News

ဆရာတော်ကြီးတွေလည်း သစ္စာဆို တိုင်တည်ကြပြီလေ

ဆရာတော်ကြီးတွေလည်း သစ္စာဆို တိုင်တည်ကြပြီလေ..

ကျွန်ုပ် အရှင်ကောဝိဒ သည် မှန်ကန်သော သစ္စာကို ဆိုပါမည်..

ကျွန်ုပ်သည် လောကီလူ့ဘဝတွင် (၁၄)နှစ်သားအထိ တပါးသူတို့အပေါ်၌ မကောင်းသောစိတ်

တခါဖူးမျှ မထားခဲ့ဘူးပါ။ (၁၄) နှစ်သားမှ (၁၉) နှစ် (၄) လအထိ နေခဲ့သော

ကိုရင်ဘဝတွင်လည်း သူတပါးတို့အပေါ်၌ တခါဖူးမျှ မကောင်းစိတ်ထား မထားခဲ့ဖူးသလို

၊ နေလွဲညစာဟူ၍ နှမ်းတစေ့မျှပင် မစားခဲ့ဘူးပါ။

(၁၉) နှစ် (၄) လသားတွင် ကျနုပ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ပြီးသည်မှ ၊

ယနေ့ အသက် (၇၅) နှစ်အထိ ရှင် လူ ရဟန်း မည်သူ့အပေါ်ကိုမျှ မကောင်းစိတ်ထား မထားခဲ့ဖူးပါ..

ဤမှန်သောသစ္စာစကားကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၊ အထိန်းသိမ်းခံနေရသော

အန်နယ်လ်ဒီပါတီအဖွဲ့ဝင်အားလုံးတို့ ၊ အမြန်ဆုံးလွတ်မြောက်ကြပါစေကုန်သတည်း။

အမိမြန်မာနိုင်ငံအတွက် ဒေါ်လာ (၁၅,၀၀၀) ကျော်အကုန်အကျခံ၍ မိမိမွေးဖွားခဲ့ရာ

ရွာဦးကျောင်းဟောင်းကြီးကို ပြန်လည်ပြုပြင်ခဲ့ခြင်းနှင့် ရှင်အပါး (၅၀) ကို သာသနာ့ဘောင်သို့

ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် သွတ်သွင်းခဲ့ခြင်း။ မိမိမွေးဖွားရာ ဇာတိရွာတွင်

တံတားပြင်ရန် သိန်းပေါင်း (၆၀) ကျော် လှူဒါန်းခဲ့ခြင်း။

မိမိမွေးဇာတိရွာတွင် သိန်းပေါင်း (၁,၄၀၀) ကျော် အကုန်အကျခံ၍ ၊ နှစ်ထပ်အလယ်တန်းကျောင်းသစ်ကြီးကို

နိုင်ငံတော်သို့ ဆောက်လုပ်လှူဒါန်းခဲ့ခြင်း။ ကျောင်းသူ၊

ကျောင်းသား (၇) ယောက်တို့အား ပညာသင်စားရိတ်များ ထောက်ပံ့နေခြင်း။

တိုရန်တိုမြို့ မဟာဓမ္မိကကျောင်းတော်ကြီး ဆောက်လုပ်ဖို့အတွက် ကနေဒီယန်ဒေါ်လာ (၁၀,၀၀၀)

ထည့်ဝင်လှူဒါန်းခဲ့ခြင်းနှင့် ၁၉၉၆ ခု၊ စက်တင်ဘာလမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘလအထိ

မဟာဓမ္မိကကျောင်းအတွက် လစဉ် အလှူငွေထည့်ဝင်ခဲ့ခြင်း။

ကျောက်ပန်းတောင်းမြို့တွင် မိမိမှ သိန်း(၁၀၀) မတည်၍ ဓမ္မာရုံကြီးဆောက်လုပ်နေခြင်း။

လိုအပ်သောသူများအား လိုအပ်သည့်ပစ္စည်းနှင့်ငွေများကို အခါအားလျော်စွာ ထောက်ပံ့ပေးကမ်းလှူဒါန်းခြင်း။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးဗဟိုသို့ မိမိ၏ (၇၅) နှစ်မြောက် မွေးနေ့အလှူအဖြစ်

ကနေဒီယန်ဒေါ်လာ (၁၁,၂၀၀) လှူဒါန်းခဲ့ခြင်း အစရှိသောဒါနကုသိုလ်။ ဆောက်တည်ရသောသီလကုသိုလ်၊

ရှောင်ကျဉ်ရသောဝါရိတ္တကုသိုလ်၊ နေ့စဉ်ပွားများအားထုတ်ရသော မေတ္တာ ဘာဝနာကုသိုလ်တို့၏ စွမ်းအားကြောင့်

.. အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် အန်နယ်လ်ဒီအစိုးရအဖွဲ့ဝင် အားလုံးတို့နှင့်တကွ..

ဖမ်းဆီးခံထားရသော အသိပညာရှင်၊ အတတ်ပညာရှင်အားလုံးတို့သည် ဘေးရန်မရှိ

ပကတိကျန်းမာချမ်းသာစွာဖြင့် အမြန်ဆုံး လွတ်မြောက်လာကြပါစေကုန်သတည်း။

တရားသဖြင့် အနိုင်ရထားသော အန်နယ်လ်ဒီပါတီသည်လည်း အစိုးရအဖွဲ့ အမြန်ဆုံး

ဖွဲ့နိုင်ပါစေသတည်း။ လူယုတ်မာများ အမြန်ဆုံး ကျဆုံးပါစေသတည်း။

(အရှင်ကောဝိဒ)

zawgyi

ဆရာေတာ္ႀကီးေတြလည္း သစၥာဆို တိုင္တည္ၾကၿပီေလ..

ကြၽႏ္ုပ္ အရွင္ေကာဝိဒ သည္ မွန္ကန္ေသာ သစၥာကို ဆိုပါမည္..

ကြၽႏ္ုပ္သည္ ေလာကီလူ႔ဘဝတြင္ (၁၄)ႏွစ္သားအထိ တပါးသူတို႔အေပၚ၌ မေကာင္းေသာစိတ္

တခါဖူးမွ် မထားခဲ့ဘူးပါ။ (၁၄) ႏွစ္သားမွ (၁၉) ႏွစ္ (၄) လအထိ ေနခဲ့ေသာ

ကိုရင္ဘဝတြင္လည္း သူတပါးတို႔အေပၚ၌ တခါဖူးမွ် မေကာင္းစိတ္ထား မထားခဲ့ဖူးသလို

၊ ေနလြဲညစာဟူ၍ ႏွမ္းတေစ့မွ်ပင္ မစားခဲ့ဘူးပါ။

(၁၉) ႏွစ္ (၄) လသားတြင္ က်ႏုပ္ ျမင့္ျမတ္ေသာ ရဟန္းအျဖစ္သို႔ ေရာက္ၿပီးသည္မွ ၊

ယေန႔ အသက္ (၇၅) ႏွစ္အထိ ရွင္ လူ ရဟန္း မည္သူ႔အေပၚကိုမွ် မေကာင္းစိတ္ထား မထားခဲ့ဖူးပါ..

ဤမွန္ေသာသစၥာစကားေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ၊ အထိန္းသိမ္းခံေနရေသာ

အန္နယ္လ္ဒီပါတီအဖြဲ႕ဝင္အားလုံးတို႔ ၊ အျမန္ဆုံးလြတ္ေျမာက္ၾကပါေစကုန္သတည္း။

အမိျမန္မာႏိုင္ငံအတြက္ ေဒၚလာ (၁၅,၀၀၀) ေက်ာ္အကုန္အက်ခံ၍ မိမိေမြးဖြားခဲ့ရာ

႐ြာဦးေက်ာင္းေဟာင္းႀကီးကို ျပန္လည္ျပဳျပင္ခဲ့ျခင္းႏွင့္ ရွင္အပါး (၅၀) ကို သာသနာ့ေဘာင္သို႔

ရွစ္ပါးပရိကၡရာစုံလင္စြာျဖင့္ သြတ္သြင္းခဲ့ျခင္း။ မိမိေမြးဖြားရာ ဇာတိ႐ြာတြင္

တံတားျပင္ရန္ သိန္းေပါင္း (၆၀) ေက်ာ္ လႉဒါန္းခဲ့ျခင္း။

မိမိေမြးဇာတိ႐ြာတြင္ သိန္းေပါင္း (၁,၄၀၀) ေက်ာ္ အကုန္အက်ခံ၍ ၊ ႏွစ္ထပ္အလယ္တန္းေက်ာင္းသစ္ႀကီးကို

ႏိုင္ငံေတာ္သို႔ ေဆာက္လုပ္လႉဒါန္းခဲ့ျခင္း။ ေက်ာင္းသူ၊

ေက်ာင္းသား (၇) ေယာက္တို႔အား ပညာသင္စားရိတ္မ်ား ေထာက္ပံ့ေနျခင္း။

တိုရန္တိုၿမိဳ႕ မဟာဓမၼိကေက်ာင္းေတာ္ႀကီး ေဆာက္လုပ္ဖို႔အတြက္ ကေနဒီယန္ေဒၚလာ (၁၀,၀၀၀)

ထည့္ဝင္လႉဒါန္းခဲ့ျခင္းႏွင့္ ၁၉၉၆ ခု၊ စက္တင္ဘာလမွ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘလအထိ

မဟာဓမၼိကေက်ာင္းအတြက္ လစဥ္ အလႉေငြထည့္ဝင္ခဲ့ျခင္း။

ေက်ာက္ပန္းေတာင္းၿမိဳ႕တြင္ မိမိမွ သိန္း(၁၀၀) မတည္၍ ဓမၼာ႐ုံႀကီးေဆာက္လုပ္ေနျခင္း။

လိုအပ္ေသာသူမ်ားအား လိုအပ္သည့္ပစၥည္းႏွင့္ေငြမ်ားကို အခါအားေလ်ာ္စြာ ေထာက္ပံ့ေပးကမ္းလႉဒါန္းျခင္း။

ျမန္မာႏိုင္ငံ ကိုဗစ္-၁၉ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဗဟိုသို႔ မိမိ၏ (၇၅) ႏွစ္ေျမာက္ ေမြးေန႔အလႉအျဖစ္

ကေနဒီယန္ေဒၚလာ (၁၁,၂၀၀) လႉဒါန္းခဲ့ျခင္း အစရွိေသာဒါနကုသိုလ္။ ေဆာက္တည္ရေသာသီလကုသိုလ္၊

ေရွာင္က်ဥ္ရေသာဝါရိတၱကုသိုလ္၊ ေန႔စဥ္ပြားမ်ားအားထုတ္ရေသာ ေမတၱာ ဘာဝနာကုသိုလ္တို႔၏ စြမ္းအားေၾကာင့္

.. အထိန္းသိမ္းခံေနရေသာ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ အန္နယ္လ္ဒီအစိုးရအဖြဲ႕ဝင္ အားလုံးတို႔ႏွင့္တကြ..

ဖမ္းဆီးခံထားရေသာ အသိပညာရွင္၊ အတတ္ပညာရွင္အားလုံးတို႔သည္ ေဘးရန္မရွိ

ပကတိက်န္းမာခ်မ္းသာစြာျဖင့္ အျမန္ဆုံး လြတ္ေျမာက္လာၾကပါေစကုန္သတည္း။

တရားသျဖင့္ အႏိုင္ရထားေသာ အန္နယ္လ္ဒီပါတီသည္လည္း အစိုးရအဖြဲ႕ အျမန္ဆုံး

ဖြဲ႕ႏိုင္ပါေစသတည္း။ လူယုတ္မာမ်ား အျမန္ဆုံး က်ဆုံးပါေစသတည္း။

(အရွင္ေကာဝိဒ)