News

မကွေးတိုင်းဝန်ကြီးချုပ် နေအိမ်တော်သို့ ပြန်ရောက်ပြီ၊ (၃) ရက်အတွင်း အိမ်တော်မှ ဖယ်ခိုင်း

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နေအိမ်တော်သို့ ပြန်ရောက်ပြီ၊ (၃) ရက်အတွင်းဖယ်ခိုင်း..

ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်စောက တပ်မတော် လာရောက် ခေါ်ဆောင်သွားပြီး

ယနေ့ ဖေဖော်ဝါရီ (၂) ရက် နေ့လည်ပိုင်းတွင် နေအိမ်တော်သို့

ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“စောစောကပဲ သူများဖုန်းနဲ့ လှမ်းဆက်တယ် ပြရောက်ပါပြီတဲ့ ဒါပေမယ့် (၃) ရက်အတွင်း

ဖယ်ရှာပေးရမယ်လို့ ပြောပါတယ်” ဟု သိရသည်။

တပ်မတော်မှ နိုင်ငံ့အာဏာ လွဲပြောင်းရယူခဲ့ပြီး လက်ရှိအစိုးရ ထိပ်သီးခေါင်းဆောင်များကို

ဖမ်းစီးခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းအစိုးရ ဝန်ကြီးအဖွဲ့ကိုလည်း ခေတ္တထိမ်းသိမ်းခံထားရကြောင်း

လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံမှ သိရသည်။ ၎င်းအား တောင်တွင်းကြီးဆတ်သွားစစ်တပ်သို့

ခေါ်ဆောင်သွားပြီး နေ့လည်ပိုင်းတွင် ပြန်လည်ပို့ဆောင်ပေးသည်ဟု ဆိုသည်။ ဖမ်းစီးခေါ်ဆောင်စဉ်

ဦးခေါင်းကိုအဝတ်နက်စွပ်ပြီး လက်ထိပ်ခတ်ခံရသည်ဟုလည်း ပြောပါသည်။

လဝက ဝန်ကြီး ဦးမြင့်အောင်နှင့် လျှပ်စစ်ဝန်ကြီးဦးမြင့်ဇော်တို့မှာ နေရပ်ပြန်ရောက်နေသဖြင့်

ထိမ်းသိမ်းခံရခြင်းမရှိခဲ့ဟု ဖုန်းဖြင့်ဖြေကြားပါသည်။ လွှတ်တော်ဥက္ကဌ ဦးတာလည်း ထိမ်းသိမ်း

ခံရကြောင်းသိရသည်။ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းလည်း ထိမ်းသိမ်းခံရကြောင်း သိရသည်။

အထိမ်းသိမ်းခံရစဉ်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်

း ၎င်းမှာ ဖုန်းမရှိတော့ဟု သိရသည်။ ယခင်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အစိုးရအိမ်ဝန်းမှ

ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမည်ဟု သတင်းရရှိပါသည်။

zawgyi

မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ ေနအိမ္ေတာ္သို႔ ျပန္ေရာက္ၿပီ၊ (၃) ရက္အတြင္းဖယ္ခိုင္း..

ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ နံနက္ေစာက တပ္မေတာ္ လာေရာက္ ေခၚေဆာင္သြားၿပီး

ယေန႔ ေဖေဖာ္ဝါရီ (၂) ရက္ ေန႔လည္ပိုင္းတြင္ ေနအိမ္ေတာ္သို႔

ျပန္လည္ေရာက္ရွိၿပီျဖစ္ေၾကာင္း နီးစပ္သည့္အသိုင္းအဝိုင္းမွ သိရသည္။

“ေစာေစာကပဲ သူမ်ားဖုန္းနဲ႔ လွမ္းဆက္တယ္ ျပေရာက္ပါၿပီတဲ့ ဒါေပမယ့္ (၃) ရက္အတြင္း

ဖယ္ရွာေပးရမယ္လို႔ ေျပာပါတယ္” ဟု သိရသည္။

တပ္မေတာ္မွ ႏိုင္ငံ့အာဏာ လြဲေျပာင္းရယူခဲ့ၿပီး လက္ရွိအစိုးရ ထိပ္သီးေခါင္းေဆာင္မ်ားကို

ဖမ္းစီးခဲ့ျခင္းျဖစ္သည္။ မေကြးတိုင္းအစိုးရ ဝန္ႀကီးအဖြဲ႕ကိုလည္း ေခတၱထိမ္းသိမ္းခံထားရေၾကာင္း

လူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအးထံမွ သိရသည္။ ၎အား ေတာင္တြင္းႀကီးဆတ္သြားစစ္တပ္သို႔

ေခၚေဆာင္သြားၿပီး ေန႔လည္ပိုင္းတြင္ ျပန္လည္ပို႔ေဆာင္ေပးသည္ဟု ဆိုသည္။ ဖမ္းစီးေခၚေဆာင္စဥ္

ဦးေခါင္းကိုအဝတ္နက္စြပ္ၿပီး လက္ထိပ္ခတ္ခံရသည္ဟုလည္း ေျပာပါသည္။

လဝက ဝန္ႀကီး ဦးျမင့္ေအာင္ႏွင့္ လွ်ပ္စစ္ဝန္ႀကီးဦးျမင့္ေဇာ္တို႔မွာ ေနရပ္ျပန္ေရာက္ေနသျဖင့္

ထိမ္းသိမ္းခံရျခင္းမရွိခဲ့ဟု ဖုန္းျဖင့္ေျဖၾကားပါသည္။ လႊတ္ေတာ္ဥကၠဌ ဦးတာလည္း ထိမ္းသိမ္း

ခံရေၾကာင္းသိရသည္။ ဝန္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရွိ ဦးေအာင္ဝင္းလည္း ထိမ္းသိမ္းခံရေၾကာင္း သိရသည္။

အထိမ္းသိမ္းခံရစဥ္ႏွင့္ပတ္သက္၍ ဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္

း ၎မွာ ဖုန္းမရွိေတာ့ဟု သိရသည္။ ယခင္အစိုးရ အဖြဲ႕ဝင္ဝန္ႀကီးမ်ား အစိုးရအိမ္ဝန္းမွ

ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ ေနာက္ဆုံးထား ဖယ္ရွားေပးရမည္ဟု သတင္းရရွိပါသည္။