News
unicode
“ ရာထူးတိုးပြီး ပြောင်းရွှေ့လာကြတဲ့ အမျိုးသမီးပါမောက္ခ (၃)ဦးရဲ့ ကံကြမ္မာဆိုး ”
ကျိုင်းတုံ-မိုင်းခုတ်လမ်းတွင် ရေပူစမ်းသို့ သွားရောက်ရာမှ ပြန်လာသည့် ကားတစ်စီး ဇန်နဝါရီလ ၃၁ ရက်၊
နေ့လယ်ပိုင်းက ဘရိတ်ပေါက်ကာ တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ ဆရာမ ၃ ဦး ကွယ်လွန်သွားကြောင်း သိရသည်။
ကျိုင်းတုံမြို့ မှ မိုင်းခုတ်ဘက်သို့ သွားသည့် လမ်းပေါ်တွင် ရေပူစမ်းသို့ သွားရောက် လည်ပတ်ရာမှ
အပြန်၌ မော်တော်ယာဉ် ဘရိတ်ပေါက်ကာ လမ်းဘေး သစ်ပင်သို့ ဝင်တိုက်ကာ တိမ်းေ မှာက်ခဲ့သဖြင့်
ယာဉ်ပေါ်ပါ ၁၀ ဦးအနက် ဆရာမ ၃ ဦး ကွယ်လွန်ရခြင်း ဖြစ်ကြောင်း သိရသည်။
” တိုင်းနေ နာရေးအသင်းယာဉ်နဲ့အတူ အားလုံးကို ဆေးရုံ သယ်ဆောင်ပေးပါတယ်၊ ရေပူစမ်း အပြန်ပေါ့၊
ဘရိတ်ပေါက်တာ။” ဟု အခင်းဖြစ်ရပ်သို့ သွားရောက်ကူညီခဲ့သူ ကျိုင်းတုံမြို့နယ်ကြက်ခြေနီ
တပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ကျိုင်းတုံတက္ကသိုလ် သတ္တဗေဒဌာနမှ ဒေါက်တာ ခင်မင်းမင်းထွန်း၊
ဒေါက်တာ လဲ့လဲ့ခိုင်၊ ဒေါက်တာ လဲ့လဲ့စိုး တို့ သေဆုံးခဲ့ရကာ ကျန်သူများမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
#KBZTai #Shan #News #MinZawMin