News

စစ်တပ်က ဖမ်းဆီးထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ခဲ့ဟုဆို

စစ်တပ်က ဖမ်းဆီးထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ခဲ့ဟုဆို

စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့(ဇန်နဝါရီလ ၃ ရက်) မနက်တွင် နေပြည်တော်ရှိ ဇဗ္ဗူသီရိ

မြို့နယ်တရားရုံးတွင် ဗီဒီယိုကွန်ဖရန့်ဖြင့် တရားစွဲ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။

သို့သော် မည်သည့်ပုဒ်မဖြင့် တရားစွဲသည်ကို တိတိကျကျ မသိရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ထို့အတူ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးရှေ့သို့ ရောက်ရှိနေသည့် သတင်းထောက်တဦးက

၎င်းတို့အနေဖြင့် အဆိုပါသတင်းကြားသည့်အတွက် လာရောက်စောင့်ဆိုင်းနေခဲ့ပေမယ့် ဗီဒီယို ကွန်ဖရန့်ဖြင့်

တရားစွဲဆိုမှုကို လုပ်ဆောင်သွားသည့်အတွက် မည်သည့်ဥပဒေဖြင့် တရားစွဲထားသည်ကို တိတိကျကျ မသိခဲ့ရကြောင်း ပြောပါတယ်။

ယခုလို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံတို့ကို တရားစွဲဆိုခြင်းသည် လက်ရှိ အာဏာသိမ်း

အစိုးရဖြစ်သည့် တပ်မတော်အနေဖြင့် မည်သည့်ပုဒ်မ ဥပဒေဖြင့် အရေးယူမည်နည်း၊ မည်သည့် ပြစ်မှု

ကျူးလွန်သဖြင့် ဖမ်းဆီးထားသနည်းကို မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်ဟု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က သုံးသပ်ပါတယ်။

ယခုသတင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူများ၏ ပြောဆိုချက်သာ

ရရှိထားပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်

စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရှိရပါ။

zawgyi

စစ္တပ္က ဖမ္းဆီးထားသည့္ သမၼတ ဦးဝင္းျမင့္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ႐ုံးထုတ္ခဲ့ဟုဆို

စစ္တပ္၏ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္

ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ယေန႔(ဇန္နဝါရီလ ၃ ရက္) မနက္တြင္ ေနျပည္ေတာ္ရွိ ဇဗၺဴသီရိ

ၿမိဳ႕နယ္တရား႐ုံးတြင္ ဗီဒီယိုကြန္ဖရန႔္ျဖင့္ တရားစြဲ ႐ုံးထုတ္ခဲ့တယ္လို႔ သိရပါတယ္။

သို႔ေသာ္ မည္သည့္ပုဒ္မျဖင့္ တရားစြဲသည္ကို တိတိက်က် မသိရေသးေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္

ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေအာင္ၾကည္ၫြန႔္က ေျပာပါတယ္။

ထို႔အတူ ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ တရား႐ုံးေရွ႕သို႔ ေရာက္ရွိေနသည့္ သတင္းေထာက္တဦးက

၎တို႔အေနျဖင့္ အဆိုပါသတင္းၾကားသည့္အတြက္ လာေရာက္ေစာင့္ဆိုင္းေနခဲ့ေပမယ့္ ဗီဒီယို ကြန္ဖရန႔္ျဖင့္

တရားစြဲဆိုမႈကို လုပ္ေဆာင္သြားသည့္အတြက္ မည္သည့္ဥပေဒျဖင့္ တရားစြဲထားသည္ကို တိတိက်က် မသိခဲ့ရေၾကာင္း ေျပာပါတယ္။

ယခုလို ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံတို႔ကို တရားစြဲဆိုျခင္းသည္ လက္ရွိ အာဏာသိမ္း

အစိုးရျဖစ္သည့္ တပ္မေတာ္အေနျဖင့္ မည္သည့္ပုဒ္မ ဥပေဒျဖင့္ အေရးယူမည္နည္း၊ မည္သည့္ ျပစ္မႈ

က်ဴးလြန္သျဖင့္ ဖမ္းဆီးထားသနည္းကို ေမးခြန္းထုတ္ဖြယ္ရာျဖစ္သည္ဟု

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဦးေအာင္ၾကည္ၫြန႔္က သုံးသပ္ပါတယ္။

ယခုသတင္းႏွင့္ ပတ္သက္၍ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီမွ တာဝန္ရွိသူမ်ား၏ ေျပာဆိုခ်က္သာ

ရရွိထားၿပီး ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ႏိုင္ငံေတာ္

စီမံအုပ္ခ်ဳပ္ေရးေကာင္စီဘက္မွ တစ္စုံတရာ သတင္းထုတ္ျပန္ျခင္း မေတြ႕ရွိရပါ။