News

အထူးကု ဆရာဝန်ကြီး တယောက်ရဲ့ အစိုးရတာဝန် ထမ်းဆောင်ခြင်း နောက်ဆုံးနေ့ တနေ့

၂၀၂၁ ဖေဖော်ဝါရီ ၁

ညက တော်တော်နဲ့ အိပ်မရ။ မနက်အိပ်ယာထ နည်းနည်းနောက်ကျတယ်။ နိုးနိုးချင်း ဝိုင်ဖိုင်ကိုဖွင့်ကြည့်တော့ မပွင့်ဘူး။

ဒါနဲ့ ဖုန်းဒေတာ ဖွင့်တယ်။ ဒါလည်းမပွင့်ဘူး။ တစ်ခုခုတော့ ထူးပြီလို့သိလိုက်ပြီး ချက်ချင်း တီဗီ MRTV လိုင်းဖွင့်တယ်။

no signal ဆိုတာပေါ်တယ်။ စိတ်က အတော်ပူနေပြီ။ MWD လိုင်းဖွင့်ကြည့်တယ်။ ပွင့်နေတယ်။ သွားပြီ လို့သိလိုက်တယ်။

အပေါ်ထပ်မှာ အိပ်နေတဲ့ သားကိုနှိုးလိုက်တယ်။ အဖေ့ကို ဖုန်းခေါ်စမ်းလို့ ပြောပြီး ဖုန်းခေါ်တော့ မရတော့ဘူး။

ပြည်သူ့အစိုးရ အခြေအနေမကောင်းတော့ဘူး လို့နားလည်လိုက်တယ်။

ထုံးစံအတိုင်း မနက်လမ်းလျှောက်ထွက်ဖို့ဟာ မထွက်ဖြစ်ဘူး။ အိမ်မှာပဲ မနက်စာစားရင်း မိန်းမ၊ သား တို့နဲ့

စကားပြောဖြစ်တယ်။ အကြံပက်စက်နေကြပြီလို့ မချိတင်ကဲ ပြောနေမိကြတာပါပဲ။ မဲပေးထားတဲ့ လက်သန်းက

နောက်ဆုံးကျန်နေတဲ့ မင်စက်ကလေးကို ကြေကြေကွဲကွဲ ထိုင်ကြည့်နေမိပြန်တယ်။

လုပ်စရာရှိတာတော့ လုပ်နေရဦးမှာဆိုတော့ ရေချိုး။ ဘုရားခန်းဝင်။ နိစ္စပါတ်တွေ လုပ်တယ်။ စိတ်မပါ့တပါဖြစ်နေတာ။

မနက် ကိုးနာရီ တိတိမှာ တီဗီက MRTV လိုင်းမှာ MWD စာတမ်းကြီးနဲ့ သတင်းကြေငြာတဲ့သူပေါ်လာတယ်။ .

အထူးသတင်းဆိုပြီး ဖတ်ကြားတယ်။ ပုံ ယာယီသမ္မတ တဲ့။ တောက်တစ်ချက်တော့ ပြင်းပြင်းခေါက်လိုက်မိတယ်။

ယောင်္ကျား ဘာလုပ်မှာလည်းဆိုတော့ ခါတိုင်းလိုပဲ ဆေးခန်းမနက်ပိုင်းသွားထိုင်မယ်။ ပြီးရင်ဆေးရုံသွားမယ် လို့။

ဆေးရုံသွားမယ်ဆိုတာက ဒီနေ့ နှုတ်ထွက်စာ တင်ဖို့ပေါ့ လို့ တစ်ခါတည်း ရှင်းပြလိုက်တယ်။ သားအမိနှစ်ယောက်လုံးက

မကန့်ကွက်ပါဘူး။ စိတ်ကို ဒုံးဒုံးချပြီး ဆေးခန်းဖက် ကားမောင်းထွက်လာခဲ့တယ်။ လမ်းမှာ ခါတိုင်းနေ့တွေလိုပါပဲ။

သတင်းထဲမှာဖတ်ပြသလို မတည်မငြိမ် ဘာမှမရှိဘူး။ ကိုယ့်စိတ်ကလည်း တည်ငြိမ်စ,ပြုလာပါတယ်။

ဒါဟာ မတရားမှု တစ်ခုပဲဆိုတာလည်း အင်မတန်သေသေချာချာကြီးကို လက်ခံလိုက်မိတယ်။ ဆေးခန်းမှာ

လူနာတွေကို ခါတိုင်းလိုပဲ ကြည့်တာပါပဲ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက် လာပြတာနဲ့ သူ့ကိုတောင်

သတင်းပြောပြလိုက်သေးတယ်။ စိတ်ပျက်လက်ပျက် ဖြစ်သွားရှာတာပေါ့။ ကြည့်ရမဲ့လူနာကုန်တော့ ဆေးရုံထွက်လာခဲ့တယ်။

ဆေးရုံသွားတဲ့လမ်းမှာ ဆက်သွယ်ရေးရုံးရှိတယ်။ အဲ့ဒီရုံးရှေ့က လမ်းကို ဖြတ်ခွင့်မပေးဘူး။ လက်နက်ကိုင်

စစ်သားတွေစောင့်နေတယ်။ အစိုးရအဖွဲ့ဝင်တွေနေတဲ့ အိမ်ယာဝင်ပေါက်တွေမှာ

လက်နက်ကိုင်စစ်သားတွေနေရာယူထားကြတယ်။ လမ်းသွားလမ်းလာတွေကတော့

ပုံမှန်သွားလာနေကြတာပါပဲ။ တချို့က ဂရုတောင်စိုက်မိကြပုံမရပါဘူး။

နိုင်ငံတော် မတည်မငြိမ်ဖြစ်နိုင်တယ်လို့ မနက်က ကြေငြာထားတာကို အတော်နားမလည်ဖြစ်ရတယ်။

ဆေးရုံရောက်တော့ ၉း၄၀ နာရီ။ ခါတိုင်းထက် ၁၀-မိနစ်လောက် နောက်ကျသွားတယ်။

မြို့ထဲ ကားမောင်းပြီးလျှောက် အကဲခတ်နေမိလို့။ အရာအားလုံးဟာ တည်ငြိမ်လွန်းနေခဲ့ပါတယ်။

ဒီလိုနဲ့ ဆေးရုံမှာ ရောင်းလှည့်ဖို့ လက်ထောက်ဆရာဝန်တွေနဲ့ ဆရာမတွေက အသင့်ပေါ့။

ကိုယ့်အခန်းလေးကို တစ်စိမ့်စိမ့် တစ်မိနစ်လောက်ကြည့်နေမိတယ်။ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့

အခန်းမို့ မျက်စေ့ထဲ အလွယ်ပဲ စွဲသွားပါတယ်။ ဆေးရုံအဝတ်လဲ ပြီးအခန်းထဲက ထွက်လာခဲ့တယ်။

စောင့်နေကြတဲ့ ဆရာဝန်ဆရာမတွေကို ဒီနေ့ နောက်ဆုံးရောင်းလှည့်ခြင်းနဲ့ ရောင်းမယ်လို့ ပြောလိုက်တယ်။

ပြီးတော့မှ လျှောက်လွှာ စာရွက်လွတ်တစ်ရွက်တောင်းပြီး သူတို့ရှေ့မှာပဲ အလုပ်မှ

နှုတ်ထွက်ပါကြောင်း စာရေး၊ လက်မှတ်ထိုး။ ကိုယ်ပိုင်တံဆိပ်တုံးထု။

အချိန်က နံနက် ၁၀ နာရီ။ ကျနော်နှုတ်ထွက်စာကို ရုပ်မြင်သံကြားကြေငြာပြီး တစ်နာရီအကြာမှာ လက်မှတ်ထိုးလိုက်တာပါပဲ ။

ပြီးမှ ရောင်းလှည့်ပါတယ်။ ဆေးရုံက လူနာဆောင်တွေဟာ ခါတိုင်းနေ့တွေလိုပါပဲ။

ကျနော့်စိတ်ကလည်း ခါတိုင်းနေ့တွေလိုပဲ ရောင်းနေမိတယ်။ ဒါဟာ ဝန်ထမ်းဘဝ ၊

အထူးကုဆရာဝန်ကြီးဘဝ နဲ့ အစိုးရဆေးရုံမှာ နောက်ဆုံးရောင်းလှည့်တာပဲ လို့ မတွေးမိအောင်

ထိန်းနိုင်ခဲ့တယ်။ ဒီ့အတွက် ကိုယ့်ကိုကိုယ် အတော်ကြီးကျေနပ်မိပါရဲ့။

အခန်းထဲက ကျနော့်ပစ္စည်းလေးတချို့ထုပ်ပိုး။ မိတ်ဆွေ အထူးကုဆရာဝန်ကြီးကို နှုတ်ဆက်။

တာဝန်လွှဲ။ စစ္စတာ ၊ ဆရာမတချို့၊ ကျနော့်ကားထိ လိုက်ပို့ကြ။

လမ်းပေါ်ထွက်ကြည့်နေကြတဲ့ ဆရာမတွေ နဲ့ ဝန်ထမ်းတွေကို လက်ပြနှုတ်ဆက်။

ကျနော့်လက်သန်းလေးပေါ်က လက်ကျန်မင်လေးကို တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်စွာ အိမ်ပြန်ခဲ့တဲ့ ကြေကွဲဖွယ်နေ့ ဆိုပါတော့။

Nay Win

zawgyi

၂၀၂၁ ေဖေဖာ္ဝါရီ ၁

ညက ေတာ္ေတာ္နဲ႔ အိပ္မရ။ မနက္အိပ္ယာထ နည္းနည္းေနာက္က်တယ္။ ႏိုးႏိုးခ်င္း ဝိုင္ဖိုင္ကိုဖြင့္ၾကည့္ေတာ့ မပြင့္ဘူး။

ဒါနဲ႔ ဖုန္းေဒတာ ဖြင့္တယ္။ ဒါလည္းမပြင့္ဘူး။ တစ္ခုခုေတာ့ ထူးၿပီလို႔သိလိုက္ၿပီး ခ်က္ခ်င္း တီဗီ MRTV လိုင္းဖြင့္တယ္။

no signal ဆိုတာေပၚတယ္။ စိတ္က အေတာ္ပူေနၿပီ။ MWD လိုင္းဖြင့္ၾကည့္တယ္။ ပြင့္ေနတယ္။ သြားၿပီ လို႔သိလိုက္တယ္။

အေပၚထပ္မွာ အိပ္ေနတဲ့ သားကိုႏႈိးလိုက္တယ္။ အေဖ့ကို ဖုန္းေခၚစမ္းလို႔ ေျပာၿပီး ဖုန္းေခၚေတာ့ မရေတာ့ဘူး။

ျပည္သူ႔အစိုးရ အေျခအေနမေကာင္းေတာ့ဘူး လို႔နားလည္လိုက္တယ္။

ထုံးစံအတိုင္း မနက္လမ္းေလွ်ာက္ထြက္ဖို႔ဟာ မထြက္ျဖစ္ဘူး။ အိမ္မွာပဲ မနက္စာစားရင္း မိန္းမ၊ သား တို႔နဲ႔

စကားေျပာျဖစ္တယ္။ အႀကံပက္စက္ေနၾကၿပီလို႔ မခ်ိတင္ကဲ ေျပာေနမိၾကတာပါပဲ။ မဲေပးထားတဲ့ လက္သန္းက

ေနာက္ဆုံးက်န္ေနတဲ့ မင္စက္ကေလးကို ေၾကေၾကကြဲကြဲ ထိုင္ၾကည့္ေနမိျပန္တယ္။

လုပ္စရာရွိတာေတာ့ လုပ္ေနရဦးမွာဆိုေတာ့ ေရခ်ိဳး။ ဘုရားခန္းဝင္။ နိစၥပါတ္ေတြ လုပ္တယ္။ စိတ္မပါ့တပါျဖစ္ေနတာ။

မနက္ ကိုးနာရီ တိတိမွာ တီဗီက MRTV လိုင္းမွာ MWD စာတမ္းႀကီးနဲ႔ သတင္းေၾကျငာတဲ့သူေပၚလာတယ္။ .

အထူးသတင္းဆိုၿပီး ဖတ္ၾကားတယ္။ ပုံ ယာယီသမၼတ တဲ့။ ေတာက္တစ္ခ်က္ေတာ့ ျပင္းျပင္းေခါက္လိုက္မိတယ္။

ေယာက်ၤား ဘာလုပ္မွာလည္းဆိုေတာ့ ခါတိုင္းလိုပဲ ေဆးခန္းမနက္ပိုင္းသြားထိုင္မယ္။ ၿပီးရင္ေဆး႐ုံသြားမယ္ လို႔။

ေဆး႐ုံသြားမယ္ဆိုတာက ဒီေန႔ ႏႈတ္ထြက္စာ တင္ဖို႔ေပါ့ လို႔ တစ္ခါတည္း ရွင္းျပလိုက္တယ္။ သားအမိႏွစ္ေယာက္လုံးက

မကန႔္ကြက္ပါဘူး။ စိတ္ကို ဒုံးဒုံးခ်ၿပီး ေဆးခန္းဖက္ ကားေမာင္းထြက္လာခဲ့တယ္။ လမ္းမွာ ခါတိုင္းေန႔ေတြလိုပါပဲ။

သတင္းထဲမွာဖတ္ျပသလို မတည္မၿငိမ္ ဘာမွမရွိဘူး။ ကိုယ့္စိတ္ကလည္း တည္ၿငိမ္စ,ျပဳလာပါတယ္။

ဒါဟာ မတရားမႈ တစ္ခုပဲဆိုတာလည္း အင္မတန္ေသေသခ်ာခ်ာႀကီးကို လက္ခံလိုက္မိတယ္။ ေဆးခန္းမွာ

လူနာေတြကို ခါတိုင္းလိုပဲ ၾကည့္တာပါပဲ။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးတစ္ေယာက္ လာျပတာနဲ႔ သူ႔ကိုေတာင္

သတင္းေျပာျပလိုက္ေသးတယ္။ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားရွာတာေပါ့။ ၾကည့္ရမဲ့လူနာကုန္ေတာ့ ေဆး႐ုံထြက္လာခဲ့တယ္။

ေဆး႐ုံသြားတဲ့လမ္းမွာ ဆက္သြယ္ေရး႐ုံးရွိတယ္။ အဲ့ဒီ႐ုံးေရွ႕က လမ္းကို ျဖတ္ခြင့္မေပးဘူး။ လက္နက္ကိုင္

စစ္သားေတြေစာင့္ေနတယ္။ အစိုးရအဖြဲ႕ဝင္ေတြေနတဲ့ အိမ္ယာဝင္ေပါက္ေတြမွာ

လက္နက္ကိုင္စစ္သားေတြေနရာယူထားၾကတယ္။ လမ္းသြားလမ္းလာေတြကေတာ့

ပုံမွန္သြားလာေနၾကတာပါပဲ။ တခ်ိဳ႕က ဂ႐ုေတာင္စိုက္မိၾကပုံမရပါဘူး။

ႏိုင္ငံေတာ္ မတည္မၿငိမ္ျဖစ္ႏိုင္တယ္လို႔ မနက္က ေၾကျငာထားတာကို အေတာ္နားမလည္ျဖစ္ရတယ္။

ေဆး႐ုံေရာက္ေတာ့ ၉း၄၀ နာရီ။ ခါတိုင္းထက္ ၁၀-မိနစ္ေလာက္ ေနာက္က်သြားတယ္။

ၿမိဳ႕ထဲ ကားေမာင္းၿပီးေလွ်ာက္ အကဲခတ္ေနမိလို႔။ အရာအားလုံးဟာ တည္ၿငိမ္လြန္းေနခဲ့ပါတယ္။

ဒီလိုနဲ႔ ေဆး႐ုံမွာ ေရာင္းလွည့္ဖို႔ လက္ေထာက္ဆရာဝန္ေတြနဲ႔ ဆရာမေတြက အသင့္ေပါ့။

ကိုယ့္အခန္းေလးကို တစ္စိမ့္စိမ့္ တစ္မိနစ္ေလာက္ၾကည့္ေနမိတယ္။ ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးခဲ့တဲ့

အခန္းမို႔ မ်က္ေစ့ထဲ အလြယ္ပဲ စြဲသြားပါတယ္။ ေဆး႐ုံအဝတ္လဲ ၿပီးအခန္းထဲက ထြက္လာခဲ့တယ္။

ေစာင့္ေနၾကတဲ့ ဆရာဝန္ဆရာမေတြကို ဒီေန႔ ေနာက္ဆုံးေရာင္းလွည့္ျခင္းနဲ႔ ေရာင္းမယ္လို႔ ေျပာလိုက္တယ္။

ၿပီးေတာ့မွ ေလွ်ာက္လႊာ စာ႐ြက္လြတ္တစ္႐ြက္ေတာင္းၿပီး သူတို႔ေရွ႕မွာပဲ အလုပ္မွ

ႏႈတ္ထြက္ပါေၾကာင္း စာေရး၊ လက္မွတ္ထိုး။ ကိုယ္ပိုင္တံဆိပ္တုံးထု။

အခ်ိန္က နံနက္ ၁၀ နာရီ။ က်ေနာ္ႏႈတ္ထြက္စာကို ႐ုပ္ျမင္သံၾကားေၾကျငာၿပီး တစ္နာရီအၾကာမွာ လက္မွတ္ထိုးလိုက္တာပါပဲ ။

ၿပီးမွ ေရာင္းလွည့္ပါတယ္။ ေဆး႐ုံက လူနာေဆာင္ေတြဟာ ခါတိုင္းေန႔ေတြလိုပါပဲ။

က်ေနာ့္စိတ္ကလည္း ခါတိုင္းေန႔ေတြလိုပဲ ေရာင္းေနမိတယ္။ ဒါဟာ ဝန္ထမ္းဘဝ ၊

အထူးကုဆရာဝန္ႀကီးဘဝ နဲ႔ အစိုးရေဆး႐ုံမွာ ေနာက္ဆုံးေရာင္းလွည့္တာပဲ လို႔ မေတြးမိေအာင္

ထိန္းႏိုင္ခဲ့တယ္။ ဒီ့အတြက္ ကိုယ့္ကိုကိုယ္ အေတာ္ႀကီးေက်နပ္မိပါရဲ႕။

အခန္းထဲက က်ေနာ့္ပစၥည္းေလးတခ်ိဳ႕ထုပ္ပိုး။ မိတ္ေဆြ အထူးကုဆရာဝန္ႀကီးကို ႏႈတ္ဆက္။

တာဝန္လႊဲ။ စစၥတာ ၊ ဆရာမတခ်ိဳ႕၊ က်ေနာ့္ကားထိ လိုက္ပို႔ၾက။

လမ္းေပၚထြက္ၾကည့္ေနၾကတဲ့ ဆရာမေတြ နဲ႔ ဝန္ထမ္းေတြကို လက္ျပႏႈတ္ဆက္။

က်ေနာ့္လက္သန္းေလးေပၚက လက္က်န္မင္ေလးကို တစိမ့္စိမ့္ၾကည့္ၿပီး ေက်နပ္စြာ အိမ္ျပန္ခဲ့တဲ့ ေၾကကြဲဖြယ္ေန႔ ဆိုပါေတာ့။

Nay Win