပ္စြဲလိုက္ၿပီ ျဖစ္သည္။

၎တို႔၏ အဆိုအရ ေဒၚေအာင္ဆန္းစုၾကည္ ၏ ေနျပည္ေတာ္အိမ္သို႔ဝင္ေရာက္ ရွာေဖြရာ

တရားမဝင္တင္သြင္းလာေသာ လမ္းေလွ်ာက္ စကားေျပာစက္ ၁၅ လုံး ရွာေဖြ သိမ္းဆည္းရရွိခဲ့မႈ၊

ႏိုင္ငံေတာ္ သမၼတႀကီး ဦးဝင္းျမင့္သည္ ၎အား ေထာက္ခံသူမ်ားအား အျပင္ ထြက္၍

လက္ေဝွ႔ရမ္းျပသခဲ့သည့္ အတြက္ ကိုဗစ္ တားျမစ္ခ်က္ကို ေဖါက္ဖ်က္မႈမ်ားျဖင့္

ေဖေဖၚဝါရီ ၁၅ ရက္ေန႔အထိ အက်ဥ္းခ်ထားလိုက္ၿပီ ျဖစ္သည္ဟု နယူး ေယာက္တိုင္းမ္ သတင္းစာက

ေရးသားခဲ့သည္။ ၎တို႔၏ လႈပ္ရွားမႈမ်ားကို သုံးသပ္က အယူအဆႏွစ္မ်ိဳး ထြက္ေပၚလာႏိုင္သည္။

ပထမက မေန႔က ၿပီးစီးသြားခဲ့ေသာ ကုလလုံၿခဳံေရး ေကာင္စီ တံခါးပိတ္ အစည္းအေဝးတြင္ ၎တို႔အား

တကမာၻလုံးမွ စီးပြားေရး ပိတ္ဆို႔ရန္ အသာထား ရႉတ္ခ်ေၾကာင္း ေၾကညာခ်က္ကိုပင္ ေအာင္ျမင္စြာ

ထုတ္ျပန္ႏိုင္ျခင္း မရွိ၍ ရဲတင္းလာျခင္း။ ဒုတိယက အေမရိကန္၏ လ်ပ္တျပက္ လႈပ္ရွားလာမည္ကို

လြန္စြာ တုန္လႈပ္လာသျဖင့္ တေနရာရာတြင္ ဓါးစာခံ အျဖစ္ ထိန္းသိမ္းထားျခင္း ဟူ၍သာ ယူဆႏိုင္သည္။

ယမန္ေန႔က ပင္တဂြန္ စစ္ဌာနခ်ဳပ္မွ ေျပာခြင့္ရ ဂြၽန္ကပ္ဘီ မွ မိမိတို႔အေနျဖင့္ ျမန္မာ အေရးကို

စစ္ေရးအရ ေျဖရွင္းရန္ မရွိေသးေၾကာင္း၊ စိုးရိမ္တႀကီးျဖင့္ ေစာင့္ၾကည့္ေနေၾကာင္း သတင္းေထာက္မ်ားကို

ေျပာသြားသည္ဟု ႐ုရွား၏ စပြတ္နစ္ သတင္းဌာနမွာ ေဖၚျပသြားခဲ့သည့္ စကားမ်ားကလည္း ရွိေနသည္။

အေမရိကန္တို႔ ျမန္မာျပည္အား က်ဳးေက်ာ္လာမည္ မဟုတ္ ဆိုသည္ကို အားလုံးက လက္ခံထားၾကၿပီး ျဖစ္ေသာ္လည္း

၎တို႔ အဖို႔က ၿမိဳ႕ေတာ္ႀကီးကိုပင္ ေဒၚလာ ဘီလီယံ ေပါင္းမ်ားစြာ အကုန္အက်ခံ၍ ေ႐ႊ႕ေျပာင္းခဲ့သည္အထိ

ယုံၾကည္ခဲ့ၾကသည္၊ ရာႏႈန္း အနည္းငယ္မွ် ျဖစ္ႏိုင္ေခ် ရွိသည္ဆိုလွ်င္ပင္ စိတ္ခ်လက္ခ် မေနရဲၾကသူမ်ား ျဖစ္သည္။

မည္သို႔ပင္ ျဖစ္ေစ လက္ရွိ အာဏာသိမ္း ေခါင္းေဆာင္မ်ားအား ေဆြးေႏြးညႇိႏႈိင္း ျခင္းျဖင့္ အေျဖရွာရန္

မဝံ့မရဲတိုက္တြန္း ေနၾကသည့္ တ႐ုတ္ အပါအဝင္ အာဆီယံႏိုင္ငံ အခ်ိဳ႕အား ျပတ္သားစြာ အေျဖေပး

လိုက္ျခင္းပင္ ျဖစ္ေပေတာ့သည္။ ျမန္မာ ျပည္သူမ်ားအဖို႔က တ႐ုတ္အား existential threat

လက္ရွိ အႏၲရာယ္ျပဳေနေသာ ၿခိမ္းေျခာက္မႈႀကီး အျဖစ္ တေျဖးျဖး ရႈ႕ျမင္လာေနၾကၿပီ ျဖစ္သည္။

ဂ်ီ-၇ ႏိုင္ငံမ်ား၏ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ားမွ လူထု ဆႏၵျဖင့္ တင္ေျမႇာက္ထားေသာ အစိုးရအား

အာဏာျပန္လႊဲေပးရန္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ သို႔ေသာ္ ျပႆနာ ျဖစ္လာရသည္ကား ႏိုင္ငံတကာ

ေငြေၾကးရံပုံေငြ အဖြဲ႕ႀကီးပင္ ျဖစ္သည္။ ၎တို႔မွ ယခင္က အတည္ျပဳထားၿပီးျဖစ္ေသာ ျမန္မာ၏

ကိုဗစ္-၁၉ ကာလ စီးပြားေရး အကူအညီေပးေရး အစီအစဥ္ တစိတ္တပိုင္း အျဖစ္ ေဒၚလာ

သန္း ၃၅၀ အား အာဏာ မသိမ္းမီ တပတ္က လႊဲေျပာင္းေပးခဲ့မိျခင္း ျဖစ္ပင္ျဖစ္ၿပီး ျပန္ရႏိုင္စရာ

လမ္းမျမင္ေတာ့ဟု အဖြဲ႕၏ ေျပာခြင့္ရ ပုဂၢိဳလ္မွ ႐ိုက္တာ သတင္းဌာနသို႔ အီးေမးလ္ျဖင့္ အတည္ျပဳ ေပးခဲ့သည္။

ယခုအခါ ၂၀၁၉ ဇြန္လကတည္းက ခ်င္း ႏွင့္ ရခိုင္ျပည္နယ္ ရွိ ရွစ္ၿမိဳ႕နယ္တြင္ ရပ္ဆိုင္းခဲ့ေသာ

အင္တာနက္လိုင္းျဖတ္ ေတာက္မႈကို ျပန္လည္ ဖြင့္လွစ္ေပးလိုက္ၿပီ ျဖစ္သည္ဟု တယ္လီေနာက

အတည္ျပဳ ေျပာၾကားခဲ့သည္ ၎တို႔၏ အႀကံအစည္ကို သုံးသပ္ရမည္ ဆိုလွ်င္ ပုံမွန္ လူတေယာက္၏

အေတြး အေခၚမ်ိဳးႏွင့္ စဥ္းစား၍ မရ၊ ယခုလည္း အာဏာ သိမ္းမည္လား ဆိုသည္ကို ျဖစ္ႏိုင္ေခ်

ရွိမရွိ ေမးခြန္းကို မည္သူမွ် ၁၀၀% ေသခ်ာသည္ဟု မေျပာႏိုင္၊ ကြၽန္ေတာ္ အပါအဝင္ အေတာ္မ်ားမ်ားက

ၿခိမ္းေျခာက္သည့္ အဆင့္တြင္သာ ရွိသည္ဟု ျဖစ္ႏို ေခ် ၃၀% သာ ရွိသည္ဟု တြက္ဆခဲ့သည္ကိုေတာ့ ဝန္ခံရေပမည္။

တကယ္ေတာ့ ဘာမဆို လုပ္ရဲသူကို ညဏ္ခ်င္းယွဥ္ၿပိဳင္ခဲ့မႈကိုသာ အျပစ္တင္ရေပေတာ့မည္။ ၎တို႔၏

ေခါင္းေဆာင္က သူ႔အတြက္ Do or Die အေနအထား ျဖစ္လာသည္၊ သူ႔လူမ်ားကိုလည္း မေအာင္ ျမင္ႏိုင္စရာ

အေၾကာင္းမရွိဟု ဆိုကာ ခ်ျပမည္သာ ျဖစ္သည္။ လက္ရွိတြင္ ၎တို႔ဖက္က အသာစီးရေနေသာ္လည္း

အေျခေနမ်ားက မည္သူမွ် ယတိျပတ္ မေျပာႏိုင္ေသးသည့္ အေနအထားတြင္ ရွိေနသည္။ ဤသည္ကို

ရိပ္စားမိေသာ ပညာရွင္ အေတာ္မ်ားမ်ားက ၎တို႔ အစိုးရအဖြဲ႕တြင္ မပါဝင္လိုၾကဟု သတင္းမ်ား ထြက္ေနသည္။

ျပည္သူသာအဓိက ျဖစ္၍ ၎တို႔အား အခုေတာ့ ပုံမွန္ ျဖစ္သြားၿပီ မဟုတ္လား။ Business as usual ဟု

အျဖစ္မခံရန္ အေရးႀကီးေနသည္၊ ၎တို႔အဖို႔ကား ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အဖြဲ႕ခ်ဳပ္အား မည္သို႔မွ်

အာဏာျပန္မရေရး၊ ေ႐ြးေကာက္ပြဲတြင္ အႏိုင္မရေရးတို႔ကို အေသအခ်ာ အက်အန ထိုင္းကဲ့သို႔ စီမံၿပီးမွသာ

လႊဲေပးေကာင္း လႊဲေပးႏိုင္ ဖြယ္ရွိသည္။ ဤသို႔ျဖင့္ ျမန္မာျပည္သည္ စစ္အာဏရွင္တပိုင္း ဘဝျဖင့္

မိမိတို႔ သားသမီးမ်ား လူျဖစ္ ႀကီးျပင္းလာသည့္ အခါတြင္လည္း အျခားႏိုင္ငံသားမ်ားလို လူခ်င္းတူတူ

သူခ်င္းမွ်မွ် ေနသြားရဖြယ္လည္း မရွိ သူတို႔ တခါတရံ စိတ္ေကာင္းဝင္၍ ေပးလာသည့္ အခြင့္အေရးေလးမ်ားၾကားတြင္

ရရစားစား ဘဝျဖင့္ ေနထိုင္သြားၾကရေတာ့မည့္ အႏၲရာယ္ႀကီးကို ျပည္သူမ်ားက

ညီညီၫြတ္ၫြတ္ျဖင့္ ကာကြယ္ရမည့္ သမိုင္းေပး တာဝန္ႀကီး က်ေရာက္လာၿပီ ျဖစ္သည္။

စစ္အာဏာရွင္တို႔ကေတာ့ ၎တို႔၏ ႏွစ္ ၆၀ ခရီးရွည္ႀကီး ျပန္လည္ စတင္ရန္ စက္ႏႈိးေနၿပီ ျဖစ္သည္။

ယခုအခါ အာဏာဖီဆန္ေရး လႈပ္ရွားမႈႀကီး၏ ဒုတိယေန႔အျဖစ္ ႏိုင္ငံေတာ္ သီခ်င္းမ်ား သံၿပိဳင္သီဆိုျခင္း

ႏွင့္ ဖေယာင္းတိုင္မ်ား ထြန္းညႇိကာ အၾကမ္းမဖက္ ဆက္လက္ တိုက္ပြဲဝင္လ်က္ ရွိသည္ဟု သိရသည္။

ထို႔ျပင္ စစ္တပ္၏ လက္ေဝခံ လုပ္ငန္း တခု ျဖစ္ေသာ မိုင္တဲလ္ မွ ဝန္ထမ္းမ်ား ႏႈတ္ထြက္သြားၾကၿပီး

လူထုကလည္း စတင္ သပိတ္ေမွာက္ ေနၾကၿပီဟု သတင္းမ်ား ထြက္ေပၚေနေပသည္။ ၂၀၁၁ အတြင္း

တူနစ္ရွား ရွိ ၿမိဳ႕ေလး တၿမိဳ႕မွ လက္တြန္းလွည္း အေရာင္းသည္ ေလးမွတဆင့္ အာရပ္ကမာၻတခုလုံး

မီး ဟုန္းဟုန္းေတာက္က စိတ္မာခက္ထန္လွ ပါသည္ ဆိုေသာ ကဒါဖီ ႏွင့္ မူဘာရက္ တို႔ နိဂုံးခ်ဳပ္သြားခဲ့ရသည့္

သာဓကမ်ားကို သင္ခန္းစာ ယူႏိုင္ပါေစ ဟုသာ ဆု ေတာင္းရေပေတာ့မည္။ ျပည္သူလုထု၏ ဆႏၵအား

လက္နက္အား ကိုးျဖင့္ ေခ်ဖ်က္ရန္ ႀကံစည္မႈႀကီးသည္ ရလဒ္ေကာင္းမ်ား မည္သို႔မွ်ပင္ ထြက္ေပၚလာႏိုင္စရာ မရွိေပ။

လွစိုးေဝ