International News

ဒီမိုကရေစီ အစိုးရကို စစ်တပ်က အာဏာပြန်လွှဲပေးဖို့ ကမ္ဘာ့အင်အားကြီး (၇) နိုင်ငံက ထုတ်ပြန်လိုက်ပြီ

ဒီမိုကရေစီ အစိုးရကို စစ်တပ်က အာဏာပြန်လွှဲပေးဖို့ ကမ္ဘာ့အင်အားကြီး (၇) နိုင်ငံက ထုတ်ပြန်လိုက်ပြီ

နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဂျီ-၇ (Group of Seven) နိုင်ငံအကြီးအကဲတွေက

မြန်မာနိုင်ငံအာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ ပူးတွဲကြေညာချက်တစ်ရပ်ကို ဒီနေ့

ဖေဖော်ဝါရီ (၃) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်က

နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တစ်ယောက်တို့ပါဝင်

လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်ဆုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊

ပြည်သူ့အဖွဲ့အစည်းတက်ကြွလှုပ်ရှား သူတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာနဲ့ မီဒီယာတွေကိုလည်း

ပစ်မှတ်ထားနေတယ်ဆိုတဲ့အတွက် များစွားစိုးရိမ်ပူပန်မှုဖြစ်ကြောင်း၊ မြန်မာ့စစ်တပ်အနေနဲ့ အရေးပေါ်

အခြေအနေကြေညာချက်ကို ချက်ချင်းအဆုံးသတ်ဖို့၊ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရကို

အာဏာပြန်ပေးအပ်ဖို့” ဆိုတဲ့ အချက်တွေထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဥပဒေနဲ့မညီညွတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေးနဲ့ ဥပဒေကို

လေးစားလိုက်နာဖို့ ၊ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို သေချာပေါက်လေးစားလက်ခံဖို့နဲ့

လွှတ်တော်အစောဆုံးပြန်လည် စတင်နိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ သတင်းအချက်အလက်စီးဆင်းတာတွေကို ချုပ်ကန့်သတ်မှုတွေအတွက်လည်း စိုးရိမ်မိကြောင်းနဲ့

လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေအပါအဝင် ပြည်သူပြည်သားတွေကို ဘယ်လိုပုံစံမျိုးနဲ့မဆို

လက်စားချေတာ လုံးဝပြုလုပ်ဖို့လည်း သတိပေးထားပါတယ်။

ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၁၉ ကြေညာချက်ကို ပြန်လည်ဖော်ဆောင်ကြေညာပြီး မြန်မာနိုင်ငံရဲ့

ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့

အကြမ်းဖက်အင်အားသုံးမှုတွေအတွက် တောင်းဆိုထားပါတယ်။

zawgyi

ဒီမိုကေရစီ အစိုးရကို စစ္တပ္က အာဏာျပန္လႊဲေပးဖို႔ ကမာၻ႔အင္အားႀကီး (၇) ႏိုင္ငံက ထုတ္ျပန္လိုက္ၿပီ

ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ဂ်ီ-၇ (Group of Seven) ႏိုင္ငံအႀကီးအကဲေတြက

ျမန္မာႏိုင္ငံအာဏာသိမ္းမႈနဲ႔ ပတ္သက္တဲ့ ပူးတြဲေၾကညာခ်က္တစ္ရပ္ကို ဒီေန႔

ေဖေဖာ္ဝါရီ (၃) ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တယ္လို႔ သိရပါတယ္။

အဲဒီထုတ္ျပန္ခ်က္မွာ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ ယူေကနဲ႔ အေမရိကန္က

ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ဥေရာပသမဂၢ အဆင့္ျမင့္ကိုယ္စားလွယ္တစ္ေယာက္တို႔ပါဝင္

လက္မွတ္ေရးထိုးထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

“ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္ဆုၾကည္နဲ႔ သမၼတဦးဝင္ျမင့္အပါအဝင္ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊

ျပည္သူ႔အဖြဲ႕အစည္းတက္ႂကြလႈပ္ရွား သူေတြကို ဖမ္းဆီးထိန္းသိမ္းလိုက္တာနဲ႔ မီဒီယာေတြကိုလည္း

ပစ္မွတ္ထားေနတယ္ဆိုတဲ့အတြက္ မ်ားစြားစိုးရိမ္ပူပန္မႈျဖစ္ေၾကာင္း၊ ျမန္မာ့စစ္တပ္အေနနဲ႔ အေရးေပၚ

အေျခအေနေၾကညာခ်က္ကို ခ်က္ခ်င္းအဆုံးသတ္ဖို႔၊ ျပည္သူေ႐ြးေကာက္တင္ေျမႇာက္တဲ့ ဒီမိုကေရစီအစိုးရကို

အာဏာျပန္ေပးအပ္ဖို႔” ဆိုတဲ့ အခ်က္ေတြထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒါ့အျပင္ ဥပေဒနဲ႔မညီၫြတ္ဘဲ ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ လူ႔အခြင့္အေရးနဲ႔ ဥပေဒကို

ေလးစားလိုက္နာဖို႔ ၊ ႏိုဝင္ဘာေ႐ြးေကာက္ပြဲရလဒ္ကို ေသခ်ာေပါက္ေလးစားလက္ခံဖို႔နဲ႔

လႊတ္ေတာ္အေစာဆုံးျပန္လည္ စတင္ႏိုင္ဖို႔လည္း တိုက္တြန္းထားပါတယ္။

စစ္တပ္ရဲ႕ သတင္းအခ်က္အလက္စီးဆင္းတာေတြကို ခ်ဳပ္ကန႔္သတ္မႈေတြအတြက္လည္း စိုးရိမ္မိေၾကာင္းနဲ႔

လူမႈအဖြဲ႕အစည္းေတြ၊ မီဒီယာေတြအပါအဝင္ ျပည္သူျပည္သားေတြကို ဘယ္လိုပုံစံမ်ိဳးနဲ႔မဆို

လက္စားေခ်တာ လုံးဝျပဳလုပ္ဖို႔လည္း သတိေပးထားပါတယ္။

ဂ်ီ-၇ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ၂၀၁၉ ေၾကညာခ်က္ကို ျပန္လည္ေဖာ္ေဆာင္ေၾကညာၿပီး ျမန္မာႏိုင္ငံရဲ႕

ဒီမိုကေရစီကူးေျပာင္းေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔

အၾကမ္းဖက္အင္အားသုံးမႈေတြအတြက္ ေတာင္းဆိုထားပါတယ္။