News

သမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတအိမ်တော်ကနေ တခြားတနေရာကို ပြောင်းရွှေ့ဖို့ စီစဥ်နေ

သမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတအိမ်တော်ကနေ တခြားတနေရာကို ပြောင်းရွှေ့ဖို့ စီစဥ်နေ

သမ္မတဦးဝင်းမြင့်ကို သမ္မတအိမ်တော်ကနေ တခြားနေရာကို ရွှေ့ပြောင်းဖို့စီစဉ်နေတယ်လို့

သိရတဲ့အကြောင်း အန်အယ်လ်ဒီ ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးကြည်တိုးက

သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ရွှေ့ပြောင်းဖို့ ပြောကြားတာတော့

အခုထိမရှိသေးဘဲ လူကြီးတွေ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

နေပြည်တော်စည်ပင်ရိပ်သာမှာရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတော့

တပ်မတော်က ဒီနေ့ညနေပိုင်းမှာ သူတို့ရဲ့နေရပ်ကိုပြန်ခွင့်ပြုထားတယ်လို့

ရွေးကောက်ခံကိုယ်စားလှယ်တွေဆီက သိရပါတယ်။

“ဒီညနေပိုင်းမှာ ကျွန်တော်တို့ကို ဝိုင်းထားတဲ့စစ်တပ်ကတော့ နောက်ဆုတ်သွားပြီ ရဲတွေပဲရှိတော့တယ်။

ကျွန်တော်တို့ကို ဒီနေ့ပြန်ရမယ်ဆိုပြီးတော့လည်း သူတို့အသိလာပေးထားပါတယ်။ ကျွန်တော်တို့ကတော့

အခုပါတီရဲ့လမ်းညွှန်မှုကိုစောင့်နေပါတယ်။”လို့ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ခံ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းက ပြောပါတယ်။

ပါတီဘက်ကတော့ ကိုယ်စားလှယ်တွေကို ချက်ခြင်းမပြန်ကြသေးဘဲ ခေါင်းဆောင်တွေရဲ့

ညွှန်ကြားချက်တွေကို ဆက်စောင့်ဖို့ မှာကြားထားတယ်လို့ သိရပါတယ်။

zawgyi

သမၼတႀကီး ဦးဝင္းျမင့္ကို သမၼတအိမ္ေတာ္ကေန တျခားတေနရာကို ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ေန

သမၼတဦးဝင္းျမင့္ကို သမၼတအိမ္ေတာ္ကေန တျခားေနရာကို ေ႐ႊ႕ေျပာင္းဖို႔စီစဥ္ေနတယ္လို႔

သိရတဲ့အေၾကာင္း အန္အယ္လ္ဒီ ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီအဖြဲ႕ဝင္ ဦးၾကည္တိုးက

သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ကို ေ႐ႊ႕ေျပာင္းဖို႔ ေျပာၾကားတာေတာ့

အခုထိမရွိေသးဘဲ လူႀကီးေတြ က်န္းမာေရးေကာင္းမြန္တယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္စည္ပင္ရိပ္သာမွာေရာက္ေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကိုေတာ့

တပ္မေတာ္က ဒီေန႔ညေနပိုင္းမွာ သူတို႔ရဲ႕ေနရပ္ကိုျပန္ခြင့္ျပဳထားတယ္လို႔

ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြဆီက သိရပါတယ္။

“ဒီညေနပိုင္းမွာ ကြၽန္ေတာ္တို႔ကို ဝိုင္းထားတဲ့စစ္တပ္ကေတာ့ ေနာက္ဆုတ္သြားၿပီ ရဲေတြပဲရွိေတာ့တယ္။

ကြၽန္ေတာ္တို႔ကို ဒီေန႔ျပန္ရမယ္ဆိုၿပီးေတာ့လည္း သူတို႔အသိလာေပးထားပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့

အခုပါတီရဲ႕လမ္းၫႊန္မႈကိုေစာင့္ေနပါတယ္။”လို႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေ႐ြးေကာက္ခံ

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေဇာ္ဝင္းက ေျပာပါတယ္။

ပါတီဘက္ကေတာ့ ကိုယ္စားလွယ္ေတြကို ခ်က္ျခင္းမျပန္ၾကေသးဘဲ ေခါင္းေဆာင္ေတြရဲ႕

ၫႊန္ၾကားခ်က္ေတြကို ဆက္ေစာင့္ဖို႔ မွာၾကားထားတယ္လို႔ သိရပါတယ္။