News

လှိုင်မြို့နယ်အတွင်းရှိ QUARANTINE CENTER အားလုံး ယနေ့မှစတင်ကာ ပိတ်ပြီ….




.







၈၇၀၀၀ကျော်ရှိပြီဖြစ်သည့်အနက် လှိုင်မြို့နယ်အတွင်းမှာ ပိုးတွေ့လူနာ ၃၀၀၀နီးပါးခန့် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်လူနာနည်းလာခြင်းကြောင့် ကုသရေးဌာန ၇ခုအထိ Stand by အနေနဲ့


myanmaplatform

unicode..

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်ထိတွေ့သံသယလူနာများ

ထားရှိခဲ့သည့် Quarantine Center များကို ယနေ့မှစတင် ပိတ်လိုက်ပြီဖြစ်တယ်လို့

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးရဲ့ ပြောပြချက်အရ သိရပါတယ်။

ယခုလက်ရှိအချိန်မှာ နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်းကျလာခဲ့သလို အတည်ပြုလူနာအများဆုံးဖြစ်သည့်

ရန်ကုန်တိုင်းမှာလည်း ပိုးတွေ့ရှိနှုန်းကျဆင်းလာခဲ့တာကြောင့်

Quarantine စင်တာအချို့ကို လျော့ချလျက်ရှိနေတာဖြစ်ပါတယ်။

“ကျမတို့ လှိုင်မြို့နယ်ရဲ့ပြည်သူတွေရဲ့အသက်ကို ကာကွယ်ပေးခဲ့တဲ့ Q C တွေအားလုံး ဒီနေ့ကစပိတ်ပါပြီ။

လူနာနည်းပြီး လက်ရှိအခြေအနေမှာ ထပ်တိုးလူနာ (သုည)ဖြစ်တာ

(၃)ရက်ရှိပြီမို့ ပိတ်လိုက်တာဖြစ်ပါတယ်”လို့ ၎င်းက ပြောပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာဦးရေသည်

၈ရဝဝဝကျော်ရှိပြီဖြစ်သည့်အနက် လှိုင်မြို့နယ်အတွင်းမှာ ပိုးတွေ့လူနာ ၃ဝဝဝနီးပါးခန့် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်လူနာနည်းလာခြင်းကြောင့် ကုသရေးဌာန ရခုအထိ Stand by အနေနဲ့

လျော့ချခဲ့ကြောင်း ပြီးခဲ့သည့်လအတွင်းက ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

myanmaplatform