၂၀၁၃ လက္ပံေတာင္းေတာင္ မီးေလာင္ဗုံးမွ ဒါဏ္ရာအမ်ားဆုံးရခဲ့ေသာ ဆရာေတာ္ ဦးတိကၡဉာဏပ်ံလြန္ေတာ္မူ
(၂၀၁၃)ခုႏွစ္ကျဖစ္ခဲ့ေသာ လက္ပံေတာင္းေတာင္အေရးအခင္းမီးေလာင္ဗုံးပစ္ခတ္မႈတြင္
မီးေလာင္ဒါဏ္ရာအမ်ားဆုံးရခဲ့ေသာ ဆရာေတာ္ဦးတိကၡဉာဏသည္ ဇန္နဝါရီလ(၃၀)ရက္
ညပိုင္း(၉)နာရီခြဲခန႔္အခ်ိန္က ပ်ံလြန္ေတာ္မူသြားၿပီျဖစ္ေၾကာင္းသိရသည္။ဆရာေတာ္
ပ်ံလြန္ေတာ္မူခ်ိန္တြင္သက္ေတာ္(၇၂)ႏွစ္ဝါေတာ္(၂၀)ရွိၿပီျဖစ္ၿပီ ျဖစ္သည္။
“ဆရာေတာ္ဦးတိကၡဉာဏဟာ လက္ပံေတာင္းေတာင္အေရးအခင္းမွာသံဃာေတာ္ေတြသပိတ္ေမွာက္ဆႏၵျပၾကရာမွာ
သက္ဆိုင္ရာမ်ားကပစ္ခတ္ႏွိမ္နင္းတဲ့အတြက္ ဗုံးဒဏ္က်ည္ဒဏ္သင့္ၿပီးအဲဒီအခ်ိန္ကတည္းကပ်ံလြန္ေတာ္မူလုနီးနီးဒါဏ္ရာႀကီးရခဲ့ပါတယ္။
သို႔ေသာ္လည္းသက္ဆိုင္ရာေဆးဌာနမ်ားရဲ႕ကုသမႈ စစ္ကိုင္းသီတဂူေဆး႐ုံရဲ႕ ကုသေပးမႈေတြနဲ႔ျပည္သူ
႔ေစာင့္ေရွာက္မႈေၾကာင့္ဆရာေတာ္ဟာ သက္ေတာ္ရွည္ခဲ့တာအခုအခ်ိန္အထိပါ။(၂၀၁၃) ခုကေန(၂၀၂၁)ခု
အထိ(၈)ႏွစ္ေလာက္အသက္ရွည္ခဲ့တာေတြ႕ရပါတယ္”ဟုလက္ပံေတာင္းေတာင္ကယ္တင္ေရးေကာ္မတီနာယကဦးအံ့ေမာင္(ဆရာအံ့)ကေျပာသည္။
ဆရာေတာ္၏ႂကြင္းက်န္ရစ္ေသာ ႐ုပ္ကလာဒ္ေတာ္ကို ဇန္နဝါရီလ(၃၁)ရက္ေန႔ မြန္းလြဲ(၁)နာရီတြင္
မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ က်ီကုန္းရပ္ကြက္ ေနအိမ္မွ ၾကာနီကန္သုႆန္သို႔ ပို႔ေဆာင္သၿဂိဳဟ္မည္ျဖစ္ေၾကာင္းသိရသည္။
“ဆရာေတာ္ဒါဏ္ရာေတြကုေနတဲ့အခ်ိန္က ကြၽန္ေတာ္တို႔ေတြ႕ျမင့္ခြင့္ရခဲ့ပါတယ္။ေက်ာျပင္တစ္ခုလုံးမီးေလာင္
ၿပီးအေပၚကအေရျပားေတြပ်က္ဆီးသြားခဲ့တယ္လို႔ ယူဆရပါတယ္။တစ္ကိုယ္လုံးလည္းျပင္းထန္စြာအနာတရျဖစ္ခဲ့တာ
ကိုေတြ႕ရပါတယ္။ေဆး႐ုံမ်ားရဲ႕ အျပဳအစုအကုအသေကာင္းလြန္းလို႔
(ထိုင္းကိုလည္းသြားကုရတယ္ထင္ပါတယ္)ဆရာေတာ္ ျပန္လည္က်န္းမာႏိုင္ခဲ့တယ္ထင္ပါတယ္။
ဆရာေတာ္ဟာမုံ႐ြာေဒသ သူေဒသသား လက္ပံေတာင္းေဒသ သူေဒသ သားေတြရဲ႕အက်ိဳးအတြက္
စြမ္းစြမ္းတမံစြန႔္လြတ္ၿပီးေတာ့ ေဆာင္႐ြက္ခဲ့ပါတယ္ခင္ဗ်ား”ဟု ဦးအံ့ေမာင္(ဆရာအံ့)ကေျပာသည္။
မ်ိဳးေမာင္ေမာင္-မုံ႐ြာ
unicode
၂၀၁၃ လက်ပံတောင်းတောင် မီးလောင်ဗုံးမှ ဒါဏ်ရာအများဆုံးရခဲ့သော ဆရာတော် ဦးတိက္ခဉာဏပျံလွန်တော်မူ
(၂၀၁၃)ခုနှစ်ကဖြစ်ခဲ့သော လက်ပံတောင်းတောင်အရေးအခင်းမီးလောင်ဗုံးပစ်ခတ်မှုတွင်
မီးလောင်ဒါဏ်ရာအများဆုံးရခဲ့သော ဆရာတော်ဦးတိက္ခဉာဏသည် ဇန်နဝါရီလ(၃၀)ရက်
ညပိုင်း(၉)နာရီခွဲခန့်အချိန်က ပျံလွန်တော်မူသွားပြီဖြစ်ကြောင်းသိရသည်။ဆရာတော်ပျံလွန်တော်မူ
ချိန်တွင်သက်တော်(၇၂)နှစ်ဝါတော်(၂၀)ရှိပြီဖြစ်ပြီ ဖြစ်သည်။
“ဆရာတော်ဦးတိက္ခဉာဏဟာ လက်ပံတောင်းတောင်အရေးအခင်းမှာသံဃာတော်တွေသပိတ်မှောက်ဆန္ဒပြကြရာမှာ
သက်ဆိုင်ရာများကပစ်ခတ်နှိမ်နင်းတဲ့အတွက် ဗုံးဒဏ်ကျည်ဒဏ်သင့်ပြီးအဲဒီအချိန်ကတည်းကပျံလွန်တော်မူလုနီးနီးဒါဏ်ရာကြီးရခဲ့ပါတယ်။
သို့သော်လည်းသက်ဆိုင်ရာဆေးဌာနများရဲ့ကုသမှု စစ်ကိုင်းသီတဂူဆေးရုံရဲ့ ကုသပေးမှုတွေနဲ့ပြည်သူ့စောင့်ရှ
ောက်မှုကြောင့်ဆရာတော်ဟာ သက်တော်ရှည်ခဲ့တာအခုအချိန်အထိပါ။(၂၀၁၃) ခုကနေ(၂၀၂၁)ခု
အထိ(၈)နှစ်လောက်အသက်ရှည်ခဲ့တာတွေ့ရပါတယ်”ဟုလက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီနာယကဦးအံ့မောင်(ဆရာအံ့)ကပြောသည်။
ဆရာတော်၏ကြွင်းကျန်ရစ်သော ရုပ်ကလာဒ်တော်ကို ဇန်နဝါရီလ(၃၁)ရက်နေ့ မွန်းလွဲ(၁)နာရီတွင်
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျီကုန်းရပ်ကွက် နေအိမ်မှ ကြာနီကန်သုဿန်သို့ ပို့ဆောင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။
“ဆရာတော်ဒါဏ်ရာတွေကုနေတဲ့အချိန်က ကျွန်တော်တို့တွေ့မြင့်ခွင့်ရခဲ့ပါတယ်။ကျောပြင်တစ်ခုလုံးမီးလောင်
ပြီးအပေါ်ကအရေပြားတွေပျက်ဆီးသွားခဲ့တယ်လို့ ယူဆရပါတယ်။တစ်ကိုယ်လုံးလည်းပြင်းထန်စွာအနာတရဖြစ်ခဲ့တာကို
တွေ့ရပါတယ်။ဆေးရုံများရဲ့ အပြုအစုအကုအသကောင်းလွန်းလို့(ထိုင်းကိုလည်းသွားကုရတယ်ထင်ပါတယ်)
ဆရာတော် ပြန်လည်ကျန်းမာနိုင်ခဲ့တယ်ထင်ပါတယ်။
ဆရာတော်ဟာမုံရွာဒေသ သူဒေသသား လက်ပံတောင်းဒေသ သူဒေသ သားတွေရဲ့အကျိုးအတွက်
စွမ်းစွမ်းတမံစွန့်လွတ်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျား”ဟု ဦးအံ့မောင်(ဆရာအံ့)ကပြောသည်။
မျိုးမောင်မောင်-မုံရွာ