Health & Knowledge

ေလငန္း ေလးဘက္နာ ဒူးနာ ခါးနာသမားမ်ားအတြက္ေဆးနည္းတိုမ်ား

ေလငန္း ေလးဘက္နာ ဒူးနာ ခါးနာသမားမ်ားအတြက္ေဆးနည္းတိုမ်ား

ဒူးနာ ခါးနာမ်ားအတြက္ သဘာဝ ေဆးနည္းမ်ားကို စုစည္း၍ မွ်ေဝေပးလိုက္ပါတယ္။ မိမိနဲ႔ အဆင္ေျပႏိုင္မယ့္

နည္းလမ္းကို ေ႐ြးခ်ယ္ စမ္းသပ္ႏိုင္ၾကပါတယ္။ဒူးနာ ခါးနာ အဆစ္ျမစ္နာေဝဒနာကို

ခံစားေနသည့္ မိတ္ေဆြမ်ားအားလုံး အျမန္ဆုံးေပ်ာက္ကင္းႏိုင္ၾကပါေစ။

ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာအေရာဂါမ်ားအတြက္ ဖီးၾကမ္းငွက္ေပ်ာသီး အမွည့္ကိုဖင္ျဖတ္

ေခါင္းျဖတ္၍ သက္ရင္းႀကီး႐ြက္ႏွင့္ လုံေအာင္လိပ္ကာငါးနာရီခန႔္ ျပဳတ္၍ တစ္ေန႔ သုံးလုံးစီ ငါးရက္ဆက္တိုက္

စားေပးပါက ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာနာတာရွည္ေရာဂါမ်ား ေပ်ာက္ကင္းပါသည္။

(ဝိစိတၱရတနာေျမ) ငါးၾကင္းေခါင္းကိုမၾကာခဏ ဟင္းခ်က္စားျခင္းျဖင့္ ဒူးနာေရာဂါ၊ ဒူးေခါင္းက်ီးေပါင္းေရာဂါမ်ားကို

ေပ်ာက္ကင္းေစႏိုင္ေၾကာင္း ေရွးကေဆးက်မ္းမ်ားတြင္ ဖတ္ရႈရ၍လက္ေတြ႕စမ္းၾကည့္ရာဒူးထဲမွ ကုန္ခမ္းေနေသာ

႐ိုးတြင္းခ်ဥ္ဆီမ်ား အားျပန္လည္ျပည့္ဝလာ၍ တကယ္ေပ်ာက္ကင္းခဲ့သည္။

(တိုင္းရင္းေဆးဆရာႀကီး ဦးၾကည္ျမင့္လြင္)တစ္နည္း – ေဆး႐ုံ ၃လေလာက္တက္ခဲ့ရတဲ့ အသိတစ္ေယာက္

ဒီနည္းနဲ႔ေပ်ာက္သြားတယ္။ ၃ ပတ္ေလာက္ ဒူးနာေနတဲ့ က်ေနာ့္ေယာကၡမလည္းဒီနည္းနဲ႔ပဲ ေပ်ာက္သြားတယ္။

ေဆးနည္းကေတာ့ ဂ်င္းတက္နဲ႔ ေျမျဖဴခဲကို ေရာေထာင္းၿပီး နာေနတဲ့ဒူးေပၚကို တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးပါ။

၃ ရက္အတြင္းသိသာလာမယ္။ တစ္ပတ္ေလာက္ဆိုၿပီ ေပ်ာက္ၿပီ။

တစ္နည္း – ေခြးေတာက္႐ြက္ လက္တစ္ဆုပ္ခန႔္ကို ထုေထာင္း၍ အရည္ညႇစ္ယူကာ ၎အရည္ျဖင့္ သနပ္ခါး

ေသြးကာ ဒူးေပၚကို လိမ္းေပးပါ။မနက္ေရခ်ိဳးၿပီးတစ္ႀကိမ္၊ ညအိပ္ခါနီးတစ္ႀကိမ္ လိမ္းေပးပါ။ တစ္ပတ္ခန႔္လိမ္းေပးလွ်င္

ဒူးနာသက္သာေပ်ာက္ကင္းေစမည္။ တစ္နည္း – ရွားေစာင္း လက္ ပပ္ လတ္လတ္ဆတ္လတ္ကို ခူးယူ၍

အေပၚအခြံကိုခြါၿပီး အတြင္းသားဂ်ယ္လီကို ဇြန္းျဖင့္ျခစ္ယူ၍ က်ိဳခ်က္ထားေသာ ႏြားႏို႔အေအးႏွင့္ ေသာက္ပါ။

၅ ရက္ခန႔္ေသာက္လွ်င္ ဒူးနာသက္သာလာမည္။

တစ္နည္း – သေဘၤာသီးအစိမ္း တစ္လုံးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လုံးစာခန႔္ ပိုင္းျဖတ္လိုက္ ပါ။ အတြင္းမွ

အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။ၾကက္ဥကို ထည့္လိုက္ပါ။ သဘာဝၾကက္ဥ၊ ေတာၾကဥဆိုလွ်င္ ပိုေကာင္းပါသည္။

ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ႔အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုၿပီး စိတ္ခ်ခ်င္လွ်င္ ႐ြံ႕ေစးမ်ားျဖင့္

အုပ္ေပးထားႏိုင္ပါသည္။၎သေဘၤာသီးကို မီးေသြးမီးဖိုထဲမွာ မီးဖုတ္ေပးပါ။

ေပ်ာ့အိၿပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။ၿပီးလွ်င္ အခြံကို ခြါခ်လိုက္ၿပီး အတြင္းမွ ၾကက္ဥကို

စားရမွာျဖစ္ပါတယ္။တစ္ပတ္ကို တစ္ႀကိမ္နဲ႔ (၃)ႀကိမ္ခန႔္ စားေပးပါက ဒူးနာ၊ ခါးနာေပ်ာက္ကင္းသြားပါလိမ့္မယ္။

(အစာလည္းေဆး၊ ေဆးလည္းအစာ)သံပုရာသီးကို ထက္ျခမ္းပိုင္း၍ ၎သံပုရာျခမ္းျဖင့္ နာေနသည့္ဒူးေပၚကို

အရည္မ်ားကုန္ခမ္းသည့္အထိ ညင္သာစြာ ပြတ္တိုက္ေပးပါ။

ၿပီးလွ်င္ (ဆရာခို-အနာလိမ္းေဆး)သို႔မဟုတ္ ဒဏ္ေၾကေဆးတစ္မ်ိဳးမ်ိဳးျဖင့္ လိမ္းေပးၿပီး ၁၅ မိနစ္ခန႔္ အဝတ္ပါးပါး၊

ပတ္တီးစီးထားပါ။ အထူးသျဖင့္ ညအိပ္ခါနီး လိမ္းေပးလွ်င္ ပိုထိေရာက္ပါတယ္။တစ္ပတ္ခန႔္လိမ္းေပးလွ်င္

ဒူးနာေပ်ာက္ကင္းေစပါမည္။ တစ္နည္း – ဘဲဥကို ပြက္ေနေသာ ေရေႏြးအိုးထဲ့ကို ၂ မိနစ္ခန႔္ျပဳတ္လိုက္ၿပီး ဆယ္ယူလိုက္ပါ ၊

ဆယ္ယူလိုက္သည့္ ဘဲဥကို ပန္းကန္လုံးထဲ့ကို ေဖာက္ထည့္လိုက္ပါ စားေကာင္းေစရန္သၾကားအနည္းငယ္

သင္စားေကာင္းေစေလာက္သည့္ အေနအထားသို႔ထည့္ၿပီး ေခါက္စားလိုက္ပါ တျခားမည္သည္အရာမွ ေရာစပ္ၿပီး

မစားရပါ ဘဲဥတလုံးကိုေတာ့ ကုန္ေအာင္ စားရပါလိမ့္မည္။တစ္ေန႔ကို ဘဲဥတလုံးကို ကုန္ေအာင္စားရပါလိမ့္မည္။

ထိုနည္းအတိုင္း ေန႔စဥ္ ဘဲဥတလုံးစီ စားသုံးရမည္၊အနည္းဆုံး မိမိအသက္၏ တဝက္ အလုံးေရအထိ စားသုံးရမည္။

ဥပမာ အသက္ ၄၀ ႏွစ္ရွိလွ်င္ အနည္းဆုံး ဘဲဥ အလုံးေရ ၂၀ စားသုံးရမည္၊ ထိုထက္မ်ားမ်ားစားသုံးႏိုင္လွ်င္

ပိုေကာင္းပါသည္။ဘဲဥစားသုံးျခင္းသည္ လိုအပ္ေသာ ျခင္ဆီဓာတ္အတြက္ ျပန္လည္ျဖစ္ေပၚေစရန္ျဖစ္ပါသည္ ။

ထိုကဲ့သို႔ စားသုံးျခင္းျဖင့္ ခါး-ဒူးတို႔တြင္ ႐ိုးတြင္းျခင္ဆီ ခန္းေျခာက္ျခင္းကို ျပန္လည္ျဖည့္တင္းေပးၿပီးခါးနာ

ဒူးနာမ်ား သက္ သာ ေပ်ာက္ကင္းသြားပါလိမ့္မည္။ (ျမန္မာ့ေဆးျမည္းတိုမ်ား) မွ်ေဝျခင္းသည္ ဒါနမည္၏။

မသိေသးသူမ်ားအတြက္ မွ်ေဝရင္း ကုသိုလ္ယူသြားလိုက္ပါ။ေလးဘက္နာ

ေလျဖတ္ ေလငန္း ခါးနာ ဒူးနာ နာတာရွည္ေရာဂါမ်ား လက္ေတြ႕စမ္းၾကည့္ပါ

credit – မူရင္း

unicode

လေငန်း လေးဘက်နာ ဒူးနာ ခါးနာသမားများအတွက်ဆေးနည်းတိုများ

ဒူးနာ ခါးနာများအတွက် သဘာဝ ဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ မိမိနဲ့ အဆင်ပြေနိုင်မယ့်

နည်းလမ်းကို ရွေးချယ် စမ်းသပ်နိုင်ကြပါတယ်။ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို

ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။

လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီး အမှည့်ကိုဖင်ဖြတ်

ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာငါးနာရီခန့် ပြုတ်၍ တစ်နေ့ သုံးလုံးစီ ငါးရက်ဆက်တိုက်

စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။

(ဝိစိတ္တရတနာမြေ) ငါးကြင်းခေါင်းကိုမကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို

ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍လက်တွေ့စမ်းကြည့်ရာဒူးထဲမှ ကုန်ခမ်းနေသော

ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။

(တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)တစ်နည်း – ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက်

ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်းဒီနည်းနဲ့ပဲ ပျောက်သွားတယ်။

ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။

၃ ရက်အတွင်းသိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။

တစ်နည်း – ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၎င်းအရည်ဖြင့် သနပ်ခါး

သွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင်

ဒူးနာသက်သာပျောက်ကင်းစေမည်။ တစ်နည်း – ရှားစောင်း လက် ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍

အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။

၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။

တစ်နည်း – သင်္ဘောသီးအစိမ်း တစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက် ပါ။ အတွင်းမှ

အစေ့များကိုလည်း မထုတ်ပဲ ထားပါ။ကြက်ဥကို ထည့်လိုက်ပါ။ သဘာဝကြက်ဥ၊ တောကြဥဆိုလျှင် ပိုကောင်းပါသည်။

ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့်

အုပ်ပေးထားနိုင်ပါသည်။၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။

ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို

စားရမှာဖြစ်ပါတယ်။တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။

(အစာလည်းဆေး၊ ဆေးလည်းအစာ)သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၎င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို

အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။

ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး)သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အဝတ်ပါးပါး၊

ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။တစ်ပတ်ခန့်လိမ်းပေးလျှင်

ဒူးနာပျောက်ကင်းစေပါမည်။ တစ်နည်း – ဘဲဥကို ပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊

ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန်သကြားအနည်းငယ်

သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး

မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။တစ်နေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်။

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်။

ဥပမာ အသက် ၄၀ နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ ၂၀ စားသုံးရမည်၊ ထိုထက်များများစားသုံးနိုင်လျှင်

ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။

ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီးခါးနာ

ဒူးနာများ သက် သာ ပျောက်ကင်းသွားပါလိမ့်မည်။ (မြန်မာ့ဆေးမြည်းတိုများ) မျှဝေခြင်းသည် ဒါနမည်၏။

မသိသေးသူများအတွက် မျှဝေရင်း ကုသိုလ်ယူသွားလိုက်ပါ။လေးဘက်နာ

လေဖြတ် လေငန်း ခါးနာ ဒူးနာ နာတာရှည်ရောဂါများ လက်တွေ့စမ်းကြည့်ပါ

credit – မူရင်း