News

ကိုဗစ် ကာကွယ်ဆေး ထိုးထားသည့် ချောက်မြို့ အား/ကာ ဦးစီးမှူးထံတွင် ကိုဗစ်ပိုး တွေ့

ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသည့် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ်

အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးထံတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ မျိုးသက်ဦးက..

“ကာကွယ်ဆေးထိုးပြီးလို့ ဖြစ်တာတော့မဟုတ်ပါဘူး။

ပထမအကြိမ် ကာကွယ်ဆေးထိုးရမယ့်အထဲမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေပါတယ်။

ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ အားကစားနှင့်ကာယပညာဦးစီးဌာနက အား/ကာ ဦးစီးမှူးလည်း အပါအဝင်ပေါ့။ ပထမဆုံး ကာကွယ်ဆေး

စထိုးတဲ့နေ့မှာ ထိုးပေးပါတယ်။ ထိုးပြီးတော့ မနေ့ညနေတုန်းက အား/ကာ ဦးစီးက အနံ့ပျောက်တယ်လို့

သတင်းပို့ပါတယ်။ အနံ့ပျောက်တဲ့သူတွေထားတဲ့ စင်တာကိုပို့ပြီး RTD နဲ့ စစ်လိုက်တော့ positive တွေ့တာ မှန်ပါတယ်”

လူတစ်ဦးလျှင် ၂၈ ရက်ခြား၍ ကိုဗစ် ကာကွယ်ဆေးကို ၂ ကြိမ်ထိုးရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး

ယခု အား/ကာဦးစီးမှူးသည် ပထမအကြိမ်ထိုးထားပြီးသူဖြစ်သည်။

ဒေါက်တာ မျိုးသက်ဦးက ဆက်လက်၍ “ကာကွယ်ဆေးတွေရဲ့ သဘောသဘာဝအရတော့ ထိုးပြီးပြီးချင်းတော့

ကာကွယ်နိုင်စွမ်းအား ချက်ချင်းမရသေးဘူး။ တစ်ကြိမ်တည်းနဲ့လည်း မရဘူး။ ဒါကြောင့်မို့လို့ ၂ ကြိမ်ထိုးရမယ်လို့

ထုတ်ပြန်ထားတာပေါ့။ အခုလူနာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဆေးထိုးပြီးတယ် ပိုးတွေ့တယ်ဆိုတာက

သူသည် ကာကွယ်ဆေး မထိုးခံရမီကတည်းက ကူးစက်ခံထားရပြီးသား ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်က

ဒီအချိန်မှာ ပြလည်းမပြနိုင်သေးဘူး။ ကာကွယ်ဆေးနဲ့ အခုပိုးကူးစက်တာနဲ့က မသက်ဆိုင်ဘူးလို့ ပြောရမှာပေါ့။

ကာကွယ်ဆေးပထမအကြိမ် ထိုးပြီးရင် ကာကွယ်နိုင်စွမ်းအား တစ်ဆင့်မြင့်တက်သွားတယ်။ လေးပတ်ခြားပြီ

း ဒုတိယအကြိမ်ထိုးပြီးသွားရင် အချိန်အတိုင်းအတာတစ်ခုမှာ ရောဂါ ကာကွယ်နိုင်စွမ်းအား ရှိသွားမှာဖြစ်ပါတယ်။

တစ်ကြိမ်ထိုးပြီးရုံနဲ့တော့ ရောဂါမကူးပါဘူး ကာကွယ်နိုင်ပါပြီလို့ ပြောလို့မရပါဘူး။ ကာကွယ်ဆေးကတော့ မစွမ်းပါဘူးလို့

ပြည်သူလူထုကြားမှာ အထင်အမြင်မှားမူတွေ မဖြစ်ပါနဲ့လို့ပြောချင်ပါတယ်” ဟု ရှင်းပြသည်။

ပြည်သူများအနေဖြင့် ကာကွယ်ဆေးမထိုးနှံမီနှင့် ကာကွယ်ဆေးထိုးနှံပြီးသွားသော်လည်း Mask တပ်ခြင်း ၊

လက်ဆေးခြင်း ၊ ခပ်ခွာခွာနေခြင်းတို့ ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်နေ့က ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ထမ်း ၃၀၂ ဦးအား

ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့ပြီဖြစ်ကြောင်း သိရသည်။ချောက်မြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်

အတည်ပြုလူနာ ၅၂ ဦး ဆေးကုသမှုခံယူနေပြီး ယခု အား/ကာဦးစီးမှူးမှာလည်း

ချောက်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

zawgyi

ကိုဗစ္ ကာကြယ္ေဆး ပထမအႀကိမ္ထိုးၿပီးသည့္ မေကြးတိုင္းေဒသႀကီး ၊ ေခ်ာက္ၿမိဳ႕နယ္

အားကစားႏွင့္ကာယပညာဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမႉးထံတြင္ ကိုဗစ္ပိုးေတြ႕ရွိေၾကာင္း သိရသည္။

ၿမိဳ႕နယ္က်န္းမာေရးမႉး ေဒါက္တာ မ်ိဳးသက္ဦးက..

“ကာကြယ္ေဆးထိုးၿပီးလို႔ ျဖစ္တာေတာ့မဟုတ္ပါဘူး။

ပထမအႀကိမ္ ကာကြယ္ေဆးထိုးရမယ့္အထဲမွာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန လက္ေအာက္မွာရွိတဲ့ ဝန္ထမ္းေတြပါတယ္။

ကြၽန္ေတာ္တို႔ၿမိဳ႕နယ္မွာရွိတဲ့ အားကစားႏွင့္ကာယပညာဦးစီးဌာနက အား/ကာ ဦးစီးမႉးလည္း အပါအဝင္ေပါ့။ ပထမဆုံး ကာကြယ္ေဆး

စထိုးတဲ့ေန႔မွာ ထိုးေပးပါတယ္။ ထိုးၿပီးေတာ့ မေန႔ညေနတုန္းက အား/ကာ ဦးစီးက အနံ႔ေပ်ာက္တယ္လို႔

သတင္းပို႔ပါတယ္။ အနံ႔ေပ်ာက္တဲ့သူေတြထားတဲ့ စင္တာကိုပို႔ၿပီး RTD နဲ႔ စစ္လိုက္ေတာ့ positive ေတြ႕တာ မွန္ပါတယ္”

လူတစ္ဦးလွ်င္ ၂၈ ရက္ျခား၍ ကိုဗစ္ ကာကြယ္ေဆးကို ၂ ႀကိမ္ထိုးရမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားၿပီး

ယခု အား/ကာဦးစီးမႉးသည္ ပထမအႀကိမ္ထိုးထားၿပီးသူျဖစ္သည္။

ေဒါက္တာ မ်ိဳးသက္ဦးက ဆက္လက္၍ “ကာကြယ္ေဆးေတြရဲ႕ သေဘာသဘာဝအရေတာ့ ထိုးၿပီးၿပီးခ်င္းေတာ့

ကာကြယ္ႏိုင္စြမ္းအား ခ်က္ခ်င္းမရေသးဘူး။ တစ္ႀကိမ္တည္းနဲ႔လည္း မရဘူး။ ဒါေၾကာင့္မို႔လို႔ ၂ ႀကိမ္ထိုးရမယ္လို႔

ထုတ္ျပန္ထားတာေပါ့။ အခုလူနာနဲ႔ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ ေဆးထိုးၿပီးတယ္ ပိုးေတြ႕တယ္ဆိုတာက

သူသည္ ကာကြယ္ေဆး မထိုးခံရမီကတည္းက ကူးစက္ခံထားရၿပီးသား ျဖစ္ႏိုင္ပါတယ္။ ကာကြယ္ေဆးရဲ႕ အာနိသင္က

ဒီအခ်ိန္မွာ ျပလည္းမျပႏိုင္ေသးဘူး။ ကာကြယ္ေဆးနဲ႔ အခုပိုးကူးစက္တာနဲ႔က မသက္ဆိုင္ဘူးလို႔ ေျပာရမွာေပါ့။

ကာကြယ္ေဆးပထမအႀကိမ္ ထိုးၿပီးရင္ ကာကြယ္ႏိုင္စြမ္းအား တစ္ဆင့္ျမင့္တက္သြားတယ္။ ေလးပတ္ျခားၿပီ

း ဒုတိယအႀကိမ္ထိုးၿပီးသြားရင္ အခ်ိန္အတိုင္းအတာတစ္ခုမွာ ေရာဂါ ကာကြယ္ႏိုင္စြမ္းအား ရွိသြားမွာျဖစ္ပါတယ္။

တစ္ႀကိမ္ထိုးၿပီး႐ုံနဲ႔ေတာ့ ေရာဂါမကူးပါဘူး ကာကြယ္ႏိုင္ပါၿပီလို႔ ေျပာလို႔မရပါဘူး။ ကာကြယ္ေဆးကေတာ့ မစြမ္းပါဘူးလို႔

ျပည္သူလူထုၾကားမွာ အထင္အျမင္မွားမူေတြ မျဖစ္ပါနဲ႔လို႔ေျပာခ်င္ပါတယ္” ဟု ရွင္းျပသည္။

ျပည္သူမ်ားအေနျဖင့္ ကာကြယ္ေဆးမထိုးႏွံမီႏွင့္ ကာကြယ္ေဆးထိုးႏွံၿပီးသြားေသာ္လည္း Mask တပ္ျခင္း ၊

လက္ေဆးျခင္း ၊ ခပ္ခြာခြာေနျခင္းတို႔ ဆက္လက္ေနထိုင္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

စက္တင္ဘာ ၂၇ ရက္ေန႔က ေခ်ာက္ၿမိဳ႕နယ္အတြင္းရွိ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ဝန္ထမ္း ၃၀၂ ဦးအား

ပထမအႀကိမ္ကာကြယ္ေဆးထိုးႏွံခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။ေခ်ာက္ၿမိဳ႕နယ္တြင္ လက္ရွိအခ်ိန္ထိ ကိုဗစ္

အတည္ျပဳလူနာ ၅၂ ဦး ေဆးကုသမႈခံယူေနၿပီး ယခု အား/ကာဦးစီးမႉးမွာလည္း

ေခ်ာက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၌ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။