မြန်မာပြည် အာဏာသိမ်းမှု ဖြစ်စဥ်ကြောင့် ဘင်္ဂလားဒေ့ရှ်က နယ်စပ်တလျှောက် တပ်လှန့်ထား
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က
ဘာဒါဘန်ခရိုင် နယ်စပ်တွေတလျှောက်မှာ သတိပေးတပ်လှန့်ထားပါတယ်။
ကော့ဘဇား အမှတ် ၃၄ တပ်ရင်းမှာ ဒုတိယ ဗိုလ်မှူးကြီး အလီ ဟိုင်ဒါ အာဇတ်အာမက်က
ယင်းကဲ့သို့ သတိပေးမှုတွေ လုပ်ထားတယ်ဆိုတာကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊
သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိပ်တန်း မြန်မာခေါင်းဆောင်များစွာ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းတွေ
စထွက်လာပြီးနောက်မှာပဲ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဧရိယာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအကြား
အထိတ်တလန့်ဖြစ်မှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
အိမ်နီးချင်းနိုင်ငံမှာ အခြေအနေ ဆိုးဝါးလာမှုအပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်ကြောင်း လူများစွာက
ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေကို
တုံ့ပြန်တဲ့ အနေနဲ့ ယင်းနေ့နှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က နယ်စပ်ဒေသများမှာ
မလိုလားအပ်တဲ့ အဖြစ်အပျက်များ ပေါ်ပေါက်မလာစေရးအတွက် လုံခြုံရေး အစီအမံများကို အားဖြည့်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတစ်ခုဖြစ်ပြီး မိမိတို့ နယ်စပ်မှာ ပုံမှန်အခြေအနေရှိပါကြောင်း၊
သို့ပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အာဏာသိမ်း ဖြစ်စဉ်ကြောင့် မိမိတို့အနေနဲ့ နိုးနိုးကြားကြား
သတိရှိထားကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အရာရှိက ပြောဆိုခဲ့ပါတယ်။
zawgyi
ျမန္မာျပည္ အာဏာသိမ္းမႈ ျဖစ္စဥ္ေၾကာင့္ ဘဂၤလားေဒ့ရွ္က နယ္စပ္တေလွ်ာက္ တပ္လွန႔္ထား
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေပၚေပါက္ခဲ့ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က
ဘာဒါဘန္ခ႐ိုင္ နယ္စပ္ေတြတေလွ်ာက္မွာ သတိေပးတပ္လွန္႔ထားပါတယ္။
ေကာ့ဘဇား အမွတ္ ၃၄ တပ္ရင္းမွာ ဒုတိယ ဗိုလ္မႉးႀကီး အလီ ဟိုင္ဒါ အာဇတ္အာမက္က
ယင္းကဲ့သို႔ သတိေပးမႈေတြ လုပ္ထားတယ္ဆိုတာကို အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။
ျမန္မာျပည္မွာ စစ္တပ္က အာဏာသိမ္းလိုက္ေၾကာင္းနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊
သမၼတ ဦးဝင္းျမင့္ အပါအဝင္ ထိပ္တန္း ျမန္မာေခါင္းေဆာင္မ်ားစြာ ဖမ္းဆီးထိန္းသိမ္းခံရေၾကာင္း သတင္းေတြ
စထြက္လာၿပီးေနာက္မွာပဲ ဘဂၤလားေဒ့ရွ္-ျမန္မာ နယ္စပ္ ဧရိယာေတြမွာ ေနထိုင္ၾကတဲ့ ေဒသခံေတြအၾကား
အထိတ္တလန္႔ျဖစ္မႈေတြ ေပၚေပါက္ခဲ့တယ္လို႔ သိရပါတယ္။
အိမ္နီးခ်င္းႏိုင္ငံမွာ အေျခအေန ဆိုးဝါးလာမႈအေပၚ နက္ရႈိင္းစြာ စိုးရိမ္ပူပန္ေၾကာင္း လူမ်ားစြာက
ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ စိုးရိမ္ပူပန္မႈေတြကို
တုံ႔ျပန္တဲ့ အေနနဲ႔ ယင္းေန႔ေႏွာင္းပိုင္းမွာ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္က နယ္စပ္ေဒသမ်ားမွာ
မလိုလားအပ္တဲ့ အျဖစ္အပ်က္မ်ား ေပၚေပါက္မလာေစရးအတြက္ လုံၿခဳံေရး အစီအမံမ်ားကို အားျဖည့္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။
ဒါဟာ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရး ကိစၥတစ္ခုျဖစ္ၿပီး မိမိတို႔ နယ္စပ္မွာ ပုံမွန္အေျခအေနရွိပါေၾကာင္း၊
သို႔ေပမယ့္ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚခဲ့တဲ့ အာဏာသိမ္း ျဖစ္စဥ္ေၾကာင့္ မိမိတို႔အေနနဲ႔ ႏိုးႏိုးၾကားၾကား
သတိရွိထားေၾကာင္း ဘဂၤလားေဒ့ရွ္ စစ္တပ္အရာရွိက ေျပာဆိုခဲ့ပါတယ္။