News

သမ္မတဓာတ်ပုံ မဖြုတ်၍ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သော ဗိုလ်မှူးတဦးကို စစ်စည်းကမ်းဖြင့် အရေးယူဟုဆို

သမ္မတဓာတ်ပုံ မဖြုတ်၍ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သော ဗိုလ်မှူးတဦးကို စစ်စည်းကမ်းဖြင့် အရေးယူဟုဆို

စစ်တပ်ကနေ နိုင်ငံတော်က်အာဏာအရပ်ရပ်ကို ထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့က

သဲကုန်းမြို့မရဲစခန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ဓာတ်ပုံကို မဖြုတ်သိမ်းသေးတဲ့အကြောင်းပြချက်နဲ့

သဲကုန်းမြို့မရဲစခန်းမှူးအပါအဝင် တာဝန်ကျရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို တပ်မတော်မှ

ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက တုတ်နဲ့ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ဗိုလ်မှူးကိုတော့ စစ်စည်းကမ်းဥပဒေနဲ့ အရေးယူထားတယ်လို့ သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

“တပ်မတော်က ဗိုလ်မှူးကို စုံခုံဖွဲ့စစ်ဖို့ ကျွန်တော်တို့ကိုသက်သေခေါ်ထားပါတယ်။ စစ်စည်းကမ်းနဲ့အရေးယူ

ဆောင်ရွက်ထားတယ်လို့ အကြောင်းပြန်ထားပြီး ကျွန်တော်တို့အထက်အရာရှိက ရဲရဲရင့်ရင့် မှန်မှန်ကန်ကန်

ထွက်ဆိုဖို့မှာကြားထားပါတယ်”လို့ ရိုက်နှက်ခံခဲ့ရတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သဲကုန်းမြို့မရဲစခန်းကို အမှတ်(၈၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသိန်းသန်းစိုးဆိုသူနဲ့ တပ်မတော်သားအချို့ ဟာ

စခန်းစစ်ဆေးဖို့ အကြောင်းပြချက်နဲ့ရောက်လာခဲ့ချိန် ရဲစခန်းမှာချိတ်ဆွဲထားတဲ့ နိုင်ငံတော်သမ္မတ

ဦးဝင်းမြင့်ရဲ့ဓာတ်ပုံကိုကြည့်ပြီး “အရင်လူတွေကိုထောက်ခံတာလား၊ အာခံခြင်းလား”လို့မေးကာ သဲကုန်းမြို့မရဲစခန်းမှူး

ဒုတိယရဲမှူး အောင်မင်းလွင်ကို တုတ်တိုတစ်ချောင်းနဲ့ ရိုက်နှက်ခဲ့ရုံမျှမက စခန်းတာဝန်ကျရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို

ထပ်မံရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့ သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ကစတင်ပြီး တပ်မတော်နဲ့ ဌာနဆိုင်ရာအချို့ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့

ဓာတ်ပုံတွေကို လိုက်လံဖြုတ်သိမ်းခိုင်းတာမျိုးကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သဲကုန်းမြို့မရဲစခန်းမှူးနဲ့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဖြစ်သူဟာ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.က.စ(ပြည်))ကို သတင်းပေးပို့တိုင်ကြားခဲ့ပြီးနောက်ပိုင်း တပ်မတော်က စစ်စည်းကမ်းနဲ့

အရေးယူဆောင်ရွက်ထားတယ်လို့ အကြောင်းပြန်ထားကြောင်း သဲကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

zawgyi

သမၼတဓာတ္ပုံ မျဖဳတ္၍ ရဲတပ္ဖြဲ႕ဝင္မ်ားကို ႐ိုက္ႏွက္ခဲ့ေသာ ဗိုလ္မႉးတဦးကို စစ္စည္းကမ္းျဖင့္ အေရးယူဟုဆို

စစ္တပ္ကေန ႏိုင္ငံေတာ္က္အာဏာအရပ္ရပ္ကို ထိန္းသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၂ ရက္ေန႔က

သဲကုန္းၿမိဳ႕မရဲစခန္းမွာ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ရဲ႕ဓာတ္ပုံကို မျဖဳတ္သိမ္းေသးတဲ့အေၾကာင္းျပခ်က္နဲ႔

သဲကုန္းၿမိဳ႕မရဲစခန္းမႉးအပါအဝင္ တာဝန္က်ရဲတပ္ဖြဲ႕ဝင္ရွစ္ဦးကို တပ္မေတာ္မွ

ဗိုလ္မႉးအဆင့္ရွိသူတစ္ဦးက တုတ္နဲ႔႐ိုက္ႏွက္ခဲ့တဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီ ဗိုလ္မႉးကိုေတာ့ စစ္စည္းကမ္းဥပေဒနဲ႔ အေရးယူထားတယ္လို႔ သဲကုန္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“တပ္မေတာ္က ဗိုလ္မႉးကို စုံခုံဖြဲ႕စစ္ဖို႔ ကြၽန္ေတာ္တို႔ကိုသက္ေသေခၚထားပါတယ္။ စစ္စည္းကမ္းနဲ႔အေရးယူ

ေဆာင္႐ြက္ထားတယ္လို႔ အေၾကာင္းျပန္ထားၿပီး ကြၽန္ေတာ္တို႔အထက္အရာရွိက ရဲရဲရင့္ရင့္ မွန္မွန္ကန္ကန္

ထြက္ဆိုဖို႔မွာၾကားထားပါတယ္”လို႔ ႐ိုက္ႏွက္ခံခဲ့ရတဲ့ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

သဲကုန္းၿမိဳ႕မရဲစခန္းကို အမွတ္(၈၀) ေျခလ်င္တပ္ရင္းမွ ဗိုလ္မႉးသိန္းသန္းစိုးဆိုသူနဲ႔ တပ္မေတာ္သားအခ်ိဳ႕ ဟာ

စခန္းစစ္ေဆးဖို႔ အေၾကာင္းျပခ်က္နဲ႔ေရာက္လာခဲ့ခ်ိန္ ရဲစခန္းမွာခ်ိတ္ဆြဲထားတဲ့ ႏိုင္ငံေတာ္သမၼတ

ဦးဝင္းျမင့္ရဲ႕ဓာတ္ပုံကိုၾကည့္ၿပီး “အရင္လူေတြကိုေထာက္ခံတာလား၊ အာခံျခင္းလား”လို႔ေမးကာ သဲကုန္းၿမိဳ႕မရဲစခန္းမႉး

ဒုတိယရဲမႉး ေအာင္မင္းလြင္ကို တုတ္တိုတစ္ေခ်ာင္းနဲ႔ ႐ိုက္ႏွက္ခဲ့႐ုံမွ်မက စခန္းတာဝန္က်ရဲတပ္ဖြဲ႕ဝင္ ခုနစ္ဦးကို

ထပ္မံ႐ိုက္ႏွက္ခဲ့တာ ျဖစ္တယ္လို႔ သဲကုန္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ေဖေဖာ္ဝါရီ ၂ ရက္ေန႔ကစတင္ၿပီး တပ္မေတာ္နဲ႔ ဌာနဆိုင္ရာအခ်ိဳ႕ဟာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ရဲ႕

ဓာတ္ပုံေတြကို လိုက္လံျဖဳတ္သိမ္းခိုင္းတာမ်ိဳးကို လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

သဲကုန္းၿမိဳ႕မရဲစခန္းမႉးနဲ႔ တာဝန္က်ရဲတပ္ဖြဲ႕ဝင္ေတြ ႐ိုက္ႏွက္ခံခဲ့ရမႈနဲ႔ ပတ္သက္လို႔ ျပည္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ျဖစ္သူဟာ

ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒ.က.စ(ျပည္))ကို သတင္းေပးပို႔တိုင္ၾကားခဲ့ၿပီးေနာက္ပိုင္း တပ္မေတာ္က စစ္စည္းကမ္းနဲ႔

အေရးယူေဆာင္႐ြက္ထားတယ္လို႔ အေၾကာင္းျပန္ထားေၾကာင္း သဲကုန္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။