News

အာဏာသိမ်းတာ ဆက်သွယ်ရေးဖြတ်တောက်တာ နောင်ရေးကိုတွေးပူတာတွေ ဘာမှမစဉ်းစားမိခဲ့ဘူ

အာဏာသိမ်းတာ ဆက်သွယ်ရေးဖြတ်တောက်တာ နောင်ရေးကိုတွေးပူတာတွေ ဘာမှမစဉ်းစားမိခဲ့ဘူး …

မနက်သုံးနာရီကျော်လောက်မှာ ကိုယ်တာဝန်ကျတဲ့နေရာ ကိုဗစ်လူနာ အထူးကြပ်မတ်ကုသဆောင်မှ

ာ ရုတ်တရက် အဆက်သွယ်ပြတ်တောက်သွားချိန်ကူကယ်ရာမဲ့သေဆုံးခဲ့ရတဲ့လူနာကိုကြည့်ပြီး ရင်ထဲမှာနာတယ် ..

ကိုဗစ်လူနာတွေကို ကျွန်မတို့က ဖုန်းကတဆင့် ဆက်သွယ်ပြောဆိုပြီး

ကုသပြုစုမှုပေးတာက သူတို့အတွက်အသက်နဲ့ထပ်တူအရေးကြီးပါတယ်

သူတို့အထဲမှာဖြစ်ပျက်နေတာကို CCTV ကမမြင်ရတဲ့နေရာတွေကို သူတို့ကဖုန်းနဲ့လှမ်းအကူညီတောင်းရပါတယ် ..

ဒီလိုဆက်သွယ်ရေးဖြတ်တောက်တာတွေက သာမာန်အချိန်မှာ ကျွန်မတို့တွေ သာမာန်လူနာတွေအတွက် ဘာမှမထိခိုက်ပေမယ့်

အခုလို ရောဂါဆိုးကြီးဖြစ်နေချိန်မှာမှ ပြည်သူအတွက်လို့ခေါင်းစဉ်တပ်ပြီး ပြည်သူတွေကိုမငဲ့ပဲ

လုပ်ရက်တာ ဘယ်လိုနှလုံးသားနဲ့များလုပ်ရက်ရတာလဲဆိုပြီး ဝမ်းနည်းရပါတယ် …

ကျွန်မ ဘယ်တုန်းကမှ ဘာအတွက်နဲ့မှ နိုင်ငံရေးအရှုပ်အရှင်းထဲဝင်မပါ ဝင်မရေးခဲ့ပါဘူး ..

ဒီနေ့အဖြစ်အပျက်ကတော့ လက်တွေ့ခံပြင်းစိတ်နာလွန်းလို့ တစ်သက်မမေ့ပါဘူး ..

လူနာတွေကိုမငဲ့ဘူးလို့ပဲတွေးနေမိရင်းနဲ့ လူနာမပြောနဲ့တိုင်းပြည်အပေါ်တောင်မငဲ့မှတော့ ကျန်တာပြောစရာမရှိတော့ပါဘူးဆိုပြီး😢😢😢

သေဆုံးခဲ့ရတဲ့လူနာတွေအတွက် နောင်ဘဝဆိုတာရှိရင် ဒီနိုင်ငံမှာလူလာမဖြစ်စေချင်တော့ဘူး 😢😢😢

credit Ei Zin

zawgyi

အာဏာသိမ္းတာ ဆက္သြယ္ေရးျဖတ္ေတာက္တာ ေနာင္ေရးကိုေတြးပူတာေတြ ဘာမွမစဥ္းစားမိခဲ့ဘူး …

မနက္သုံးနာရီေက်ာ္ေလာက္မွာ ကိုယ္တာဝန္က်တဲ့ေနရာ ကိုဗစ္လူနာ အထူးၾကပ္မတ္ကုသေဆာင္မွာ

႐ုတ္တရက္ အဆက္သြယ္ျပတ္ေတာက္သြားခ်ိန္ကူကယ္ရာမဲ့ေသဆုံးခဲ့ရတဲ့လူနာကိုၾကည့္ၿပီး ရင္ထဲမွာနာတယ္ ..

ကိုဗစ္လူနာေတြကို ကၽြန္မတို႔က ဖုန္းကတဆင့္ ဆက္သြယ္ေျပာဆိုၿပီး

ကုသျပဳစုမႈေပးတာက သူတို႔အတြက္အသက္နဲ႔ထပ္တူအေရးႀကီးပါတယ္

သူတို႔အထဲမွာျဖစ္ပ်က္ေနတာကို CCTV ကမျမင္ရတဲ့ေနရာေတြကို သူတို႔ကဖုန္းနဲ႔လွမ္းအကူညီေတာင္းရပါတယ္ ..

ဒီလိုဆက္သြယ္ေရးျဖတ္ေတာက္တာေတြက သာမာန္အခ်ိန္မွာ ကၽြန္မတို႔ေတြ သာမာန္လူနာေတြအတြက္ ဘာမွမထိခိုက္ေပမယ့္

အခုလို ေရာဂါဆိုးႀကီးျဖစ္ေနခ်ိန္မွာမွ ျပည္သူအတြက္လို႔ေခါင္းစဥ္တပ္ၿပီး ျပည္သူေတြကိုမငဲ့ပဲ

လုပ္ရက္တာ ဘယ္လိုႏွလုံးသားနဲ႔မ်ားလုပ္ရက္ရတာလဲဆိုၿပီး ဝမ္းနည္းရပါတယ္ …

ကၽြန္မ ဘယ္တုန္းကမွ ဘာအတြက္နဲ႔မွ နိုင္ငံေရးအရႈပ္အရွင္းထဲဝင္မပါ ဝင္မေရးခဲ့ပါဘူး ..

ဒီေန႔အျဖစ္အပ်က္ကေတာ့ လက္ေတြ႕ခံျပင္းစိတ္နာလြန္းလို႔ တစ္သက္မေမ့ပါဘူး ..

လူနာေတြကိုမငဲ့ဘူးလို႔ပဲေတြးေနမိရင္းနဲ႔

လူနာမေျပာနဲ႔တိုင္းျပည္အေပၚေတာင္မငဲ့မွေတာ့ က်န္တာေျပာစရာမရွိေတာ့ပါဘူးဆိုၿပီး😢😢😢

ေသဆုံးခဲ့ရတဲ့လူနာေတြအတြက္ ေနာင္ဘဝဆိုတာရွိရင္ ဒီနိုင္ငံမွာလူလာမျဖစ္ေစခ်င္ေတာ့ဘူး 😢😢😢

credit Ei Zin