International News

အာဏာသိမ်းမှုကြောင့် မြန်မာတွင် ပြုလုပ်မည့် ဒေါ်လာတဘီလီယံတန် စီမံကိန်းကို ထိုင်းကုမ္ပဏီ ရပ်ဆိုင်း

အာဏာသိမ်းမှုကြောင့် မြန်မာတွင် ပြုလုပ်မည့် ဒေါ်လာတဘီလီယံတန် စီမံကိန်းကို ထိုင်းကုမ္ပဏီ ရပ်ဆိုင်း

ထိုင်းနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းစုကြီးဖြစ်သော Amata မှ မြန်မာနိုင်ငံအတွင်းဖော်ဆောင်မည့်

ဒေါ်လာ ၁ ဘီလျံတန် အိမ်ခြံမြေ စီမံကိန်းကြီးအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိလိုက်ရပါတယ်။

တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီး

နောက်ဆက်တွဲဖြစ်လာမည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ နှင့် နိုင်ငံတကာမှ

ပိတ်ဆို့အရေးယူမှုများဖြစ်လာနိုင်ခြင်းကြောင့် ထိုပရောဂျက်ကို ရပ်ဆိုင်းနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းကို Amata က ပြီးခဲ့သော ဒီဇင်ဘာလထဲတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဧက ၂၀၀၀

အကျယ်အဝန်းရှိမှာ ဖြစ်ပါတယ်။ လက်ရှိတွင် နိုင်ငံရေးအရှုပ်အထွေးများကြောင့် အဆိုပါ စီမံကိန်းကို

ဆိုင်းငံ့ထားလိုက်ခြင်းဖြစ်ကြောင်း Amata Group မှ တာဝန်ရှိသူ

ဗီဗောင် ခရိုမာတစ် က ဒီနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

zawgyi

အာဏာသိမ္းမႈေၾကာင့္ ျမန္မာတြင္ ျပဳလုပ္မည့္ ေဒၚလာတဘီလီယံတန္ စီမံကိန္းကို ထိုင္းကုမၸဏီ ရပ္ဆိုင္း

ထိုင္းႏိုင္ငံ၏ အႀကီးဆုံးအိမ္ၿခံေျမလုပ္ငန္းစုႀကီးျဖစ္ေသာ Amata မွ ျမန္မာႏိုင္ငံအတြင္းေဖာ္ေဆာင္မည့္

ေဒၚလာ ၁ ဘီလ်ံတန္ အိမ္ၿခံေျမ စီမံကိန္းႀကီးအား ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း သိလိုက္ရပါတယ္။

တပ္မေတာ္မွ အာဏာသိမ္းယူၿပီးေနာက္ အဆိုပါ ျဖစ္ရပ္ျဖစ္ပြားခဲ့ျခင္း ျဖစ္ပါတယ္။ အာဏာသိမ္းၿပီး

ေနာက္ဆက္တြဲျဖစ္လာမည့္ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ား ႏွင့္ ႏိုင္ငံတကာမွ

ပိတ္ဆို႔အေရးယူမႈမ်ားျဖစ္လာႏိုင္ျခင္းေၾကာင့္ ထိုပေရာဂ်က္ကို ရပ္ဆိုင္းႏိုင္တယ္လို႔ သိရပါတယ္။

အဆိုပါ စီမံကိန္းကို Amata က ၿပီးခဲ့ေသာ ဒီဇင္ဘာလထဲတြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ဧက ၂၀၀၀

အက်ယ္အဝန္းရွိမွာ ျဖစ္ပါတယ္။ လက္ရွိတြင္ ႏိုင္ငံေရးအရႈပ္အေထြးမ်ားေၾကာင့္ အဆိုပါ စီမံကိန္းကို

ဆိုင္းငံ့ထားလိုက္ျခင္းျဖစ္ေၾကာင္း Amata Group မွ တာဝန္ရွိသူ

ဗီေဗာင္ ခ႐ိုမာတစ္ က ဒီေန႔မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။